
၂ဝ၁၂ ခုနှစ်မှာ Queen Oramin-F အဖြစ် ရွေးချယ်ခံရပြီး နောက် Photo Model အဖြစ် အနု ပညာလောကထဲကို စတင်ဝင်ရောက် လာခဲ့ကာ အခုအခါ ဗီဒီယိုကားတွေ၊ ဇာတ်လမ်းတွဲတွေ၊ MTV တွေမှာပါ ဆက်တိုက်ဆိုသလို ပါဝင်ရိုက်ကူးနေရ သူကတော့ သရုပ်ဆောင် နွယ်ဒါလီ ထွန်းပဲ ဖြစ်ပါတယ်။ လတ်တလော မှာ အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ ခင်သဇင်၊ ဂုဏ်ရည်အေး ကျော်တို့နဲ့ ဓံသျစငအေီူငမေပ (ဆေးရုံမှတ်တမ်း)ဓ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ မင်းခိုက်စိုးစန်နဲ့ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရုပ်သံ ဌာနတစ်ခုမှာ အစီအစဉ်တင်ဆက် သူတစ်ယောက်၊ တစ်ဦးတည်းသော ကိုယ့်ညီမလေးကို အလွန်ချစ်တဲ့ အစ်မတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ပြော ပြပါတယ်။

မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ပိုင်းကို လုပ် ကြည့်တဲ့အခါမှာ အခက်အခဲတွေရှိခဲ့ တာနဲ့ပတ်သက်ပြီး နွယ်ဒါလီထွန်းက…
”မော်ဒယ်လ်က ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ဆိုတော့ ဓာတ်ပုံရိုက်တဲ့အခါ ပိုစ့်ပေးတာက အခက်အခဲတွေ မရှိဘူး။ သရုပ်ဆောင်ပိုင်းကိုလုပ်ကြည့် တဲ့အခါမှာ အခက်အခဲနည်းနည်းရှိ တယ်။ စစဦးဆုံး သရုပ်ဆောင်တုန်းကဆို ဒိုင်ယာလောခ့် ပြောတဲ့အချိန်မှာ စကားပြော အလွန်မြန်တယ်။ အဆင်ပြေအောင် မနည်း ကြိုးစားခဲ့ရတယ်။ နောက်ပြီး ဒိုင်ယာလောခ့်ကို ကြိုတင်ပေးထားမယ်ထင်တာ။ တကယ်တမ်းကျတော့ ရိုက်ကွင်းပေါ် ရောက်မှ ဒါရိုက်တာပြောတာကို လိုက်မှတ်ပြီးတော့ သရုပ်ဆောင်ရတာဆိုတော့ စစချင်းတုန်းကဆို တအားခက်ခဲတယ်။ အခုနောက်ပိုင်းမှ သရုပ်ဆောင်ရတာ ပိုအဆင်ပြေလာတယ်” လို့ ပြောပြခဲ့ပါတယ်။

နွယ်ဒါလီထွန်းဟာ မကြာသေးမီကပဲ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဆိုးဆိုးရွားရွား ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒီလိုဝေဖန်တိုက်ခိုက်မှု တွေနဲ့ ကြုံရတဲ့အခါဘယ်လိုခံစားချက်မျိုး ဖြစ်ခဲ့လဲ ဆိုတာကိုတော့….
”ဝေဖန်တာတွေကို အခုနောက်ပိုင်း သိပ်ဂရုမစိုက်ဖြစ် တော့ဘူး။ ဟိုတစ်လောကဆို ဒါလီ ဖေ့စ်ဘွတ်ခ်မှာ ဆိုးဆိုးရွားရွား ဝေဖန်တိုက်ခိုက်ခံခဲ့ရတယ်။ အခုလို ဝေဖန်ခံရတာက ပထမဆုံးဖြစ်ပေ မယ့် ဒါလီ့စိတ်ထဲမှာ ကွက်သွားတာတို့ စိတ်ဆိုးသွားတာတို့တော့ မရှိဘူး။ ကိုယ့်ကို တကယ်ရိုင်းရိုင်းစိုင်းစိုင်းနဲ့ Chat Box ကနေ လာပို့ကြတယ်။ သူတို့ လာပို့တဲ့အခါ ဖွင့်ကြည့်လိုက်တယ်။ သူတို့ပြောသလို ကိုယ်မှ မဟုတ်တာ။ ဘာမှ လိုက်မခံစားတော့ဘူး။ စိတ်ထဲမှာဘယ်လိုမှမဖြစ်တော့ဘူး။ သူတို့အမြင်အရလည်း သူတို့ မှန်ရင်မှန်မယ်။ ကိုယ့်အမြင်နဲ့လည်း တူချင်မှတူမယ်။ ဒါလီရဲ့ အသက်အရွယ်အရရော၊ အနုပညာလောကထဲလည်း ဝင်လာတာကြာပြီဆိုတော့ ဒါလီဘယ်လိုမှတော့ မခံစားရတော့ ပါဘူး”လို့ နွယ်ဒါလီထွန်းက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း
၊ ဓာတ်ပုံ – မင်းမင်းထွန်း
