Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeCelebrities' Newsတောင်ပြုန်းမှာ ကပြမယ့် မောင်ဖြစ်သူ...

တောင်ပြုန်းမှာ ကပြမယ့် မောင်ဖြစ်သူ ဇံဟိန်းကို ပရိသတ်ထံ အပ်နှံတဲ့ ပတမြားကေခိုင်

padamyar-K-Khainပတ္တမြားကေခိုင်က မောင်ဖြစ်သူဇံဟိန်း စိန် မဟာသဘင်ကို ပြန်လည် ဖွဲ့စည်းတည် ထောင်ပြီး ကပြဖြစ်တဲ့အချိန်မှာ သူ့အနေ နဲ့လည်း တစ်တပ်တစ် အား ပါဝင်ကူညီနေသူပါ။ မောင်နှမနှစ်ယောက် စည်းလုံး ညီညွတ်စွာနဲ့ ဇာတ်အဖွဲ့ကို တိုးတက်အောင် လုပ်ဆောင်နေပြီး အခုနှစ်မှာတော့ စိန်မဟာ သဘင်က တောင်ပြုန်းပွဲတော်ကြီး မှာ ကပြတော့ မှာဖြစ်ပါတယ်။ အဲဒီ အတွက်လည်း စိန်မဟာသဘင် ဇာတ်အဖွဲ့က ဇာတ်တိုက်နေကြပြီ ဖြစ်ပြီး တောင် ပြုန်းပွဲတော်ကြီးမှာ တောင်ပြုန်းမင်း ညီနောင်ကို အကောင်းဆုံး ကြိုးစား တင်ဆက် ကြဖို့ အတွက်လည်း သူတို့က ပြင်ဆင်နေကြပါပြီ။ ဂရိတ်ဦးဘိုးစိန်ရဲ့ မြစ် တစ်ဦးဖြစ်တဲ့ ပတ္တမြားကေခိုင် က ငယ်စဉ်ကတည်း က ဖခင်ဖြစ်သူ ဦးရဲစိန်ရဲ့ ကက်ဆက်ဇာတ်လမ်းတွေ နဲ့ကြီးပြင်း ခဲ့ရသူလည်း ဖြစ်ပါတယ်။ ကက်ဆက် ဇာတ်လမ်းတွေ ထဲမှာတော့ သူ့အနေ နဲ့ “တောင်ပြုန်း မင်းညီနောင်”အော်ပရာကဇာတ်ကို အကြိုက်ဆုံး ဖြစ်ခဲ့ပါတယ်။

“အနော်ရထာမင်း က မြှောက်စားလေတယ် ဆိုတဲ့ အော်ပရာသီချင်းသံ ကြားရရင်ကို အလိုလိုမြူး ကြွလာတာ မျိုးပေါ့။ နောက် ပြီး ရွှေဖျဉ်းကြီး ရွှေဖျဉ်း လေးကိုသတ်တဲ့ အခန်းများ ရောက်ရင် ဆက်နားမ ထောင်နိုင် လောက်အောင် သနားရတာလည်း မရိုး နိုင်သော ခံစားမှုမျိုး ပါ။ ဖေဖေ(ဦးရဲစိန်) နဲ့ ဦးညီ (ညီဝင်းစိန်)ကို နှိပ်စက်တဲ့ ဗီလိန် အခန်းမှာ သရုပ်ဆောင်ရတဲ့ ဘဘ ဦးရန်လင်းကို ဆိုရင် အပြင်မှာပါ ကြောက်နေခဲ့တာ။ ဘိုးဘိုး ဦးဘိုးစိန်ရဲ့ ပွဲမှာ ဇံဟိန်းနဲ့ ဆန်းမင်းက ပြကြတော့ ဖေဖေရော ဦးရန်လင်းကိုရော လွမ်းမိတယ်။ တစ်ချိန်က တောင်ပြုန်း ပွဲတော်ကြီးမှာ စိန်မ ဟာသဘင် အောင်ပွဲခံခဲ့ဖူးတယ်ပေါ့။ အခု ဒီနှစ် မောင်လေး ဇံဟိန်းက စိန်မဟာသဘင်ကို ပြန်ဦးစီးတဲ့ ဒုတိယ မြောက်နှစ်ပါ။ ဒုတိယမြောက်နှစ် မှာ စိန်မဟာ သဘင် ကတောင် ပြုန်းပွဲကို ဝင်ခွင့်ရ တယ်။ တကယ်တော့ အခုလို အချိန်အခါမှာ တောင်ပြုံးကို ဝင်တိုးဖို့ ဆိုတာ အဘက်ဘက်က မလွယ်တာ သဘင် အသိုင်းအဝိုင်းက အားလုံးအသိပါ။ စိန်မဟာသဘင် အနေနဲ့ အင်အားဖြည့်တင်း ကာစလည်း ဖြစ်ပါ တယ်။ ဒါကြောင့် အခုလို တောင်ပြုန်း ပွဲကပြခွင့်ရ တာဟာ မမြင်နိုင်တဲ့ အကြောင်းတရား အမျိုးမျိုးက ဆွဲခေါ်ခဲ့တာလို့ ကျွန်မယုံနေမိတယ်။ ပျော်တာရော၊ စိုးရိမ်တာတွေ ရောပေါ့လေ။ စိန်မဟာသဘင်ကို ချစ်ခဲ့ဖူးတဲ့ ချစ်နေကြတဲ့ ပရိသတ်တွေကိုလည်း အပ်နှံပါတယ်။ မောင်လေး ဇံဟိန်းကို အားပေးကြ ပါဦး”လို့ ပတ္တမြား ကေခိုင်က စိန်မဟာသဘင်အနေ နဲ့တောင် ပြုန်းပွဲမှာ ကပြမယ့်အကြောင်းနဲ့ အားပေး ဖို့အကြောင်းကို အခုလို ပြောပြခဲ့တာပါ။

“တောင်ပြုန်း မင်းညီနောင်” အော်ပရာက ဇာတ် ဟာ စိန်မဟာသဘင်မှ မင်းသားကြီး ဦးရဲစိန်နဲ့မင်း သား ကြီးဦးညီဝင်းစိန်တို့ ကပြခဲ့တာလည်းဖြစ်ပါ တယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071