Friday, September 18, 2026

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ်...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု...

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...
HomeInterviewsခေတ်စားလာတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအပေါ် ဒေါ်ဆွေဇင်ထိုက်...

ခေတ်စားလာတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအပေါ် ဒေါ်ဆွေဇင်ထိုက် ဘယ်လိုမြင်လဲ . . .

”ရုပ်သံဇာတ်လမ်းတွဲတွေတော့ ကြည့်ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်း တွဲတွေက ပိုပြီးတော့ Update ဖြစ်တယ်။ ထုတ်လုပ်မှုတွေကိုစားသုံး တဲ့လူတွေက ငယ်တဲ့ Generation တွေဖြစ်သွားပြီ။ အဲဒီတော့ ငယ်တဲ့ Generation တွေက Digital Platform နဲ့ ပိုပြီးတော့ ရင်း နှီးကြတယ်။ အချိန်တွေပိုပေးကြ တယ်။ ရုပ်ရှင်ရုံကို သွားရောက်ကြည့် ရှုတဲ့ အခါဒီနေ့ ဒီနာရီကြည့်ရင် ဒီ ဇာတ်ကားကိုကြည့်ရမယ်ဆိုတဲ့ Appointent Contents တွေ ကို သိပ်မကြိုက်ကြတော့ဘူး။ အွန်လိုင်း Content ကတဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ မြင်ပါတယ်” လို့ အွန်လိုင်းမှာပြသတဲ့ ရုပ်သံဇာတ် လမ်းတွဲတွေနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ဒေါ်ဆွေဇင်ထိုက်ကပြောပြ ပါတယ်။

လက်ရှိမှာတော့ ဗီဒီယိုလောက အခြေအနေက ယိမ်းယိုင်လျက် ရှိနေသလို ရုပ်ရှင်အနေနဲ့ကလည်း ပြသမယ့် ရုံအခက်အခဲတွေကြောင့် ရိုက်ကူးထားပြီး ရုံရက်ရဖို့စောင့်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများ ကြီးဖြစ်လို့နေပါတယ်။ ဒီလိုအခက်အ ခဲတွေကြောင့်လည်း သရုပ်ဆောင် တွေအနေနဲ့က ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှုတွေဘက်ကို သွားနေကြ တာပဲဖြစ်ပါတယ်။

”ရုပ်ရှင် Industry Limited ဖြစ်နေတယ်လေ။ ပြီးတော့ ရုပ်ရှင်ရုံ တွေကလည်း Limitedဖြစ်နေတယ်။ တကယ်ဆိုရင်ရုပ်ရှင်တွေက တင်စ ရာအများကြီးရှိတယ်။ ရုံမရှိလို့ မတင် ရတာပါ။ မနှစ်ကလက်ကျန်ကားတွေ ကနေကျန်လာခဲ့တဲ့ ရုပ်ရှင်တွေ ကပဲ၂ဝဝလောက်ရှိတယ်။ ဒီနှစ်၆လ ပိုင်းအထိကို ဆင်ဆာကြည့်ပြီးတဲ့ ရုပ်ရှင်က ၈၆ကားရှိတယ်။ အဲဒီတော့ တစ်နှစ်မှာမှ ၅၂ ပတ်ပဲရှိတာဆိုတော့ ပြိုင်တင်ရင်တောင်မှ ၁ဝဝကျော်ပဲ တင်နိုင်တာလေ။ ကျန်တဲ့ဟာတွေ ဘာလုပ်ကြမလဲဆိုတာက စဉ်းစားရ မှာပေါ့လေ။ ရုံရှင်ကားရှင်ကျေနပ်ရင် ပြဆိုတဲ့စနစ်ကို ပြလိုက်တဲ့အခါကျ တော့ ဆင်ဆာ Series လိုပြရဖို့က မသေချာဘူး။ ရုံရှင် Pick လုပ်မှ ကားရှင်ကပြပိုင်ခွင့်ရှိတယ်။ ဏငခု မ လုပ်ဘဲ ထားတဲ့ဇာတ်ကား၂ဝဝကျော်က ဘယ်လိုနေမလဲမသိဘူး။ ကျွန်မတော့ ရင်လေးတယ်” လို့ ပြောပါတယ်။ဒေါ် ဆွေဇင်ထိုက်ကိုယ်တိုင် ပရိုဂျူဆာ လုပ်ပြီး ရိုက်ကူးထားတဲ့ နေရယ် လရယ်အမှန်တရားရယ် ရုပ်သံဇာတ် လမ်းတွဲကလည်း MRTV မှာ ထုတ်လွှင့် ပြသလျက်ရှိပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

iPhone 18 စီးရီးသစ် ဝယ်ယူရန် စင်ကာပူ Apple Store ရှေ့ ညလုံးပေါက် တန်းစီစောင့်ဆိုင်း

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ Apple Store ရှေ့၌ ဝယ်ယူသူ ရာနှင့်ချီ လာရောက်တန်းစီခဲ့ကြပြီး အချို့မှာ ဖုန်းသစ်ကို အစောဆုံးရရှိနိုင်ရန် ညလုံးပေါက် စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ် ITE College East ကျောင်းသား ဟတ်တာရန်းသည် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီကတည်းက ဆိုင်ရှေ့၌...

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါစီမံကိန်းသည် ဆီရမ်ရိပြည်နယ်၏ ခရီးသွားလာရေး အရည်အသွေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ မြှင့်တင်ရန်၊ ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ဖန်တီးပေးရန်နှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း...

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို အပူချိန် ဖြည်းဖြည်းချင်းနဲ့ ခန့်မှန်းလို့ရရုံ မြင့်တက်လာမယ့် ဝေးဝေးက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ ပိုပြီး အရေးတကြီးရင်ဆိုင်ရမယ့် အမှန်တရားတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာသီဥတုဘေးအန္တရာယ်ဟာ တိတ်တဆိတ် စတင်နေပြီ ဆိုတာပါပဲ။ ဒီသတိပေးချက်ကို အဓိကပြ‌နေတာကတော့ မြေကမ္ဘာရဲ့ ရာသီဥတုကို ထိန်းညှိပေးပြီး အပူ၊ ကာဗွန်နဲ့ ရေတွေကို တစ်ကမ္ဘာလုံးဆီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071