မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် ကအထက်ပါအတိုင်းပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့်အခမ်းအနားဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောသည်။
အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
