Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentBusinessအနုပညာလွတ်လပ်ခွင့်ကိုနိုင်ငံတကာနဲ့တန်းတူရဖို့လိုအပ်ကြောင်းဖွင့်ဟခဲ့တဲ့ကျော်ဇောလင်း (အတွေးပုံရိပ်)

အနုပညာလွတ်လပ်ခွင့်ကိုနိုင်ငံတကာနဲ့တန်းတူရဖို့လိုအပ်ကြောင်းဖွင့်ဟခဲ့တဲ့ကျော်ဇောလင်း (အတွေးပုံရိပ်)

ဒီနှစ်ထဲမှာပဲ ဒါရိုက်တာ ကျော် ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသဖို့ ရှိနေပေမယ့် ဘယ် ရုပ်ရှင်ဇာတ်ကား အရင်ဆုံးရုံတင်ဖြစ်လာမလဲဆိုတာကိုတော့ သူ့အနေနဲ့ ကြိုမသိနိုင်ကြောင်း ပြောပြပါတယ်။ ဘာလို့လဲ ဆိုရင် တော့ အခု ခေတ်ရုံတင်တဲ့ ပုံစံဟာ ဆင်ဆာ တန်းစီနံပါတ်တွေနဲ့ မဆိုင် တော့တာ ကြောင့် ဖြစ်တယ်လို့ ဆိုပါ တယ်။

“ရုံတင်တဲ့ကိစ္စက ရုံရှင်တွေရဲ့ ရွေးချယ်မှုဖြစ်သွားပြီ။ အရင်တုန်းက လိုမျိုး ဆင်ဆာနံပါတ်နဲ့ တန်းစီတဲ့ စနစ်မဟုတ်တော့ဘူးလေ။ ဆင်ဆာ နံပါတ် ရှေ့ရောက်နေပေမယ့်လည်း ရုံရှင်ရွေးချယ်မှုအရ ဇာတ်ကားတွေ ဟာ နောက်ကိုရောက်ရင် ရောက် နေပါပြီ။ ဒါကြောင့် ဘယ်ဇာတ်ကား တွေ ရုံအရင်တင်လာမလဲ မပြောပြ တတ်တော့ပါဘူး” လို့ ဒါရိုက်တာ ကျော်ဇောလင်းက မှတ်ချက်ပြုဆို ပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားတွေကို နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေနဲ့ ယှဉ်ပြီး နှိမ့်ချပြောဆိုနေတာတွေဟာ လွဲမှားနေတယ်လို့ လက်ရှိအခြေ အနေကို သုံးသပ်ဆိုပါတယ်။

“ဒါပေမဲ့ ကျွန်တော်တို့တွေရဲ့ အနုပညာလုပ်ပိုင်ခွင့်ကျတော့ ဇာတ်လမ်းတွေဖန်တီးတဲ့အခါ လွတ် လပ်ခွင့် မရှိဘူးလေ။ ဇာတ်ညွှန်းတွေ လွတ်လပ်ခွင့်မရှိဘူးလေ။ လွတ်လပ် ခွင့်ရှိဖို့လိုတယ်လေ။ ဒီလိုအရာမျိုး ကျတော့ နိုင်ငံတကာကရုပ်ရှင်တွေ ရတဲ့ အခွင့်အရေးလွတ်လပ်မှုလိုမျိုးလို တန်းတူ မညှိပေးဘူးလေ။ ဇာတ် လမ်းတင်တဲ့အခါ အခက်အခဲက အဲဒါပဲ။ နိုင်ငံတကာလို အနုပညာ လွတ်လပ်ခွင့် ဖန်တီးခွင့်လိုမျိုး အခွင့်အရေးမရှိဘူးလေ။ အနုပညာ နဲ့ပတ်သက်ရင် ဖန်တီးခွင့်ကို နိုင်ငံတကာနဲ့ တန်းတူရဖို့ စဉ်းစား ပေးသင့်တယ်။ နှိမ့်ချပြီးပြောချင်ရင် တော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြောတယ်။ အခွင့်အရေးပေးဖို့ကျရင် ကမ္ဘာနဲ့ ယှဉ်ပြီးတော့ မပြောတာကတော့ ဒါသည် အတော်လေးကို လွဲမှား နေတဲ့ ကွဲလွဲမှုလို့ ပြောရမယ်။ ဒါတွေ ကြောင့် ဇာတ်လမ်းတင်တဲ့အခါမှာ အခက်အခဲတွေ ရှိလာတယ်။ ဆင် ဆာမှာလည်း အခက်အခဲတွေရှိ နေတာဟာ မတူညီတဲ့ သုံးသပ်မှုတွေ ကြောင့်ဖြစ်တယ်လို့ ကျွန်တော် မြင်တယ်” လို့ လက်ရှိအခြေအနေကို ဒါရိုက်တာကျော်ဇောလင်း(အတွေး ပုံရိပ်)က မှတ်ချက်ပြုပြောပြပေးခဲ့ ပါတယ်။

ထက်လူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...