Sunday, April 26, 2026

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်...

မဟာပါသဏလှိုဏ်ဂူတော်၌ (၃) ရက်တိုင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနားကို ဧပြီ ၃၀ ရက် ၊ မေ ၁...

ထရမ့်တက်ရောက်သော အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင်...

ယနေ့ညတွင် ပြုလုပ်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ ပ-စ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များကို အဆိုပါ...

ဟုမ္မလင်းဆိပ်ကမ်းတွင် မီးလေ-ာင်ကျွမ်းခဲ့သည့် ရေယာဉ်အား ဆိပ်ကမ်းသို့...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း"ဖလက်ကုန်တင် မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလေ-ာင်ကျွ မ်းခဲ့သည့် ကုန်တင်ရေယာဉ်များကို ဧပြီလ(၂၄)ရက်...
HomeNewsLocal Newsဧရာဝတီတံတား(ရတနာပုံ)အား (၄၅)တန်ကားများဖြတ် သန်းခွင့်ရပြီဖြစ်

ဧရာဝတီတံတား(ရတနာပုံ)အား (၄၅)တန်ကားများဖြတ် သန်းခွင့်ရပြီဖြစ်

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတံတား(ရတနာပုံ)အားပြန်လည်ပြင်ဆင်ပြီးချိန်မှစ၍ ကားများအားတန်ချိန်သတ်မှတ်ချက်အဆင့်ဆင့်တိုးမြှင့်ဖြတ်သန်းခွင့်ပြုခဲ့ရာမှ လက်ရှိအချိန်တွင် Load Test စစ်ဆေးကာ ၄၅ တန်ကားများကိုပါဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီတံတား(ရတနာပုံ)သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရေလယ်တိုင်ရှိ Gusset Plate များ၊ သံပေါင်ရှိ Inclined Member များ၊ Bearing များပျက်စီးခဲ့၍စစ်ဆေးပြီးချိန်တွင် ကနဦးအနေဖြင့် (ကုန်+ယာဉ်) ၁၅ တန်ကိုစတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ပထမအဆင့်ပြင်ဆင်မှုအနေဖြင့် သံပေါင်ချုပ်တန်းများ၊ Gusset Plate များလဲလှယ်ပြီး၍ Load Test စစ်ဆေးပြီးနောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် (ကုန်+ယာဉ်) ၂၅ တန်အထိတိုးမြှင့်ဖြတ်သန်းခွင့်ပြုပေးခဲ့ကာ လက်ရှိအချိန်၌ ဒုတိယအဆင့်ပြင်ဆင်ပြီး၍ Load Test စစ်ဆေးပြီး (ကုန်+ယာဉ်) ၄၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ တံတားကြီး၏ မူလခွင့်ပြုထားသော တန် ၆၀ အထိပြန်လည်ခွင့်ပြုပေးနိုင်ရန် ပျ-က်စီးသွားသော Bearings လဲလှယ်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေခြင်းနှင့် ၄၅ တန်အထိ ကုန်တင်ယာဉ်များနှင့် ဆီသယ်ယာဉ်များစတင်ဖြတ်သန်းသွားလာမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၂၅ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံ၊ ရေကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊...

မဟာပါသဏလှိုဏ်ဂူတော်၌ (၃) ရက်တိုင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂ လာအခမ်းအနားကျင်းပမည်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနားကို ဧပြီ ၃၀ ရက် ၊ မေ ၁ ရက်နှင့် မေ ၂ ရက်တို့၌ (၃) ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၃၀ ရက်နံနက် ၈ နာရီတွင် မဟာမင်္ဂလာဖွင့်ပွဲအခမ်းအနား၊ မေ ၁ ရက်နံနက် ၉ နာရီတွင် စာတမ်းဖတ်ပွဲအခမ်းအနား၊ မေ ၂ ရက်နံနက် ၉ နာရီတွင် မဟာမင်္ဂလာပြီးမြောက်ခြင်းအခမ်းအနားတို့ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့...

ထရမ့်တက်ရောက်သော အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ပ-စ်ခတ်မှုဖြစ်ပွား၊ ထရန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ၊ ပ-စ်ခတ်မှုဖြစ်စဉ်ကို အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

ယနေ့ညတွင် ပြုလုပ်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ ပ-စ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များကို အဆိုပါ အခန်းအတွင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဝါရှင်တန်ဒီစီရှိ "ဝါရှင်တန် ဟီလ်တန် (Washington Hilton)"ဟိုတယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် သမ္မတ အပါအဝင် "ကာကွယ်စောင့်ရှောက်ခံရသူအားလုံး ဘေးကင်းလုံခြုံကြောင်း" လျှို့ဝှက်‌ထောက်လှမ်းရေးအဖွဲ့ (Secret Service) က ပြောကြားသည်။ ၎င်းတို့အနေဖြင့် "အဓိက သံလိုက်ဓာတ်ဖြင့် စစ်ဆေးသည့် နေရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071