Monday, August 3, 2026

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E....

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း...

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် သဲပုံစေတီငယ်ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်

ရှမ်းပြည်နယ် ဗုဒ္တတက္ကသိုလ်(၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ် ၂ ရက်တွင် သဲပုံစေတီငယ် ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်ပြီး မိုင်းဖုန်းဆရာတော်ကြီး၏ နည်းနာနိဿယအတိုင်း နမ့်လန်မြို့၊ မဇ္ဈိမာရာမကျောင်းဆရာတော်ဦးဆောင်၍ စုပေါင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
HomeInternationalဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

ဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဂိမ်းစီးပွားရေးအချက်အချာဖြစ်လာရန် ကြံစည်နေသော ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းသစ်တွင် ပြည်တွင်းလော-င်းကစားသူများ အနေဖြင့် ကာစီနိုရုံများသို့ အလွယ်တကူ မဝင်ရောက်နိုင်စေရန် တင်းကြပ်ထားသည်။

နိုင်ငံတော်ကောင်စီရုံးက ထုတ်ပြန်ခဲ့သည့် မူကြမ်းအရ ထိုင်းနိုင်ငံသားများအနေဖြင့် ကာစီနိုလော-င်းကစားရုံများသို့ ဝင်ရောက်နိုင်ရန် အနည်းဆုံး ခြောက်လကြာမြင့်သည့် ပုံသေအပ်ငွေတွင် ဘတ်သန်း ၅၀ ရှိရမည်ဟု သတ်မှတ်ထားသည်။

လိုက်နာရမည့် စည်းမျဥ်းများတွင် ဝင်ကြေး ဘတ် ၅,၀၀၀ သတ်မှတ်ထားခြင်းသည်လည်း တစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဒေါ်လာ ၇,၃၀၀ ခန့်ရှိသည့်နိုင်ငံတွင် လူအတော်များများကို လက်လှမ်းမမီစေရန် ထိရောက်စွာ တားဆီးထားလိမ့်မည်ဟု အစိုးရအချက်အလက်များက ဆိုသည်။ ထိုင်းနိုင်ငံတွင် လော-င်းကစားပုံစံ အများစုသည် တရားမဝင်သော်လည်း ဥပဒေမဲ့ လော-င်းကစားမှုများ ပေါများလျက်ရှိသည်။ ဥပဒေမူကြမ်းအသေးစိတ်ကို စိတ်ဝင်တစားစောင့်ကြည့်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါသော ဆွဲဆောင်မှုတစ်ခုအဖြစ် ပြည်တွင်း ကာစီနိုသမားများက ရှုမြင်ကြကြောင်း လေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ထိုင်းနိုင်ငံတွင် အသက် ၂၀ နှင့် အထက် လူဦးရေ၏ ထက်ဝက်ခန့်သည် ကာစီနိုလော-င်းကစားသူများဖြစ်လာနိုင်ပြီး နိုင်ငံကို တတိယအကြီးဆုံး လောင်းကစားအချက်အချာနေရာဖြစ်လာနိုင်ခြေကို အထောက်အကူပေးနေသည်ဟု ခန့်မှန်းထားသည်။

ဝင်ကြေး ဘတ် ၅,၀၀၀ အထိ သတ်မှတ်ထားမှုသည် ထိုင်း လူချမ်းသာများနှင့် အထက်တန်းစား လူလတ်တန်းစားများကိုသာ ကာစီနိုလော-င်းကစားကို ထိတွေ့ခွင့်ရစေလိမ့်မည်ဟု စင်ကာပူအခြေစိုက် ဂိမ်းအကြံပေး ဒန်နီရယ်ချန်းက ပြောကြားသည်။

ထို့အပြင် ဘဏ်အပ်ငွေ ဘတ်သန်း ၅၀ ရှိရမည်ဆိုသော သတ်မှတ်ချက်အရ ထိုင်းကာစီနိုလော-င်းကစားရုံများသည် တောင်ကိုရီးယားကဲ့သို့ နိုင်ငံခြားသား သီးသန့်အတွက်သာ ခွင့်ပြုချက်ပေးသော အစိုးရများနှင့် ထူးမခြားနားသဘောပင်ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။

ဥပဒေမူကြမ်းသစ်အတွက် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၁ ရက်အထိ လူထု အကြံပြု ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ အပြီးသတ်ပါက ဥပဒေမူကြမ်းကို လွှတ်တော်သို့ မပေးပို့မီ အစိုးရအဖွဲ့မှ အတည်ပြုရမည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir နှင့် ဩဂုတ် ၂ ရက် နံနက်ပိုင်းက တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ ဆန်နှင့် ဆေးဝါးများ အပါအဝင် ကုန်ပစ္စည်းကုန်သွယ်ရေး တိုးမြှင့်ရေး၊ ရေကြောင်းပို့ဆောင်ရေး...

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံတွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းပုံးများကို အရေးပေါ်လိုအပ်သည့်နေရာများသို့ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ(၅၀)ဦးကို AYA Scholarship အဖြစ် လစဉ်(၃)သိန်းကျပ်နှင့် သင်ထောက်ကူပစ္စည်းများအ တွက် နှစ်စဉ်(၅)သိန်းကျပ်ထောက်ပံ့မည်

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း သား/သူ(၅၀)ဦးကို AYA Scholarship ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ AYA Scholarship အား မြန် မာနိုင်ငံသား ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ သက် ဆိုင်ရာ တက္ကသိုလ်/ကောလိပ်(သို့)ပ ညာရေးအဖွဲ့အစည်းတွင်တက်ရောက်ခွင့်ရရှိထားသူ ပညာရေးတွင်ထူးချွန်ပြီး သင်ယူလိုစိတ်/ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိသူ ပညာရေးကိုဆက်လက်သင်ယူလိုပြီး အမှန်တကယ်ပညာသင်ထောက်ပံ့ ကြေးလိုအပ်သော ‌ကျောင်းသား/သူ များအား ဦးစားပေးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071