Friday, September 18, 2026

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...

မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား စောဖရိုက်ဒေး အာရှအားကစားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်

မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား စောဖရိုက်ဒေး သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင်ကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ကြောင်း သိရသည်။ စောဖရိုက်ဒေး အုပ်စုအဆင့်ပြိုင်ပွဲများတွင် Group Stage ယှဉ်ပြိုင်မှုအနေဖြင့်...
HomeNewsLocal Newsဧရာဝတီတံတား( မလွန် )ရေလမ်းကြောင်း...

ဧရာဝတီတံတား( မလွန် )ရေလမ်းကြောင်း ပြောင်းလဲမည်

မြစ်ကြမ်းပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့်ဧရာဝတီတံတား( မလွန် )ရေလမ်းကြောင်း ပြောင်းလဲမည်ဖြစ်ကြောင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဧရာဝတီတံတား(မလွန်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၄)နှင့် (၅)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၉၈)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၁၇)မီတာရှိပြီး ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားပြီး မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်သည်။

တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင် ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ ၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးမှု၊ မိုဘိုင်းဆင်းကတ်နှင့် ဖုန်းဘေလ်ဖြည့်ကတ်များ ရောင်းချပေးနေမှုတို့ကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ပေးနေခြင်းကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့ အော်တိုအိတ်ချိန်းနှင့် မိုဘိုင်းစခန်း၊ ရပ်ကွက် (၁)၊ သီရိအောင်မြေလမ်းရှိ မိုဘိုင်းစခန်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071