Thursday, August 13, 2026

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး...

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen...

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက်...

တိုကျို၊ ဩဂုတ် ၁၃ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်နေပါက မြန်မာနိုင်ငံသို့...

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀...

အင်ဒို၌ကူးတို့သင်္ဘောမီးလောင်၊ တစ်ဦး‌ေ-သ၊ ၁၇၂ ဦးကယ်တင်ထားနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး...
HomeMyanmar Theatrical Traditionဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ဟေမာမန်းဝင်း

ဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ဟေမာမန်းဝင်း

 

လူရွှင်တော်ကြီးဦးမန်းဝင်းရဲ့ သမီး ဟေမာမန်းဝင်းက အနုပညာလောကမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်တွေ အားပေးမှုရရှိထားတဲ့သူ တစ်ယောက်ပါ။ သူဟာ ဖခင် ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်လက်ဆက်ခံသူလည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်ရဲ့ သမီးဖြစ်ရတာကို ပျော်မိတယ်လို့ သူကပြောပါတယ်။
”အဖေဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာကိုပျော်တယ်။ ဂုဏ်လည်းယူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေကလူတွေကို အမြဲတမ်းပျော်အောင်လုပ်ပေးတယ်။ ရယ်သောသူ အသက်ရှည်၏ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ပေါ့လေ။ အဖေကလူတွေကို ဘယ်တော့ ဖြစ်ဖြစ် ရယ်အောင်ပဲလုပ်တတ်တယ်။ ငိုအောင်ဘယ်တော့မှ မလုပ်ဘူး။ အဲဒါ ကြောင့် သူ့ရဲ့သမီးဖြစ်ရတာကို ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတာပါ” လို့ ဟေမာ မန်းဝင်းက ဖခင်ဖြစ်သူနဲ့ပတ်သက်လို့ သူဂုဏ်ယူရတဲ့အကြောင်းကို ပြောပြပါတယ်။ ဖခင်ဖြစ်သူ ဦးမန်းဝင်းက လူတွေကို ပျော်အောင်လုပ် ပေးသလို သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း လူတွေကိုပျော်အောင် လုပ်ပေးတဲ့သူတစ်ယောက်ပါပဲ။ သူကဟာသပညာရပ်နဲ့ လူတွေရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးနေပြီး လူတွေကို ပျော်အောင်ပဲ လုပ်ပေးချင်တယ်လို့ ပြောပါတယ်။

”ဝမ်းနည်းစရာကောင်းတာက အဖေက အနုပညာအလုပ်တွေကို ပြန်ပြီးတော့ မလုပ်နိုင် တော့ဘူး။ အဖေ အနုပညာအလုပ်မလုပ် နိုင်တာ၇နှစ်ကျော်လောက်တော့ ရှိသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိကို ပရိသတ်တွေက အဖေ့ကို ချစ်နေကြတုန်းပဲ။ အဖေ့ကိုအားပေးသလို ညီမကိုလည်းချစ်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဟေမာမန်းဝင်းက ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဟေမာမန်းဝင်းက ဟာသပြဇာတ်တွေမှာလည်း ပါဝင် တင်ဆက်နေသလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ရိုက်ကူး ထားတာတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူဟာ ပရဟိတနဲ့ ပတ်သက်ပြီးလည်း အမြဲ တမ်း လုပ်ဆောင်လေ့ရှိသလို လူရွှင်တော်သက်ကြီး ရန်ပုံငွေအတွက် ပြုလုပ်တဲ့ လူရွှင်တော် ဘောလုံးပွဲမှာလည်း ဘေဘီစတားFC အသင်းမှာ ပါဝင်ပြီး ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သူတတ်ကျွမ်းတဲ့ ဟာသပညာရပ်နဲ့ ကြိုးစားတင်ဆက်သွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။ ထို့ပြင် လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး နှစ်နိုင်ငံအကျိုးစီးပွားများအား ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်း အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပုစွန်မွေးမြူရေးကဏ္ဍအတွက် သားဖောက်ပြုစုခြင်းနည်းစနစ်များ၊ အဆင့်မြင့်မွေးမြူရေးနည်းပညာများ၊...

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်ပါက ပြည်တွင်း၌သာ ပြန်လည်ဆောင်ရွက်ရမည်ဟု တိုကျိုရှိ မြန်မာသံရုံးထုတ်ပြန်

တိုကျို၊ ဩဂုတ် ၁၃ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျ-က်ကွက်နေပါက မြန်မာနိုင်ငံသို့ ပြန်လည်၍ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေး ထုတ်ပြန်လိုက်သည်။ အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာသံရုံး (တိုကျိုမြို့) အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊...

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀ ရက်တို့က ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ လူနာ(၂၈)ဦး၊ သြဂုတ် ၁၁ ရက်တွင် လူနာ(၇၀) ဦး၊ သြဂုတ် ၁၂ ရက်တွင် လူနာ(၈၄)ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် အသက်(၉၂)နှစ်အရွယ်ရှိ အမျိုးသားကြီး(၁)ဦးသေဆုံးခဲ့ကာ ပြန်လည်သက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရသူ(၈)ဦးရှိခဲ့ကာ ယနေ့ထိပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ(၅၄)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမံခန့်ခွဲမူလုပ်ငန်းကော်မတီ၏ဦးဆောင်မူဖြင့်ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071