Friday, September 18, 2026

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...
HomeCelebrities' Newsအ ချိန် တစ်ခု...

အ ချိန် တစ်ခု ရောက်လာရင် ဆရာဝန်ပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ် ဖြိုးပြည့်စုံ

ဆရာဝန်ဘဝနဲ့ အဆိုတော်ဘဝ၊ ကာလအပိုင်းအခြားတစ်ခုမှာ ဘဝ ၂ ခုစလုံးကို ဖြတ်သန်းခဲ့သူ။ ဒေါက်တာ ဖြိုးပြည့်စုံရယ်လို့ ဖြစ်လာတဲ့အချိန်မှာ ဂီတလမ်းခရီးကိုလျှောက်လှမ်းဖြစ်ခဲ့သူ။ အဆိုတော်ဖြိုးပြည့်စုံရယ်လို့ ဖြစ်လာဖို့ အတွက်ကိုလည်း ကာလအတော်များများမှာ ပေးဆပ်ခဲ့ရတာတွေကလည်း အများကြီးဆိုတော့ကာ။ မိမိမှာလည်း ဂီတ ဘက်မှာ နာမည်ရလာပြီ။ ကြားဖူးတာ တစ်ခုကတော့ ဆရာဝန်တွေဆိုတာ သူတို့ရရှိထားတဲ့ ဆေးပညာတွေနဲ့ လူနာတွေကို ဆေးမကုသဘဲမနေနိုင် ကြဘူးလို့ကြားဖူးတယ်။ ဖြိုးပြည့်စုံ ရော အဆိုတော်အလုပ်လုပ်ကိုင်ရင်း ဆေးကုသပေးတာမျိုးတွေ ရှိ၊ မရှိနဲ့ ဆရာဝန် တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ဦးမလားလို့ မေးဖြစ်တဲ့အခါ …

“တကယ်တမ်းက အနုပညာ အပေါ်မှာအချိန်ပိုပေး ဖြစ်နေတာ။ အစ်ကိုတို့ ခရီးတွေသွားရတယ်။ ပြန်လာရင် သီချင်းသွင်းရတယ်။ အခွေထွက်ဖို့ကြိုးစား ရတယ်။ သီချင်း သစ်ထွက်မှပဲ ပရိသတ်တွေက ထပ်အားပေးမယ်။ အဲဒီလို သံသရာကလည်နေတာပေါ့နော်။ အမှန်အတိုင်းပြောရရင် ဆေးပညာမှာ အဲဒီလိုအဆက်ပြတ်သွားလို့ရှိရင် လူနာရဲ့ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ နည်းသွား တာပေါ့နော်။ အစ်ကိုတို့ကတော့ အခြေခံကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုတွေ၊ ကုသမှုတွေကတော့ ခေါင်းထဲ မှာလည်းရှိတယ်။ ဒီလောက်ကတော့ အစ်ကိုတို့လုပ်နိုင် တယ်။Basic Management ကိုတော့ အစ်ကိုတို့ ခေါင်းထဲမှာ ရှိနေပြီးသားဆိုတော့ အစ်ကိုအပါအဝင် ကိုယ့် ပတ်ဝန်းကျင်က ရင်းနှီးသူတွေ အားလုံးကို အကြံဥာဏ် ပေးတာမျိုးပဲဖြစ်ဖြစ်၊ ရောဂါဖြစ်လာရင် ကုသပေးတာ ပဲဖြစ်ဖြစ် လုပ်ပေးနိုင်တာပေါ့နော်။ အဲဒီအတွက်ကတော့ ပီတိဖြစ်ပါတယ်။ ဆိုတော့ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာ မှာ လက်လှမ်းမီတာလေးကို ကုပ်ကပ်ထားသေးတယ်။ ဘယ် အချိန်မှာတော့ မေ့သွားမလဲမသိဘူး။ မမေ့အောင်လည်း ကြိုး စားပါ့မယ်လို့။ ဘာဖြစ်လို့လဲဆိုတော့အချိန် တစ်ခုရောက်လာရင် ဆရာဝန်ပြန် လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်’လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071