Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeArticlesကျောက်ထက်အက္ခရာတင်ခဲ့သော ကြီးကျယ်ခမ်းနားသည့် အလှူတော်ကြီး

ကျောက်ထက်အက္ခရာတင်ခဲ့သော ကြီးကျယ်ခမ်းနားသည့် အလှူတော်ကြီး

mg-khin-myin

ကုသိုလ်ရှင်၏ဘွဲ့အမည် မှာ အနန္တသူရဖြစ် သည်။ ‘အတိုင်း မသိ ရဲရင့်သောသူ’ဟု အဓိပ္ပာယ်ရ သည်။ အလုပ်တာဝန်ကို ‘မြတ်စွာ သော မင်းကြီးအမတ်တျာမဟာ သေနာပတိ’ဟူ၍ ဖော်ညွှန်းသည်။ ပုဂံနရပတိစည်သူမင်းကြီး၏ အမတ် တျာ (အမတ်)လည်းဖြစ်၍ စစ်သူကြီး လည်းဖြစ်သော ပုဂ္ဂိုလ်ကြီး ဖြစ် ကြောင်း ထိုစကားအရ သိရသည်။

အမတ်ကြီး အနန္တသူရ ဇနီး မောင်နှံသည် ပုဂံတွင် ‘လေးမျက်နှာ ဘုရား’ဟု ထင်ရှားသော ဘုရား တည်ခြင်းနှင့်အတူ ကုသိုလ်ကောင်းမှု များစွာ ပြုခဲ့သည်။ ကုသိုလ်ကောင်းမှု အကြောင်းများကို မြန်မာသက္ကရာဇ် ၅၈၅ခု (ခရစ်နှစ် ၁၂၂၃ခု)တွင် ကျောက်စာရေးထိုး၍ မှတ်တမ်း တင်ခဲ့သည်။ အနန္တသူရ ဇနီး မောင်နှံ၏ ကြီးကျယ် ခမ်းနားသော ကုသိုလ်ကောင်းမှုများသည်ကား အံ့သြချီးကျူးစရာ ဖြစ်သည်။

ကုသိုလ်ကောင်းမှုပြုရသည့် ရည်ရွယ်ချက်ကို ကျောက်စာအတွင်း အလေးအနက် ဖော်ပြထားသည်။ မင်းကြီးကစ၍ မိဖုရား၊ မှူးမတ် ဗိုလ်ပါများအပြင် အောက်အဝီစိမှ အထက်ဘဝဂ်တိုင် စကြဝဠာ အားလုံး၌နေသော လူနတ်သတ္တဝါ အားလုံး သံသရာဆင်းရဲမှ ထွက်ြေ မာက်ပြီး နိဗ္ဗာန်သို့ ရောက် စေချင်သောကြောင့် ဤကောင်းမှုကို ပြုခြင်းဖြစ်သည်။ ထို့ပြင် မိမိသည်လည်း သိစပ်မြင်နှံ့သော သဗ္ဗညုတ ဥာဏ် ဘုရားဆုကို လိုချင် သောကြောင့် ဤကောင်းမှုကို ပြုခြင်းဖြစ်သည်။ ကုသိုလ်ရှင်၏ လေးနက်မွန်မြတ်သော ခံယူချက်ကို  ထိုစကား များက ဖော်ပြနေသည်။

ကုသိုလ်ရှင်၏ ပဓာနကောင်းမှု ကား ကြီးကျယ် ခမ်းနား တင့်တယ် လှသော ဂူဘုရားကြီးတစ်ဆူ တည်ခြင်းဖြစ်သည်။ အာမနာ မည်   သောကန်အရပ်တွင် ‘ကျောင်း အရံ’ အဖြစ် ထန်းပင်များစွာ စိုက်ပြီး အုတ်တံတိုင်းနှစ်ထပ်ရံသည်။ အုတ်တံတိုင်းအတွင်း တင့်တယ် လှသော စင်္ကြံထက်တွင် ဂူဘုရား (လေးမျက်နှာဘုရား)တည်သည်။

ဂူဌာပနာသည့် အစီအစဉ်မှာ လည်း အလွန်ခမ်းနားသည်။ ဂူဘုရား တွင် ဌာပနာအဖြစ် ထည့်သွင်းမည့် ဘုရားရှင်၏ သရီရဓာတ်တော် ကို စန္ဒကူးကြုတ်ထဲသို့ ဦးစွာထည့်သည်။ စန္ဒကူးကြုတ်ကို ဖန်ကြုတ်၊ စန္ဒကူးနီ ကြုတ်တို့တွင် အဆင့်ဆင့်ထည့်သည်။ စန္ဒကူးနီကြုတ်ကို   ရွှေပုထိုး၊ ငွေပုထိုး၊ ရွှေတွင် ကျောက်မျက်ရတနာ ပုထိုး၊ ဆင်စွယ်ပုထိုး၊ ကြေးနီပုထိုးနှင့် နောက်ဆုံးကျောက်ပုထိုးအတွင်းသို့ အဆင့် ဆင့်ထည့်သည်။ ထိုသို့ အဆင့်ဆင့် ထည့်ရာတွင် ရွှေစမခန်၊ ငွေစမခန် (အခင်း)၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ရွှေတန်ဆောင် ၊ ငွေတန်ဆောင်(ဆီမီးတိုင်)တို့ဖြင့် ပူဇော်ပြီး ဌာပနာခြင်းဖြစ်သည်။ ဌာပနာမည့်ကျောက်ပုထိုးကို ဆေး ခြယ်၍ ကြေးနန်းချုပ်ဖြင့် ရစ် သည်။ ပုထိုးကို ရွှေအထွတ် တပ်သည်။ အထွတ်ထက်မှာ ရွှေထီး စိုက်သည်။ ရွှေထီးကို ပုလဲသန္တာ များ ဆွဲသည်။ အထွတ်ထက်တွင် ပုထိုး ခုနထပ်လွှမ်း သည်။ ပုထိုးပေါ်တွင် ‘ရွှေကျက် တငိုယ်’ ခေါ် နေဘုရား တံဆိပ်ခတ် သည်။ ထို့ပြင် ရွှေဆင်းတု၊ ငွေဆင်း တု၊ ရွှေရည်ရေးေ သာ ကျောက်ဖြူ ဆင်းတုစေတီတစ်ဆူစီနှင့် ရွှေထီး ငွေထီးဆောင်း၍ ဘုရားဌာပနာ သည့် ပွဲကို ခမ်းခမ်း နားနား ကျင်းပ သည်။

ဂူဘုရားလေးမျက်နှာတွင် ဆင်းတုတော်များ ပူဇော်ထား သည်မှာ တောက်ပဆန်းကြယ် လှသည်။ ဂူဘုရားကိုရံ၍ ဆင်းတု တော်များစွာ ပူဇော်ထားသည်။ ဂူဘုရားအတွင်းနံရံတွင် ဇာတ်ငါးရာ (ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ပန်းချီ များ) တင့်တယ်စွာ ရေးဆွဲထားသည်။ ဂူဘုရား အတွက်ကို ကြေးဖြင့်တန်ဆာ ဆင်၍ပြဒါးသုတ်လိမ်းကာ တောက်ပ စေသည်။

ပိဋကတ်သုံးပုံလှူဒါန်းပြီး ပရိသတ်စုဝေး၍ တရားနာရန် ဓမ္မသာဇရပ်ဆောက်သည်။ တရား ဟောရန် ရွှေပလ္လင်ပြုရန် ရွှေထီး မိုးသည်။ ပိတာန် ကြက်ကိုဆင်သည်။ သံဃာတော်များ သီတင်းသုံးရန် ကျောင်းတော်ကြီးလည်း ဆောက် လုပ်သည်။ တံတိုင်း အထပ်ထပ် အပြင် ဘက်တွင် ရဟန်းတော်များ သီတင်းသုံးရန် ကျောင်းများ ဆောက်သည်။ ရဟန်းများ ရေသုံးရန် အုတ်ရေကန်၊ အုတ်လေးထောင့် ကန်နှင့် အရှေ့တွင် ကန်နှစ်ဆင့် တူးသည်။ ရေကန်တွင်း ရေသွင်းရန်ြ>ွပန်နှင့်လည်း ပြုလုပ် ထားသည်။ ရေကန် အနီးဝန်းကျင် တွင် ဥယျာဉ် လည်း စိုက်သည်။

ကျောင်းပြင်ပတွင် အရပ်လေး မျက်နှာမှလာသော သူတော်ကောင်း တို့ အေးချမ်းစွာ အိပ်နိုင်နားနေနိုင်ရန် တံတိုင်း၊ အတွင်းတန်ေ ဆာင်းကြီး တစ်ဆောင်လုံး တည်ဆောက်ထား သည်။ တန်ဆောင်းအတွင်း၌ အရုပ်အမျိုးမျိုးကို အဆန်းတကြယ် ပြုလုပ်ထားသည်။ သံဃာတော် များ ၏ပစ္စည်းအသုံးအဆောင်များ သိမ်း ဆည်းရန် အဆောက် အအုံ တစ်ခုလည်း တည်ဆောက် ထား သည်။ လုပ်ကိုင်   ဆောင်ရွက်ပေးမည့် အလုပ်အကျွေး များလည်း များစွာ ထားသည်။ အရပ်လေးမျက်နှာမှ လာသူများ ရေသုံးရန် အုတ်ရေတွင်း များ တူးထားသည်။ ဤသို့ဖြင့် အနန္တ သူရ ဇနီးမောင်နှံ၏ ကုသိုလ် ကောင်းမှုများ သာသနာ ၅ဝဝဝ တည်တံ့စေရန် အစီအရင် များစွာ ပြုလု ပ်ထားသည်။

ကုသိုလ်ကောင်းမှုများကို ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ရန် ကျွန်များလည်း လှူဒါန်းသည်။ အဆောက်အအုံများ ပျက်စီးလျှင် ပြုပြင်ရန်၊ တံမြက်စည်းလှည်းရန်၊ ဘုရားတရားကို ဆွမ်း၊ ဆီမီး၊ ပန်းတို့ မပြတ်တင်ရန်တာဝန်များကို ထိုကျွန် များက ဆောင်ရွက် ရမည်ဖြစ် သည်။ လှူဒါန်းသည့် ကျွန်များ၏ နာမည် များကိုလည်း ပြည့်ပြည့်စုံစုံ မှတ်တမ်း တင်ထားသည်။

အနန္တသူရခေါ် မဟာ သေနာ ပတိ ကြီးတို့ဇနီးမောင်နှံ၏ ကုသိုလ် ကောင်းမှုများမှာ နှစ်ပေါင်း ၈ဝဝ နီးပါးရှိပြီဖြစ်သည်။ ကျောက်ထက် အက္ခရာ တင်ထားသည့်အတွက် ထို ကုသိုလ်ကောင်းမှုများအကြောင်းကို ယခုတိုင် သိခွင့်ရသည်နှင့်အတူကုသိုလ်ရှင်၏မြင့်မြတ်သော ခံယူ ချက်နှင့် ကြီးကျယ်ခမ်းနားသော ကုသိုလ်ကောင်းမှုများကို နောင်လာ နောင်သားတို့ အမှတ်ထင်ထင်ရှိကြ ရပါသည်။ အမတ်ကြီး အနန္တသူရကို ‘မင်းအနန္တသူ’ ဟူ၍ လူသိများသည်။ ထိုအမည်နှင့်ဆက်စပ်နေသော ‘ပုဂံမင်းနန်းသူရွာ’တွင် အမတ်ကြီး၏ ကောင်းမှုဖြ စ်သော လေးမျက်နှာ ဘုရားမှာ ယခုတိုင် တင့်တယ်စွာ စံပယ်လျက် ရှိနေပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071