Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeCelebrities' Newsဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားမှာ ...

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားမှာ သက်မွန်မြင့် ရင်ခုန်ခဲ့ရတဲ့ ဇာတ်ဝင်ခန်း

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ထားတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီသက်မွန်မြင့်က ရောဂါသည် အိမ်ထောင်ရှင်မိန်းမတစ်ဦးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက ဘဝအချိုးအကွေ့ မှာ ကြုံတွေ့ရတဲ့ဖြစ်ပုံလေးတွေကို ရိုက်ကူးပြသထားတဲ့ အိမ်ထောင်ရေးဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကဆိုရင် အကယ်ဒမီသက်မွန်မြင့်အနေနဲ့ တစ်ခါမှသရုပ်မဆောင်ရဖူးသေးတဲ့ ကာရိုက်တာ တစ်ခုလို့လည်းသိရပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး…

သက်မွန်မြင့်ရဲ့ရင်ခုန်သံစကားက.. သက်မွန်မြင့်ရဲ့ရင်ခုန်သံစကားက..

“ပရက်ရှိုးမှာကြည့်တဲ့သူတွေအကုန်လုံးကတော့ သဘောကျကြတယ်။ဇာတ်လမ်း ရော၊ သရုပ်ဆောင်တွေ အကုန်လုံးကိုရော၊ ဒါရိုက်တာကိုပါ ချီးကျူးကြတယ်။

အဲဒီ အတွက်လည်းဝမ်းသာရပါတယ်။ ရုပ်ရှင်ရုံတင်ပြသတဲ့အခါမှာ သက်မွန်ဘယ်လို ကာရိုက်တာနဲ့ သရုပ်ဆောင်လည်းဆိုတာ ကြည့်စေချင်ပါတယ်။ ဘာလို့လဲဆို တော့ သက်မွန်သရုပ်မဆောင်ရသေးဖူးတဲ့ ကာရိုက်တာဖြစ်နေလို့ပါ။ စိတ်ဝင်စား စရာကောင်းတယ်လို့လည်းထင်ပါတယ်။ သက်မွန်အတွက် တအားတော့ မခက် ခဲပါ ဘူး။ ဒါကအိမ်ထောင်ရေးဇာတ်လေးလည်းဖြစ်တယ်။ အိမ်ထောင်ရေး ဇာတ်လေးမှာ ဘဝမှာကြုံတွေ့ရတဲ့ အချိုးအကွေ့လေးတွေ ပုံစံလေးတွေ ကို ရိုက်ပြထားတာပါ။

အခက်အခဲတော့ သိပ်မရှိပါဘူး။ လင်မယား အခန်းမှာ ယောက်ျားကနေ သူသိပ်ချစ်လို့ နမ်းဖို့ကြိုးစားချိန်မှာတော့ နည်းနည်းတော့ရင်ခုန်တာပေါ့နော်။ ငါ့ကိုတကယ် နမ်းနေဦးမယ်ဆို ပြီးတော့ပေါ့နော်။ အဲဒီလိုမျိုးလေးတွေ ကိုယ်ကစိတ်ပူပြီးကြောက် တာမျိုးလေးတွေတော့ရှိတာပေါ့နော်။ နောက်တခြားအမှတ်တရ တွေကတော့ ပရိုဂျူဆာရော၊ ဒါရိုက်တာကပါ ဇာတ်ကားအစအဆုံးကို တအားဂရုစိုက်ကြတယ်။ ဒီဇာတ်ကားမှာရောဂါသည် ဖြစ်တဲ့အတွက် ရောဂါသည်မို့ သူတို့က ဝိတ်ချပေးပါပြောတယ်။

ပြီးရင်အစားအ သောက်ကို အသားကုန်တွေကျွေးကြတယ်။ ပျော်စရာတအားကောင်း တယ်ပေါ့နော်။ သက်မွန်တို့ ဒီဇာတ်ကားလေးက အိမ်ထောင်ရေး ဇာတ် ကားလေးလည်းဖြစ်တယ်။ နောက်ပြီး လူ့လောကကြီးမှာ ကိုယ်ရှင်သန် ရတဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ လူတွေရဲ့စိတ်ဆိုတာလေးတွေကို လည်း ပြထားတယ်ပေါ့နော်။ ဘဝအကြောင်းလေးတွေဆိုတော့ သင်ခန်းစာ ရမယ်လို့ထင်ပါတယ်။ ကိုယ်လည်းသဘောကျတယ်”လို့ပြောပြခဲ့ပါတယ်။ အခုလတ်တလောမှာတော့ သက်မွန်မြင့်က ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးနေတဲ့ ဗိုလ်နေတိုးရုပ်ရှင်ဇာတ်ကားကို နေတိုး၊ နေမျိုးအောင်၊ နန်းခင်ဇေယျာ တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇွဲမာန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071