Wednesday, May 6, 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန်...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန်...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart...

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန်...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...
HomeArticlesမေတ္တာအရင်းခံလျှင်

မေတ္တာအရင်းခံလျှင်

ရန်ကုန်ကိုသွားမယ်ဆိုတော့ နှင်းမြ မိဘတွေက သိပ်လက် မခံချင်။
နှင်းမြကလည်းမိဘတွေကိုအလေး ထားသည့်သူ။ ရာသီဥတုကဖောက် ပြန်နေတော့ လယ်ယာကိုင်းကျွန်းတွေ က မဖြစ်ထွန်းတော့။ မိဘတွေကို အလုပ်အကျွေးပြုချင်သည့်အတွက် နှင်းမြ ရန်ကုန်တက်အလုပ်ရှာမှသာ အဆင်ပြေနိုင်မည်ဟု တွေးမိသည်။ တဂျီဂျီလုပ်လွန်းသည့် နှင်းမြကို နောက်ဆုံးတော့ မိဘတွေခေါင်းညိတ် ရတော့သည်။ မညိတ်လို့လည်းမရ အောင် နှင်းမြပြောလိုက်သည်။ အငယ် နှစ်ယောက်ကျောင်းစရိတ်က ရှိသေး၏။ ရွာကိုဖက်တွယ်နေ၍မ ဖြစ်နိုင်။ ရန်ကုန်သွားခါနီး အဖေက နှင်းမြကို တဖွဖွမှာရှာသည်။ အမေ ကလည်း စိတ်မချသည့် မျက်ဝန်း တွေနှင့်။

“သမီး ငွေနောက်ကိုမလိုက်နဲ့၊ စာရိတ္တကောင်းဖို့သာဦးစားပေးပါ။ အလုပ်အကိုင်အဆင်ပြေလာလိမ့် မယ်”တဲ့လေ။
နှင်းမြလည်း ကတိတွေအထပ် ထပ်ပေးပြီး ရန်ကုန်ကိုတက်လာခဲ့ သည်။ မွေးရပ်မြေအင်းကန်ရွာကို ရထားပေါ်ကနေ လက်ပြနှုတ်ဆက် လိုက်သည်။ မီးရထားလမ်းဘေး တစ်လျှောက်မှာတော့ အရွက်ကင်း မဲ့နေသည့် ဒဟတ်ပင်ကိုင်းတွေက မိုး ကိုမျှော်နေကြသလို ထိုးထိုးထောင် ထောင် ။ ကုလားမျောချောင်းတံတား ပေါ်က မီးရထားအဖြတ်မှာ နှင်းမြတို့နွားကျောင်းနေကျစားကျက်မြေ ‘ခဲလုံးအိုင်ကွင်း’ ကိုလှမ်းမြင်ရသည့် အခိုက် နှင်းမြပါးပြင်ပေါ်မှာအပူစီးကြောင်းတစ်ခုက ဖြတ်စီးသွားလေ သည်။

ရွာမှာနေတုန်းကအထင်နှင့် ရန်ကုန်ကတခြားစီ။ သာယာအေး ချမ်းမှုက စိုးရိမ်ရေမှတ်မှာ။ အလစ် သုတ်သူတွေကပေါ။ ထိကပါး ရိက ပါး စနောက်ချင်တဲ့ ပုရိသတွေရန် ကကြောက်ရ။ အလုပ်ကရှားမှရှား။ ဗရုတ်သုတ်ခ အလုပ်တွေပေါသ လောက် ရိုးသားစွာလုပ်ချင်သည့် အလုပ်ကရှားပါးလွန်း၏။ နှင်းမြကို များ ဘာမှတ်နေလဲမသိ။ ဒူးပေါ် ပေါင်ပေါ်ဝတ်နိုင်မှ လုပ်ရမည့် အလုပ်တော့ ငတ်ချင်ငတ်သွားပါစေ။ မလုပ်ရေးချမလုပ်။ အလုပ်က အဆင် မပြေသေး။ မတတ်နိုင်။ ပါလာသည့် ပိုက်ဆံက ကုန်လုနီးပါရှိနေပြီ။ နောက်ဆုံးပစ်မှတ်အဖြစ် နှင်းမြ၏နက်မှောင်ရှည်လျားပြီး ဒူးကောက် ကွေးထိလုမတတ်ရှိသည့် ဆံပင်တွေ ကို ရောင်းဖို့အတွေးနှင့်အဆောင်ကနေထွက်လာခဲ့သည်။ ဆံပင်တွေကို နှမြောတသစွာကြည့်ပြီး မျက်ရည် များက အလိုလိုစီးကျလာသည်။ အဖေတို့၊ အမေတို့သိလျှင် ဘယ် လောက်များ စိတ်ဆင်းရဲကြမည်လဲ မသိ။ နှင်းမြအံကိုကြိတ်လိုက်သည်။

“လာခဲ့စမ်းပါလောကဓံရယ်၊ နင်ဘယ်လောက်ဒုက္ခပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”ဟုကြုံးဝါးရင်း ဆံပင်ရောင်းရငွေကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်လိုက်သည်။ ဆံပင် ရောင်းပြီးအပြန် လှိုင်သာယာမြို့၏ ဆုတောင်းပြည့်စေတီထဲက တစ်ဆူ ဖြစ်သော အောင်မြေသာယာဘုရား သို့ဝင်၍ မနက်ဖြန်အင်တာဗျူးဖြေရ မည့် အထည်ချုပ်စက်ရုံတွင် အလုပ် အမြန်ရပါစေဟု ဆုတောင်းလျက် ဘုရားကိုထိခြင်းငါးပါးဖြင့် ကန်တော့ မိ၏။

ဆံပင်ဖြတ်ရောင်းလိုက်သော ငွေလေးနှင့် လတ်တလော နှင်းမြ အဆင်ပြေသွားခဲ့သည်။ ဒူးကောက် ကွေးထိသောဆံပင်က အခုတော့ ကုပ်ဝဲလေးသာကျန်တော့၏။ သမုဒ္ဒရာဝမ်းတစ်ထွာကိုဖြေရှင်း အဖေတို့ကိုအဆင်ပြေကြောင်း ဖုန်း ဆက်ပြောသည်။ ကံကောင်းစွာပင် အထည်ချုပ်စက်ရုံမှာ အလုပ်ရလာ ခဲ့သည်။ စဝင်ဝင်ချင်းမှာ အစမ်းခန့် သုံး လဆိုတော့ လစာကသိပ်မရချေ။ အထည်ချုပ် စက်ရုံမှာအလုပ်ဝင်ရင်း နှင်းမြ ခြိုးခြံချွေတာစွာနေ လာခဲ့ သည်။ မနက်စာဘရိတ်ဖတ်ကို ဘတ် ဒေးကော်ဖီမစ်ငါးဆယ်တန်လေး ဖျော်သောက်၊ ကွမ်းယာဆိုင်က ငါးဆယ်တန်ပေါင်မုန့်လေးဝယ်စားပြီး တက်ြ<ွကစွာပင် အလုပ်လုပ်ခဲ့သည်။ အဆောင်အတူနေသူငယ်ချင်းများ နှင့် ထမင်းအတူချက်စားပြီး ဟင်းကို ဖြစ်သလိုဝယ်စားခဲ့သည်။ အလုပ်မှာ ဖြစ်သလိုစားသောက်ရင်း နှင်းမြ အကြံတစ်ခုရခဲ့သည်။ စက်ရုံထဲမှာ ဟင်း ရောင်းဖို့ပင်။ နှင်းမြရွာမှာနေ တုန်းက အလှူတွေမှာ အချက် အပြုတ် တာဝန်ကို ယူခဲ့ဖူးသည်။ ငပိကြော်ကို လည်း ကောင်းကောင်း ကြော်တတ်၏။ အတွေးကို လက်တွေ့ အကောင်အထည်ဖော်လိုက်သည်။ နှင်းမြတွေ ဝေတုံ့ဆိုင်းမနေတော့။ အစမ်းခန့်သုံး လပြည့်ပြီးသည်နှင့် စက်ရုံထဲမှာ ထမင်းစားနားချိန် ငပိ ကြော်စရောင်းခဲ့သည်။ ပထမဆုံး အနေနှင့် စတင်ရောင်းသော ငွေ ကျပ်၁ဝဝ တန်ငပိကြော် အထုပ် ၂ဝ ကုန်သွားတော့ နှင်းမြအလွန်ပျော် လိုက်သည့် ဖြစ်ခြင်း။

နှင်းမြလည်းတစ်ဖက်ကဈေး ရောင်းရင်း တစ်ဖက်ကစက်ချုပ်ရင်းအလုပ်ထဲမှာပျော်မွေ့လာသည်။ ရွာကမိဘများကိုလည်း လစဉ် ထောက်ပံ့နိုင်ခဲ့သည်။ နှင်းမြကျောင်း ထွက်ခဲ့ရပေမယ့် အငယ်နှစ်ယောက် ကျောင်းတက်နေရသည့်အတွက် ပင်ပန်းရကျိုးနပ်ပေသည်။ မိသားစု အဆင်ပြေစေဖို့ အလုပ်ကပြန်ရောက် ချိန်မှာမနားဘဲ ငပိကြော်အပြင် ချဉ် ပေါင်ကြော်၊ ဘာလချောင်ကြော် (ငါး ခြောက်ကြော်)တို့ကို ထပ်တိုးပြီး လုပ် ခဲ့သည်။ မိဘကိုသိတတ်၍ အောင် မြင်လာတာလားတော့မသိ။ အဆင် ပြေခဲ့တာတော့အမှန်ပင်။ အလုပ် လည်းမပျက် ဈေးလည်းရောင်းရင်း အပိုဝင်ငွေရလာသည်။ နှင်းမြတို့ မြန်မာတွေက ‘ကံကံ၏အကျိုး’ ကို ယုံကြည်သူတွေမဟုတ်လား။ ကောင်း တာလုပ်သမျှကောင်း ကျိုးတော့ခံစား ရတာအမှန်။ ရှေးက ပြုဖူးသောကံ ကြောင့် သည်ဘဝမှာ ဆင်းရဲချမ်းသာ လည်းမတူကြတာ အားလုံးအသိ။ တချို့က တိုက်ကြီးတွေဟည်းလို့။ တစ်ချို့ကလမ်းဘေးမှာ ကျူးကျော်ပြီး တဲထိုးနေကြရသည်။ နှင်းမြတို့ အထည်ချုပ်သမတွေကိုပဲ ကြည့်။ ဘဝရေးကြောင့် အနယ်နယ် အရပ် ရပ်ကနေ မိသားစုနှင့်ခွဲခွာပြီး အလုပ် လာလုပ်နေကြရသည်လေ။

နှင်းမြကြိုးစားမှုကြောင့် ရိုးရိုး အထည်ချုပ်သမဘဝကနေ အထည် စစ်(ျှဃ)ဘဝရောက်လာခဲ့သည်။ျှဃ ဖြစ်လာပြီးနောက် အလုပ်ကအထည်ချုပ်ရသလောက်မရှုပ်တော့ပေ။ စက်ရုံထဲတွင် နှင်းမြ ဈေးပိုရောင်းလာ ရသည်။ ရွာကမိဘတွေကိုလစဉ်ပို့ ပေးနိုင်သည့်အပြင် ငွေပိုငွေလျှံလေး လည်း စုမိလာခဲ့၏။ နှင်းမြ ရှေ့ရေး ကိုတွေးပြီး စိတ်ကူးတွေယဉ်နိုင်လာ ခဲ့ပြီ။ တစ်နေ့မှာတော့ ရွာကမိသားစု ကိုခေါ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ် နိုင်ဖို့အထိ ရည်ရွယ်ထားခဲ့သည်။

“ဘာဖြစ်လို့ ငိုနေရတာလဲ အေး နွယ်ရယ်၊ မထိတ်သာမလန့်သာ” အဆောင်အတူနေသူငယ်ချင်း ငိုနေသဖြင့် နှင်းမြစိုးရိမ်သွားသည်။ ဇာတိမြေမတူညီသော်လည်း ညီ အစ်မများကဲ့သို့ပင် ခင်မင်ရင်းနှီးခဲ့ ကြပြီမို့ တစ်ဦးအခက်အခဲ တစ်ဦးဖြေ ရှင်းပေးသူများ မဟုတ်လား။

“ငါ့ပိုက်ဆံအိတ်ကျပျောက်ခဲ့ တယ်နှင်းမြရယ်။ ညီမလေးကျောင်း လခသွင်းဖို့လွှဲပေးရမှာလေ။ ခုတော့ ဒေါ်ရွှေမှုံကြီးဆီမှာပဲ ချေးငှားရတော့ မယ် ဟင့် ဟင့် ဟင့် . . .”

“ငိုမနေပါနဲ့တော့သူငယ်ချင်း ရယ်။ ပြီးတော့ ဒေါ်ရွှေမှုံက အတိုး ကြီးတယ်ဆို ။ သူ့ဆီမှာမချေးပါနဲ့အေ။ ညည်းလိုတဲ့ပိုက်ဆံငါ့ဆီကယူ။ လ ကုန်မှပြန်ပေးပေါ့”

နှင်းမြလည်းသူငယ်ချင်းကို ချော့မော့ပြီး ငွေထုတ်ပေးလိုက် သည်။ အဖေ့စကားကိုလည်း ပြန် ကြားယောင်မိ၏။
“သမီး ဒုက္ခရောက်သူကို ကူညီ ရတာ မင်္ဂလာတစ်ပါးပါကွယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်နဲ့သိသူဖြစ်စေ၊ မသိသူဖြစ်စေ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ မမေ့ပါနဲ့။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ စကား လည်း ရှိတယ်မဟုတ်လား။ ရလိုမှုကို ကြည့်ပြီး ကူညီတာမျိုးမဖြစ်စေနဲ့၊ မေတ္တာကိုသာအရင်းခံပြီး ကူညီပါ သမီး”

နှင်းမြအတွက် အဖေ့ဆုံးမ စကားတွေက အားဖြစ်ရသည်။ လူတိုင်းအပေါ်မေတ္တာထားသည်။ မေတ္တာသည် လူတိုင်းကိုအေးချမ်း စေသည်မှာအမှန်ပင်ဖြစ်လေသည်။

မီးသတ်ကားသံများ ဆူညံစွာ သွားနေသံကို စက်ရုံထဲမှကြားနေရ သည်။ ဘယ်စက်ရုံများမီးလောင်ပြန် ပြီလည်းဟု နှင်းမြတွေးမိ၏။ နွေရာ သီရောက်တိုင်း ပေါ့ဆစွာ မီးသုံးစွဲ သူများကြောင့် မီးသတ်ကားသံက အမြဲလိုလိုကြားနေရသည်။ မီးသတ် ကားသံကြားတိုင်း ရွာကိုအလွန်သတိ ရမိသည်။ နှင်းမြ သည်အသက် သည်အရွယ်ထိ ရွာတွင်မီးမလောင် ဖူး။ နွေရာသီရောက်၍ လမ်းလျှောက် ဆေးလိပ်မသောက်ရဟုဆိုလျှင် နှင်းမြတို့ရွာတွင် မည်သူမျှမသောက် ကြ။ ရန်ကုန်မှာတော့ ပေါ့ဆသူများ ၏။ စည်းကမ်းလိုက်နာသူနည်းသည်။ ထို့ကြောင့်ပင် ပြဿနာအထွေထွေ က တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကြားနေရဆဲပင်။ နှင်းမြအတွေးမှ မဆုံးသေး။

“နှင်းမြရေ ငါတို့နေတဲ့ ရေဥက္ကံ မှာ လောင်တာတဲ့ဟ။ စက်ရုံမှူးက ရေဥက္ကံမှာနေတဲ့သူတွေ အကုန်ပြန် လွှတ်တယ်တဲ့။ သွားကြရအောင်”အေးနွယ်လာပြောမှ နှင်းမြ စိတ်ပူသွားမိသည်။ နှင်းမြစုထား သည့်ငွေတွေ မီးထဲပါသွားမှဖြင့် ဒုက္ခပဲဟု ရေရွတ်လိုက်သည်။
နှင်းမြတို့လည်း သတင်းကြား ကြားချင်း စက်ရုံကနေအချိန်မီပြန် ခဲ့ကြသည်။ အလာကောင်းပေမယ့် အခါနှောင်းသွားလေပြီ။ နှင်းမြတို့ ရောက်တော့ တစ်ရပ်ကွက်လုံးနီးပါးကုန်နေပြီဖြစ်သည်။ တချို့တလေ သာ ကျန်နေတော့သည်။ အားလုံး သုသာန်တစပြင်လို ဖြစ်နေခဲ့ပြီ။ မြင်လိုက်ရသော မြင်ကွင်းတွေ ကြောင့် နှင်းမြချုံးပွဲချ ငိုချလိုက်သည်။ နှင်းမြ ကြိုးစားရှာဖွေခဲ့ရသည့် စုဆောင်းထားခဲ့သည့် နှင်းမြ၏ငွေ တွေ၊ မိသားစုကိုခေါ်မည့် နှင်းမြရဲ့ အိပ်မက်တွေ အဘယ်ဆီလွင့်သွား လေပြီမသိတော့။

“အမလေး. . .ဘယ်လို အရှင်သခင်များ မစလိုက်လဲမသိဘူး၊ ဒို့အဆောင် မီးထဲပါမသွားဘူးတော့။ နှင်းမြရေ ကြည့်စမ်းပါဦး”

အေးနွယ်အသံကြောင့် မျက် လုံးစုံမှိတ်ပြီး ငိုနေသောနှင်းမြ မျက် လုံးကိုဖွင့်ကြည့်လိုက်သည်။ မြင်ကွင်း ကမယုံကြည်နိုင်စရာ။ နှင်းမြတို့အ ဆောင်မရောက်ခင် မီးကိုထိန်းနိုင် သွားသည်ထင်၏။ နှင်းမြတို့အဆောင် ခေါင်းရင်းတစ်ခြံကျော်က ငွေတိုးပေး စားသော ဒေါ်ရွှေမှုံ၏တိုက်ကို အစအနပင်မမြင်ရတော့။ အခုတော့ နှင်းမြ ပြုံးနိုင်ရယ်နိုင်ပြီ။ နှင်းမြလိုပင် မီးထဲမပါသွားသူများလည်း ပျော်နေ ကြသည်။ အခြားသူများအတွက် နှင်းမြ တကယ့်ကိုစိတ်မကောင်းဖြစ် ရသည်။

နှင်းမြ ရွာမှာရှိသောမိဘနှစ်ပါး ကိုမှန်းဆပြီး ကန်တော့လိုက်သည်။ မိဘတွေမေတ္တာကြောင့်သာ နှင်းမြ ဒုက္ခမကြုံရခြင်းဖြစ်သည်ဟု အကြွင်း မဲ့ယုံကြည်သည်။ လူတိုင်းအပေါ် မေတ္တာထားရန် ဖုန်းဆက်တိုင်း အမြဲ ပြောသည့် အဖေ့စကားသံက နှင်းမြ နားထဲ ကျယ်လောင်စွာကြားလိုက်ရ သည်။

“မေတ္တာအရင်းခံရင် အရာရာ ကျော်လွှားနိုင်တယ် ငါ့သမီး၊ အမြဲ နှလုံးသွင်းထား”

မိုးယံဝင့်ထည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071