Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeCelebrities' Newsဥပဒေကိစ္စတွေ ပြောတဲ့နေရာမှာ ...

ဥပဒေကိစ္စတွေ ပြောတဲ့နေရာမှာ တစ်စုံတစ်ရာ မှားလို့ မရဘူး ထွန်းကိုကို

Tun-Ko-Ko

 မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုက  အခုလတ်တလော မှာလည်း ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’ ရုပ်ရှင်ဇာတ်ကားမှာ ရဲအုပ်စည်သူ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။ ရဲအုပ် တစ်ယောက်ရဲ့ ကာရိုက်တာ ပီပြင်ဖို့အတွက် ထွန်းကိုကိုရဲ့ ကြိုတင်လေ့လာပြင်ဆင်မှု အပိုင်းကလည်း…

“ဆံပင်ပုံစံ ပြန်ညှပ်ရမယ်။ ရဲနဲ့တူအောင် အဝတ် အစားပိုင်းကတော့ ယူနီဖောင်းရှိမယ်။ ပြီးရင် အပြင်မှာ လိုက်ပြီး အမှုစစ်ရတဲ့ရဲပုံစံမျိုး၊ ပြီးတော့ တိကျတဲ့လူ တစ်ယောက် ၊ စာအုပ်ကြီးအတိုင်း လုပ်ဆောင်တဲ့လူတစ် ယောက်။ လာဘ်ပေးလာဘ်ယူမှုတွေလည်း မုန်းတဲ့လူ တစ်ယောက်၊ အလုပ်အပေါ်ကို တကယ်ကို တိတိကျကျ လုပ်တဲ့ သူတစ်ယောက်ပုံစံမျိုး သရုပ်ဆောင်ရမှာပါ။ အဲဒီ အတွက်ကိုလည်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ် ထားပါတယ်။ ပြီးတော့ ဒိုင်ယာလော့ခ်ပြောတဲ့ နေရာ တွေမှာလည်း အရေးကြီးတယ်လို့ ထင်တယ်။ ဘာလို့လဲဆို တော့ ဥပဒေကိစ္စတွေ ပြောတဲ့နေရာမှာ အမှားအယွင်း တစ်စုံတစ်ရာ မှားလို့ မရဘူး။ အဲဒီအတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ထွန်းကိုကိုက ပြောပြပါတယ်။ ဒီကာရိုက်တာကဆိုရင် ထွန်းကိုကို လေးကြိမ်မြောက် ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့အတွက် ရဲ ကာရိုက်တာတွေ ထပ်နေပေမယ့်လည်း သူ့အနေနဲ့ ကာရိုက်တာအပေါ် ငြီးငွေ့လာခြင်းမျိုးတော့ မရှိဘူး လို့ ထွန်းကိုကိုက ပြောပါတယ်။

အခု အချိန်မှာဆိုရင် မော်ဒယ်သရုပ်ဆောင် ထွန်းကိုကို ရုပ်ရှင်ဇာတ်ကားတော်တော်များများ ပါဝင် ရိုက် ကူးနေရတာကို တွေ့မြင်နေရပါတယ်။ အခုလို ပါဝင်ရိုက်ကူးခွင့်ရလာခြင်းအပေါ်ကို တော့ ထွန်းကိုကိုက…

“ရုပ်ရှင်ဇာတ်ကားတွေရိုက်လာ ရခြင်းက လည်း ကိုယ်လည်းအလုပ်အပေါ်မှာ စေတနာ ထားတယ်။ မေတ္တာထားတယ်။ ကြိုးလည်း ကြိုး စားတယ်။ အဲဒီအတွက် တန်ပြန်သက်ရောက်မှု တွေလို့လည်း ခံစားမိပါတယ်။ ဇာတ်ကားတွေ ရိုက်နေတယ်။ မထွက်သေးဘူးပေါ့နော်။ ထွက်လာ တဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေရဲ့ အား ပေးမှုတွေ ရတယ်။ အဲဒီ အတွက်ကိုလည်း ပရိသတ် တွေ ဆက်ပြီးအားပေးပါဦး။ ပရိသတ်တွေရဲ့ အားပေး မှုတွေနဲ့ ကျွန်တော်တို့က ဆက်ပြီးအသက်ရှင်နေရ တာပါ။ အလုပ်အတွက်လည်း အများကြီးလေ့လာ ကြိုးစားနေပါတယ်။ဒါရိုက်တာတွေရဲ့ သင်ကြားပေးမှု တွေနဲ့ တခြားသော အနုပညာရှင်တွေရဲ့ သင်ကြား ပေးမှုတွေရဲ့ အောက်မှာ အများကြီး လေ့လာသင်ယူ နေပါတယ်။ ပရိသတ်တွေအတွက်လည်း ရသများ များနဲ့ တကယ်ကို အနှစ်သာရရှိတဲ့ ဇာတ်ကားကောင်း လေး တွေကိုလည်း ကြည့်ရှုနိုင်အောင်ကြိုး စားနေပါ တယ်” လို့ သုံးသပ် ပြောပြသွားပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071