Friday, June 20, 2025

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...
HomeCelebrities' News'နော်ပဲလှော်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး...

‘နော်ပဲလှော်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေကြောင်း ယဉ်လက် ပြော

‘သရာစောထိ’နဲ့ ‘ နော်ပဲလှော်’ ဟာ ခွဲလို့မရသလို ‘သရာစောထိ’ ဇာတ် ကားကြောင့်လည်း ယဉ်လက်ဆိုတဲ့ အနုပညာရှင်လေးတဖြစ်လဲ ‘နော်ပဲလှော်’ လေးကို ပရိသတ်တွေ ချစ်ခင်သွားကြတာဆို ရင်မမှားပါဘူး။ ဇာတ်လမ်း၊ ဇာတ်ညွှန်းမောင် သူရ (ဇာဂနာ)ရဲ့ ‘သရာစောထိ’ ဇာတ်ကားလေး ပြီး တော့ဦးသူရနဲ့ ထပ်ပြီး အဲဒီလို ဇာတ်ကားလေး ရိုက်ကူးဖို့ ရှိဦးမလားလို့ ယဉ်လက်ကိုမေးတော့…..

‘သရာစောထိ’ ဇာတ်ကား ကြည့်ပြီးသွားတဲ့ သူတွေကတော့ ‘နော်ပဲလှော်’ လေးကို ချစ်ကြတယ်ပေါ့နော်။ သမီးကို အရင်ကဆိုရင် မသိသေး တဲ့သူတွေတောင် ‘နော်ပဲလှော်’ ဆိုပြီးသိသွားကြတယ်။ ဒီ ‘သရာ စောထိ’ ရဲ့ အဆက်ဖြစ်တဲ့ ‘နော်ပဲလှော်’ ဆိုတဲ့ ဇာတ်ကားကြီးကိုလည်း ရိုက်ကူးဖို့ ပြင်ဆင် နေကြပါ တယ်။ ညီမတို့အချိန်ကတော့ ၃ လလောက် ပြင်ဆင်ဦးမယ်။ သေသေချာချာစီစဉ်ဦးမယ်။ အကောင်းဆုံး ပြင်ဆင် ပြီးတော့မှ ရိုက်ကူးမှာဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။  ယဉ်လက်ကတော့ အခုလက်ရှိ အချိန်မှာ ရှမ်းပြည်နယ်၊ အောင်ပန်း မြို့ကို ရောက်ရှိလို့နေပြီး ‘လူမိုက် သံချောင်း ကံကောင်းသည်’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို လူမင်း၊ ရန်အောင်၊ နေတိုး၊ ခင်ဝင့်ဝါ၊ နန်းခင် ဇေယျာ၊ ယွန်းရွှေရည် တို့နဲ့အတူ ရိုက်ကူး နေကြတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကား ရိုက်ကူးရတာ မလွယ်ကူ တဲ့အကြောင်း နေတိုးကသူ့ဖေ့စ်ဘုတ်မှာရေးထားတာ တွေ့ရတဲ့အတွက် ယဉ်လက်ကိုလည်း မေးကြည့် ဖြစ်တဲ့အခါ….

အခက်အခဲတွေကတော့ အများ ကြီးပေါ့နော်။ သမီးတို့ မီး မိုင်းတွေ၊ ရေမိုင်းတွေနဲ့ မိုင်းတွေကြား ထဲမှာ ဖြတ်ပြေးရတာတွေလည်း ပါတယ်။ ရေထဲမှာ ထိုးကြ၊ သတ်ကြတာ တွေလည်းပါတယ်။  ဒဏ်ရာတွေ လည်း ရကြတယ်။ သမီးတို့ဆိုရင် မီးမိုင်းထဲ ဖြတ်ပြေးတဲ့အခါ မီးအပူဟပ်သွားလို့ အသားတွေ ရဲ သွားတာတွေလည်း ရှိတယ်။ အန်ကယ်လေး(လူမင်း) တို့ဆိုရင် ဒူးကွဲသွားလို့ ချုပ်လိုက်ရတာတွေလည်း ရှိတယ်။ ဒဏ်ရာတွေ ကတော့ပေါင်းစုံပေါ့နော်။ အခက်အခဲတွေ အများကြီးလည်းတွေ့တယ်။ ကျောက်ဆောင်တွေ၊ လျှိုတွေ ကြားထဲမှာလည်း ရိုက်ကူးရတယ်။ ကြိုးစားနေကြပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071