Wednesday, January 14, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeCelebrities' Newsအနုပညာ အလုပ်တွေ ပြန်...

အနုပညာ အလုပ်တွေ ပြန် မ လုပ် ဖြ စ် ပေ မယ့် အနုပညာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေသူ ခင်လေးနွယ်

 

ခင်လေးနွယ်က အနုပညာ အလုပ်တွေကို လျှော့လိုက်ပြီး နောက်ပိုင်းမှာ စီးပွားရေးဘက်ကိုပဲ အချိန်ပိုပေးဖြစ် နေပါတယ်။ အခုလက်ရှိမှာ သူငယ်ချင်းတွေနဲ့ အတူ Things 4 U Wedding, Event and Party Supply ဆိုင်ဖွင့်လှစ်ထားသလို Kay Fashion & Fabric House ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

“စီးပွားရေးပဲ လုပ်ဖြစ်တော့မယ်ထင်တယ်။ ဇာတ်ကားရိုက်တာကတော့ ပြန်ရိုက်ဖြစ်ဖို့ မသေချာသ လောက်ရှိနေပြီ။ ဇာတ်ကားရိုက်ရင် စီးပွားရေး လုပ်ဖို့အတွက် အချိန်ပေးရတာ ခက်တယ်။ ဇာတ်ကားရိုက်ရင် တစ်ပတ်လောက်က ပေးရမှာပဲ။ ဒီဘက်ကပေးရင် ဒီဘက်ကလွတ်တယ်။ အလုပ်လုပ်တဲ့ အခါ ကျတော့လည်း တစ်ဘက်က ဝေးသွားပြန်ရော။ ဒါပေမဲ့  အနုပညာ မလုပ်ဘူးဆိုပေမယ့် အခုလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက အဆက်စပ်ရှိနေတယ်။ ဒီအနုပညာ အလုပ်လုပ်ခဲ့လို့လည်း ဒီလုပ် ငန်းမှာ အများကြီး အထောက်အကူပြုတယ်။ ဘယ်ဟာမှာ ကိုယ့် အတွက် နစ်နာသွားတာမရှိဘူး။ အကုန်လုံးက ကိုယ့်အတွက် တစ်ထောင့်တစ်နေရာက လိုအပ်နေတာပဲလေ။ အနုပညာ လုပ်ခဲ့ တုန်းက ကိုယ့်ကိုယ်ကူညီခဲ့တဲ့လူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ ပြောပါတယ်။

ခင်လေးနွယ်က စီးပွားရေးလည်း လုပ်နေသလို စက်ချုပ်သင်တန်းနဲ့ ပန်းအလှဆင်သင်တန်းစတဲ့ လက်မှုပညာသင်တန်းတွေကိုလည်း ဝါသနာပါတဲ့ အတွက် သင်ယူနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီပညာတွေကို သင်ယူဖြစ်ပုံကိတော့ ခင်လေး နွယ်က…

“နဂိုက ကိုယ့်ကိုယ်ကိုယ်ဝါသနာ ပါမှန်းမသိဘူး။ ပွဲတွေပြင်ကြည့်တော့လည်း အသေးစိပ်တွေလုပ်ရတာ ဝါသနာပါတယ်။ အရင်တုန်းက ပန်း ထိုးရတာတွေ စိတ်ကိုမဝင် စားခဲ့ဘူး။ အခုပန်းထိုးသင်တန်းတက်ကြည့် လိုက်တော့ စိတ်ဝင်စားတယ်။creation လုပ်ရ တာလည်း ကြိုက်တယ်။ အမြဲတမ်းလေ့လာ နေမှတတ်တာ။ အမြဲတမ်းလည်း လုပ်ဖြစ်တယ်။ အင်တာနက်တွေကြည့်တယ်။ ပျော်လည်း ပျော် တယ်။ အကျီချုပ်တာကလည်း နဂိုကရည်ရွယ် ချက်က ကိုယ်ဝတ်တဲ့ အင်္ကျီကိုယ်ချုပ်ချင်တယ် ပေါ့။ ကိုယ့်ဘာသာကိုယ် ချုပ်တတ် ရင်ကောင်းမှာ ပဲဆိုပြီး စဉ်းစားပြီး သင်တန်းတက်ချင်တယ် ဆိုပြီး စုံစမ်းတဲ့ အချိန်မှာ ပုံ့က သင်တန်းဖွင့်တာ။ ပုံ့ဆီမှာ တက်တော့ ပိုအဆင်ပြေတာပေါ့။ ကိုယ်အမြဲတမ်း ချုပ်နေတဲ့သူ ဆိုတော့လေ။ လက်မှုပညာဆိုတာ ဘယ် နေရာမှာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ဘယ် အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အရမ်းအထောက် အကူဖြစ်တယ်။ တစ်ချိန်ချိန်ကျရင် အသုံးတည့် လာ မှာပါ။ လောလောဆယ်တော့ ဖက်ရှင်ဆိုင်ဖွင့်ဖို့ သင် တာမဟုတ်ပါဘူး။ဒါပေမဲ့ ဝါသနာပါတယ်။ ကိတ် မုန့်ဖုတ်တာလည်း သွားတက်သေးတယ်။ ဒါပေမယ့် ဝါသနာမပါဘူး”လို့ ပြောပါတယ်။ အခုအချိန်ထိ မမေ့ဘဲ အားပေးကြတဲ့ ပရိသတ်တွေကို အထူး ကျေးဇူးတင်မိပြီး လိုအပ်တာတွေကိုလည်း ဝေ ဖန်ပေးပါလို့ ခင်လေးနွယ်ကဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071