Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeActivitiesစောင့်ရခြင်း...

စောင့်ရခြင်း…

အောင်ကျော်မြင့်ဟု အမည်တွင်သော ငါးတန်းကျောင်းသားလေး သည် လွယ်အိတ်ကလေးလွယ်ပြီး ကျောင်းကိုသွားနေခဲ့၏။ ခြောက် တန်းတက်ရန်အတွက် ငါးတန်း အောင်ဖို့ လိုအပ်ကြောင်း သူတွေးမိ ပေလိမ့်မည်။ သို့သော် ခြောက်ဖြစ် ရန်အတွက် ခြောက်သည် ငါးကို စောင့်နေခဲ့ကြောင်း သူတွေးဖြစ်ရန် အတွက် ခြောက်သည် ငါးကိုစောင့် နေခဲ့ကြောင်း သူတွေးဖြစ်ချင်မှ တွေး ဖြစ်ပေလိမ့်မည်။ ငါးသည်လည်း ခြောက်ဖြစ်လာရန်အတွက် မျှော်လင့် ဝမ်းသာနေပေလိမ့်မည်။ သို့သော် ခြောက်သည် ခြောက်ဖြစ်၍ ငါးသည် ငါးသာလျှင် ဖြစ်ပါသည်။

အောင်ကျော်မြင့်ဆိုသော သူ သည် တဖြည်းဖြည်းအသက်ကြီး တ ဖြည်းဖြည်း သတ်မှတ်အတန်းအောင် လာတဲ့အခါ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်း သားဖြစ်ခဲ့ပြန်ပါ၏။ တက္ကသိုလ်တွင် အောင်ကျော်မြင့်သည် စာကြည့် တိုက်တွင်ထိုင်၏။ ကဗျာတွေ စာ တွေရေး၏။ ကဗျာတွေစာတွေကို ဖတ်၏။ မဂ္ဂဇင်းတိုက်များသို့ကဗျာ ပို့၏။ သူသည်အချိန်တစ်ခုကို ဖြတ် သန်းနေ၏။ သက္ကရာဇ်များကို တစ် နှစ်ပြီးတစ်နှစ် ဖြတ်သန်းနေ၏။ အောင်ကျော်မြင့်ကို သူဖန်တီးနေတဲ့ ကလောင်တစ်ခုက စောင့်ကြိုနေသ လား။ သူမသိပါ။ သူဖတ်စရာကိုဖတ် ၏။ ရေးစရာရှိတာကိုရေး၏။

လူ့လောကအတွေ့အကြုံတစ်ခု ကို သူဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခဲ့ သည်။ အသက် ၂၅ နှစ်ထိအောင် သူမသိခဲ့သူ ဒါမှမဟုတ် သူစောင့်ရ မှန်းမသိပါဘဲ စောင့်ရသူနှင့်သူလက် ထပ်လိုက်၏။

တစ်ခါတစ်ခါတော့ ငယ်စဉ် ဘဝတွေကို သူသတိတရရှိလှ၏။ ကျောင်းကအပြန် ဘောလုံးကွင်း ထဲမှာတော့ ဘောလုံးကန်ခဲ့တာကို အထူးသတိရမိ၏။ ဝါသနာပါပေမယ့် မြို့လက်ရွေးစင်တော့မဖြစ်ခဲ့။ ကျောင်း လက်ရွေးစင်တော့ ခဏတဖြုတ် ဖြစ်ခဲ့၏။ တိုင်းလက်ရွေးစင်ဖြစ်ရန် မြန်မာ့လက်ရွေးစင်ဖြစ်ရန်လည်း စိတ်မကူးခဲ့ပေ။ ဘောလုံးကို အသေ အချာလေ့လာ သင်ယူကန်ခွင့်ရခဲ့ သည့် ဘဝဆိုရင်တော့ သူ့ရည်ရွယ် ချက်များပြောင်း ချင်ပြောင်းပေလိမ့် မည်။

အိမ်ထောင်တစ်ခု ထူထောင် လိုက်သောအခါ အိမ်ထောင်နှင့်အညီ သားသမီးတိုးပွားစီးလာခဲ့ပေသည်။ ကျွန်တော့်အဖေသည် ကျွန်တော့်ကို စောင့်ခဲ့လေသလား။ အရာရှိအရာခံ ကြီး ဖြစ်အောင် စောင့်ခဲ့လေသလား။ အဖေတို့ ရည်ရွယ်ချက်ဆန္ဒအောင် မြင်အောင် ကြိုးစားခဲ့ပေမယ့် အမှန် တကယ်ကော ကြိုးစားခဲ့လေသလား ဆိုတာ သံသယဝင်မိတတ်ပါသေး သည်။ ကျွန်တော်သည်ကော သား သမီးတွေကို စောင့်ခဲ့လေသလား။ သူတို့ဘဝ တင့်တောင့်တင့်တယ်ဖြစ် စေချင်မိပေသည်။ ဒါပေမဲ့ ကိုယ့် ဘက်က တင်းပြည့်ကြပ်ပြည့်တောင်း ဆိုနိုင်ရအောင်လည်း ကိုယ့်ဘက်က တာဝန်ကျေရဲ့လားဆိုတာ စဉ်းစား နေမိတတ်ပါသည်။

တစ်ခါတစ်ခါ ကျွန်တော်တို့ သည် နေအဝင်ကို စောင့်မိတတ်ပါ သည်။ နေအထွက်ကို စောင့်မိတတ် ပါသည်။ ဓာတ်ကြိုးတန်းပေါ်လာနား တတ်တဲ့ငှက်ကလေးတွေကို စောင့်မိ တတ်ပါသည်။ တစ်ကောင်နောက် တစ်ကောင်ပြေးလွှားလိုက်ရင်း ဆော့ ကစားတတ်တဲ့ ရှဥ့်ကလေးတွေကို စောင့်မိတတ်ပါသည်။ ဘာမဆိုင်ညာ မဆိုင် ရှစ်နာရီမထိုးသေးဘူးလေဟု ပြောမိတတ်ပါသည်။

ငယ်စဉ်ကတော့ သူ၏ မျက် ဝန်းအကြည့်ကို စောင့်မိတတ်ပါ၏။ သူ၏ မျက်တောင်တစ်ချက် အခတ် ကို ငေးကြည့်မိတတ်၏။ သူမ၏ ခြေ အလှမ်းကို ရေတွက်နေတတ်၏။

ခရီးကားရှည်ခဲ့ပြီ။ နာရီတိုးပွား ခဲ့ပြီ။ နွေ၊ မိုး၊ ဆောင်းတို့ အကြိမ် ပေါင်း မရေတွက်နိုင်တော့ပြီ။ ခြောက်တန်းတက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာက အောင်ကျော်မြင့်ဆို တဲ့ ကလေးလေး မရှိတော့ပြီ။ အ တိတ်မှာ ကျန်ခဲ့ပြီ။ အောင်ကျော်မြင့် ဆိုတဲ့ အဘိုးကြီးဖြစ်နေပေပြီ။ သူ ငယ်စဉ်က အောင်ကျော်မြင့်ဖြစ်စဉ် က ကြိုးစားအကောင်အထည်ဖော်ခဲ့ တဲ့ မောင်ကြည်သာ (တောင်တွင်း) ဆိုတဲ့အမည်ကောတွင်ပါရဲ့လား။ အောင်ကျော်မြင့်ဟာ မောင်ကြည် သာ (တောင်တွင်း)ကို စောင့်ခဲ့လေ သလား။ စောင့်ရမှန်းကော သိပါရဲ့ လား။ စောင့်ဖို့ကော လိုအပ်ပါ သလား။ အချိန်တစ်ခုမှာတော့ စောင့်သည်ဖြစ်စေ မစောင့်သည်ဖြစ် စေ တစ်စုံတစ်ခုခြေရာတော့ ထင်ရ မှာပါလေ။

 

စောင့်ရခြင်း
စောင့်ရခြင်းဟာ
အာဟာရတစ်ခုဖြစ်တယ်
သူ့ကိုစားသုံးယင်း
တဖြည်းဖြည်းကြီးပြင်းလာခဲ့
စောင့်ရခြင်းဟာ
အိပ်မက်ဖြစ်တယ်။
မနက်ကျတော့ ဘာမှမဟုတ်သလို
ဖြစ်လာတော့လည်း
ဘာမှမဟုတ်ပေတော့ဘူး
စောင့်ရခြင်းဟာ
မြွေဖစ်တယ်
မြွေဟာ အဖြောင့်သွားမရသလို
သူ့ခြေရာလည်း
အစပ်အပြောက်များစွာနဲ့ပေါ့
စောင့်ရခြင်းဟာ
အဝေးက တောင်တန်းတစ်ခုဖြစ်တယ်
နီးမလိုလိုနဲ့
မနီးခဲ့ပါလား။
စောင့်ရခြင်းဟာ
သစ်ရွက်တစ်ရွက်ဖြစ်တယ်။
သစ်ရွက်ကြွေရင်
ရေမှာမျောချင်မျောမယ်
လေမှာ လွင့်ချင်လွင့်မယ်။
စောင့်ရခြင်းဟာ
တိမ်တစ်တိုက်ဖြစ်တယ်။
အခုဆင်
အခုမြင်း
ချက်ချင်းလို ပြောင်းတတ်ရဲ့။
စောင့်ရခြင်းဟာ
နာရီတစ်လုံးဖြစ်တယ်။
သွားနေရင်းနဲ့
ရပ်သွားတတ်တယ်။
စောင့်ရခြင်းဟာ
ငါဖြစ်တယ်။
အဟာရကို စားသုံးရင်း
အိပ်မက်မှာ မွေ့လျော်ရင်း
မြွေလိုကောက်ကွေ့စွာသွားရင်း
တောင်တန်းတစ်ခုလို ဝေးရင်း
သစ်ရွက်တစ်ရွက်လို လွင့်ရင်း
တိမ်တစ်တိုက်လို ပြောင်းရင်း
နာရီတစ်လုံး လိုရပ်ရင်း
မောင်ကြည်သာ(တောင်တွင်း)ဆိုတာ
ဖြစ်ခဲ့ပါပေါ့ …။

မောင်ကြည်သာ (တောင်တွင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071