Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeArticlesတော်လှန်ရေးသီအိုရီ

တော်လှန်ရေးသီအိုရီ

 

လူဆိုသည်မှာကား သတ္တဝါ တွေ အားလုံးထဲမှာ တွေးခေါ်မြော် မြင်နိုင်မှု၊ စဉ်းစားချင့်ချိန်မှုတွေကို ပြုလုပ်နိုင်ပြီး ဦးနှောက်ကို အသုံးပြု ကာ ရှင်သန်ရပ်တည်တဲ့ တစ်ခုတည်း သော မျိုးစိတ်မဟုတ်ပါလော။

သက်သေအနေနဲ့ကတော့ လွန်ခဲ့ သော ရာစုနှစ်ပေါင်းများစွာကနေ ခြေဗလာ၊ လက်ဗလာ၊ အဝတ်ဗလာ အနေအထားကနေ ပြီးတော့ အဝတ် အစားတွေ၊ ဦးထုပ်တွေ၊ ဖိနပ်တွေ၊ အဆင်တန်ဆာတွေ၊ မော်တော်ကား တွေ၊ မီးရထားတွေ၊ လေယာဉ်ပျံတွေ၊ သဘောင်္ကြီးတွေမှသည် တယ်လီဖုန်း၊ ကျောက်စာ၊ ပေစာ၊ စာအုပ်စာပေ၊ ရုပ်သံမီဒီယာ၊ ဆိုရှယ်နက်ဝေါ့တွေ အထိ တိုးတက်လာခဲ့ပြီလေ။ ဒါ ကြောင့်လည်း သတ္တဝါတွေထဲမှာ လူ သားဟာ အတိုးတက် အဖွံ့ဖြိုးဆုံး မျိုးစိတ်တစ်ခုအဖြစ် ရပ်တည်နေခဲ့ တာ ဖြစ်ပါတယ်။ လူသားတွေကို အခုလိုဖွံ့ဖြိုးတက်လာအောင် ဖန်တီး ပေးတဲ့ အဓိကအရာကတော့ အတွေး အခေါ်ပါပဲ။

အတွေးအခေါ်ဆိုတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကနေ ဖောက် ထွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ သွေဖည် ခြင်း၊ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ် ပြောင်းလဲလာစေခြင်းတို့ကို မွေးဖွား ပေးတတ်ပါတယ်။ လူသားတွေ လက် ရှိ ခေတ်အနေအထားမှာ အသုံးပြုနေ ကြတဲ့ အရာအားလုံးဟာ လူသား မျိုး စိတ် စတင်ခဲ့စဉ်ကာလကတည်းက ရှိခဲ့တာတွေ မဟုတ်ပါဘူး။ တွေးခေါ် မှု၊ ဆင်ခြင်စဉ်းစားနိုင်မှု၊ အဆက် အစပ် အကြောင်းအကျိုးခိုင်လုံစွာ အကောင်အထည်ဖော်ပြီး စမ်းသပ် အသုံးပြုရင်း အကောင်းဆုံး အနေ အထားမှ ပိုကောင်းသည်ထက် ကောင်းအောင် ဖန်တီးလာခဲ့ကြရခြင်း သာဖြစ်ပါတယ်။

လူသားများဟာ အစဉ်အမြဲ တော်လှန်ဆန့်ကျင်နေကြတဲ့ တော် လှန်ရေးသမားများသာ ဖြစ်ကြပါ တယ်လို့ ပြောခဲ့ရင် သဘောမတူသူ တွေလည်း ရှိကြမှာပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ သဘောတူ တူ၊ မတူတူ တစ်ခုခုကို တစ်စုံတစ်ရာ ကို အကြောင်းခြင်းရာ တစ်ခုခုကို တော့ ဆန့်ကျင်ဖီဆန် တော်လှန် အာခံနေတတ်ကြတဲ့ တော်လှန်ရေး သမားတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ တစ်နည်းအားဖြင့် တော်လှန်ရေး သမားတွေချည်းပါပဲ။ ကမ္ဘာကြီးဟာ နေကိုလှည့်ပတ်နေတယ်လို့ ပြောပြီး နေရာ၊ ကမ္ဘာရော မလှည့်ပတ်ဘဲ တည်ငြိမ်နေတယ်လို့ ယူဆနေတဲ့သူ တွေကို တော်လှန်ခဲ့ကြဖူးပါတယ်။ ကမ္ဘာကြီးကို မလုံးဝန်းဘူးလို့ ထင်နေ တဲ့သူတွေကိုလည်း တော်လှန်ခဲ့ကြ ဖူးပါတယ်။ လျှပ်စစ်မီးလုံးကို အကြိမ် ပေါင်းများစွာ စမ်းသပ်အောင်မြင်ပြီး အမှောင်ကိုဖြိုခွင်းနိုင်တဲ့ လျှပ်စစ် အလင်းရောင်ကို ဖန်တီးတော်လှန်ခဲ့ တာကလည်း လူသားမျိုးနွယ်တစ်ခု ပါပဲ။ သံချောင်း သံပြားတွေ ကမ္ဘာ မြေဆွဲငင်အားနဲ့ ဆန့်ကျင်ပြီး လေ ပေါ်ဝဲပျံတက်စေခဲ့တဲ့ အတွေးအခေါ် စမ်းသပ်မှု အကောင်အထည်ဖော်မှု တွေကြောင့် အခုလူသားတွေ စီးနေ ကြတဲ့ လေယာဉ်ပျံတွေဖြစ်လာခဲ့ပြီ။ လူသားတွေ အခုအသုံးပြုနေကြတဲ့ လက်ကိုင်ဖုန်းတွေဟာ အဝေးကြီးက လူတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်စကားပြောဖို့ အသုံးပြုနိုင် တယ်လို့ AD ရာစု၊ BC ရာစုနှစ် တွေမှာ ပြောခဲ့တဲ့သူရှိရင် တီထွင် ဖန်တီးခဲ့သူရှိရင် တီထွင်သူသားတွေ ဟာ အရူးလို့ သတ်မှတ်ခံရနိုင်ဖွယ်ရှိ ပါတယ်။ ဒါပေမဲ့ အခု အချိန်မှာ တယ်လီဖုန်းတွေကို လူသားတွေ တကယ်အသုံးပြုနေကြပါပြီ။ တော် လှန်ခြင်းဆိုတာကလည်း အလွန်ကို ကျယ်ပြန့်နက်ရှိုင်းပြီး နက်နဲတဲ့ သဘောတရားတစ်ခုပါပဲ။ တော်လှန် ခြင်းဟာ အမည်နာမပေါင်းများစွာနဲ့ တော်လှန်ဆန့်ကျင်နေတတ်ကြပါ တယ်။ သက်ရှိက သက်ရှိကို တော် လှန်ခြင်း၊ သက်ရှိက သက်မဲ့ကို တော်လှန်ခြင်း၊ သက်မဲ့က သက်မဲ့ကို တော်လှန်ခြင်း၊ သက်မဲ့က သက်ရှိကို တော်လှန်ခြင်းတွေကတော့ အဓိက အပိုင်းကြီး ၄ ပိုင်းဖြစ်ပါတယ်။

သက်ရှိက သက်ရှိကိုတော်လှန် ခြင်းကတော့ ကမ္ဘာ့စစ်ပွဲတွေ၊ အုပ် ချုပ်သူတွေနဲ့ အုပ်ချုပ်ခံလူတန်းစား တွေ၊ ဖိနှိပ်သူတွေနဲ့ ဖိနှိပ်ခံ လူတန်း စားတွေ၊ အသက်ရှင်ရပ်တည်နိုင်ရေး အတွက် တစ်ကောင်နဲ့တစ်ကောင်၊ သတ်ဖြတ်စားသောက်ပြီးမှ အသက် ရှင်ရပ်တည်ရတဲ့ သားရဲတိရစ္ဆာန် တွေနဲ့ အားနည်းသူတိရစ္ဆာန်တွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိပြီး နေ့စဉ် နှင့်အမျှ တွေ့မြင်ကြားသိနေကြရ တာဖြစ်ပါတယ်။

သက်ရှိက သက်မဲ့ကို တော်လှန် ခြင်းကတော့ လူသားတွေကိုယ်တိုင်၊ တိရစ္ဆာန်တွေကိုယ်တိုင်၊ သက်ရှိတွေ ကိုယ်တိုင် တည်ဆောက်ဖန်တီးထား ပြီးမှ မလိုချင်၊ မလိုအပ်တော့တဲ့အခါ ပြန်လည်ဖျက်ဆီးခြင်း၊ အဆင့်မြှင့် တင် မွမ်းမံခြင်းတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ကမ္ဘာမြေဆွဲငင်အားကို ဆန့်ကျင်ပြီး လေပေါ်ပျံတက်ရန် ကြိုးစားခြင်း၊ ရေစီးအစုန်ကို ဆန့် ကျင်ပြီး ရေစီးအဆန်ကို ဆန်တက်ရန် ကြိုးစားခြင်း၊ လေထု၊ ရေထုကို ဆန်တက်ခြင်း၊ မြေထု၊ ကျောက်သား ထုကို သဘာဝအတိုင်းဖြစ်တည်နေရာ က ပြုပြင်ပြောင်းလဲရန်အတွက် ဖြိုချ ခြင်း၊ ဖျက်ဆီးခြင်း၊ ဖန်တီးခြင်း၊ တည်ဆောက်ခြင်း၊ ဆည်မြောင်း၊ တူး မြောင်း၊ မြစ်ချောင်းများကို တာတမံ ဆောက်ခြင်း၊ လိုရာပုံသွင်းခြင်း၊ လမ်းကြောင်း ပြောင်းပေးခြင်း၊ ထိန်း သိမ်းပေးခြင်းတွေဟာ သက်ရှိက သက်မဲ့ကို တော်လှန်ရေးလုပ်နေ ကြခြင်းပဲ ဖြစ်ပါတယ်။

သက်မဲ့ကသက်ရှိကို တော်လှန် ခြင်းကတော့ စပရိန်တွေက တွန်း ကန်အားကို အသုံးပြုပြီး တွန်းထုတ် ခြင်း၊ လေဆန်ရေဆန်ကို ဆန်တက် နေချိန်မှာ လေထု၊ ရေထုက ပြန် လည်တွန်းထုတ်ပြီး ဆန့်ကျင်ပြီး အဝတ်အစားများ၊ ဖိနပ်များ၊ ဦးထုပ် များ၊ အဆင်တန်ဆာများဟာ အရွယ် အစားမတူညီသောအခါ ကျပ်တည်း နေစေအောင် ဖိညှပ်ထားခြင်း၊ သိုင်း ခြုံထုပ်ပိုးထားခြင်း၊ ပိတ်ဆို့တားဆီး ထားခြင်းတွေဟာ သက်မဲ့အရာဝတ္ထု များက သက်ရှိများရဲ့ စိတ်တိုင်းကျ စီမံခန့်ခွဲခြင်းများကို တန်ပြန်သက် ရောက်မှုပေါင်းများစွာနဲ့ တော်လှန် နေကြခြင်းဖြစ်ပါတယ်။

သက်မဲ့က သက်မဲ့ကိုတော်လှန် ခြင်းကတော့ လေမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ တိမ်ထူထပ်ခြင်း၊ နေပူ ခြင်း၊ လသာခြင်း၊ မှောင်မည်းခြင်း၊ ငလျင်လှုပ်ခြင်းစတာတွေဟာ သူတို့ မလိုချင် မနှစ်သက်တဲ့ ဖြစ်တည် မှုကို သူတို့လိုချင်နှစ်သက်တဲ့ ဖြစ် တည်မှုဖြင့် တုန်ခါစေခြင်း၊ လှုပ်ခတ် စေခြင်း၊ ဖြိုချခြင်း၊ ဖျက်ဆီးခြင်း၊ အနေအထား ပျက်ယွင်းစေခြင်း၊ ထိန်းချုပ်အုပ်မိုးခြင်း စတဲ့ နည်း လမ်းများနဲ့ တော်လှန်နေကြခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့လူ့အဖွဲ့အစည်း မှာလည်း အချိန်နဲ့အမျှ နေ့စဉ်လိုလို ပင် မျက်စိရှေ့၊ မျက်ကွယ်ရာ၊ နေရာ တိုင်း၊ အချိန်တိုင်းလိုလိုမှာပင် မသိ မသာတစ်မျိုး၊ သိသိသာသာတစ်မျိုး၊ လူသားမျိုးနွယ်စုဟာ မွေးရာပါ ဗီဇ နဲ့အတူ တော်လှန်ဆန့်ကျင်နေတတ် ကြပါတယ်။ လူသားတွေနဲ့ အခြား သက်ရှိတွေ အပြန်ပြန် အလှန်လှန် တော်လှန်ခြင်း၊ လူသားတွေ အချင်း ချင်းတော်လှန်ခြင်း နှစ်မျိုးတည်းမှာ တော့ လူသားတွေနဲ့ အခြားသက်ရှိ တွေ အပြန်ပြန်အလှန်လှန် တော်လှန် ခြင်းမှာ အများအားဖြင့် လူသားတွေ ကသာ အနိုင်ရတတ်ကြပါတယ်။

လူသားအချင်းချင်း တော်လှန် ခြင်းမှာတော့ လူသားမျိုးနွယ်စုတစ်ခု လုံး တော်လှန်ခြင်း၊ တိုက်ကြီးများ အလိုက် တော်လှန်ခြင်း၊ နိုင်ငံ အလိုက်တော်လှန်ခြင်း၊ မြို့ပြအလိုက် တော်လှန်ခြင်း၊ ရပ်ရွာအလိုက် တော် လှန်ခြင်း၊ လမ်းအလိုက်တော်လှန်ခြင်း၊ အုပ်စုအသင်းအဖွဲ့အလိုက် တော် လှန်ခြင်း၊ တစ်ဦးတစ်ယောက် တည်း တော်လှန်ခြင်းတွေ ရှိကြပါတယ်။

လူသားမျိုးနွယ်တစ်ခုလုံး တော် လှန်ခြင်းကတော့ တီဘီ၊ အီဘိုလာ၊ AIDS ကဲ့သို့သော ကပ်ရောဂါများ ကို တော်လှန်ကြခြင်း၊ လက်မှုပညာ ရေးခေတ်မှ စက်မှုပညာရေးခတ်သို့ ခေတ်ပြောင်းတော်လှန်ကြခြင်း၊ အဝတ်အစားအဆင်တန်ဆာများ တီထွင်ဖန်တီးလာကြခြင်း၊ လူ့အသုံး အဆောင်ပစ္စည်းများကို ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလုပ် ဆောင်လာကြခြင်း၊ နည်းပညာခေတ် တစ်ခုအထိ ရပ်တည်လာနိုင်ကြတာ၊ သဘာဝလောကကြီးနဲ့ ဆန့်ကျင်ပြီး မဖြစ်နိုင်တာတွေ တော်တော်များများ ကို လူသားတွေရဲ့ အနီးအနားအထိ သိသိသာသာ ရောက်လာပြီး မရှိ မဖြစ် အသုံးအဆောင်တွေအဖြစ်နဲ့ နေရာယူထားကြပြီး ဖြစ်ပါတယ်။

တိုက်ကြီးများအလိုက် တော်လှန် ခြင်းကတော့ နယ်မြေသစ်များ ရှာဖွေ တွေ့ရှိကြခြင်း၊ သမုဒ္ဒရာ အသစ်များ ရှာဖွေတွေ့ရှိကြခြင်း၊ ကုန်းမြေ အသစ်၊ တောတောင်အသစ်များ ရှာဖွေတွေ့ရှိကြခြင်း၊ လူသားများ နေထိုင်ရာနေရာများကို တိုးချဲ့ ရှာဖွေပြီး နေထိုင်လာခဲ့ကြသည်မှာ သမိုင်းသက်သေများ အထင်အရှား ဖြစ်ပါတယ်။
နိုင်ငံအလိုက် တော်လှန်ခြင်းက တော့ နယ်ချဲ့ခြင်း၊ ကိုလိုနီပြုခြင်း၊ ကမ္ဘာ့စစ်ပွဲတွေဖြစ်တဲ့အထိ သက် သေတွေရှိခဲ့ပြီး ဖြစ်ပါတယ်။

မြို့ပြအလိုက်၊ ရပ်ရွာအလိုက်၊ လမ်းအလိုက်၊ အုပ်စုအသင်းအဖွဲ့ အလိုက် တော်လှန်ခြင်းနဲ့ တစ်ဦး တစ်ယောက်တည်း တော်လှန်ခြင်း တွေကတော့ အားကစား၊ အနုပညာ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးစသဖြင့် ရှေးရိုး အတိုင်း နေထိုင်လာခဲ့ကြရာမှ တိုက် တာ၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း၊ ကိုးကွယ်ရာ အထွတ်အမြတ်နေရာများ၊ ရုပ်တု အမှတ်အသားများ၊ ပန်းခြံများသာ သက်သေခံလျက်ရှိပါတယ်။ ယနေ့ မျက်မှောက်ခေတ်မှာတော့ အုပ်စု၊ အသင်းအဖွဲ့၊ တစ်ဦးတစ်ယောက် တည်း တော်လှန်ခြင်းများကတော့ အရေးအကြီးဆုံး အနေအထားမှာ ရပ်တည်လျက်ရှိနေပါတယ်။ သေချာ တာကတော့ သက်ရှိတွေအားလုံးဟာ သူတို့မလိုချင်တာ၊ မဖြစ်ချင်တာ မကြိုက်မနှစ်သက်တာတွေကို ဆန့်ကျင်တော်လှန်နေကြဦးမှာပါပဲ။

ဇန်

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071