Tuesday, June 23, 2026

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက်...

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏...

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန်...

BRI နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ်က ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရေးသည် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအတွက်...
HomeCelebrities' Newsအွန်လိုင်းမှာဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံရတဲ့အခါ…

အွန်လိုင်းမှာဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံရတဲ့အခါ…

အနုပညာရှင်တွေဆိုတာကတော့ဝေဖန်တိုက်ခိုက်မှုတွေကိုတခြားသူတွေထက်ပိုမိုကြုံတွေ့ရလေ့ရှိပါတယ်။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိသလို မချစ်တဲ့ပရိသတ်တွေလည်းရှိတာမို့ဝေဖန်မှုတွေကြုံရစမြဲဖြစ်ပြီးတစ်ခါတစ်ရံအွန်လိုင်းမှာဆိုးဆိုးရွားရွားဝေဖန်တိုက်ခိုက်ခံရတာမျိုးအထိရှိတတ်တာပါဒီလိုဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံရတဲ့အခါဘယ်လိုခံစားချက်မျိုးဖြစ်မိလဲဘယ်လိုတုံ့ပြန်ဖြစ်လဲစတာတွေကိုအနုပညာရှင်တချို့ထံမေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။

ညိမ်းသော်

ကျွန်တော့်ကို ချစ်တဲ့သူတွေ လည်းရှိသလို မုန်းတဲ့သူတွေလည်း ရှိ တယ်။ သူတို့ဝေဖန်ပေမယ့်လည်း လက်ခံပါတယ်။ အနုပညာအလုပ် ဆိုတာကတော့ ကိုယ့်စိတ်ကိုကိုယ် မပိုင်ပါဘူး။ လူတစ်ယောက်က ကိုယ့်ကို ဆဲရေးတိုင်းထွာလာမယ်ဆိုရင်လည်း ကိုယ်ကပြန်ဆဲလို့မရဘူးလေ။ ကျွန်တော် တို့မှာ ဆဲပိုင်ခွင့်မရှိဘူး။ ကျွန်တော် မော်ဒယ်လ်စပြီးလုပ်တုန်းကဆိုရင် နည်းနည်းစိမ်းနေသေးတော့ ကိုယ့် ကိုတစ်ခုခုပြောတာတို့၊ ဆဲတာတို့၊ တိုက်ခိုက်တာတို့ဆိုရင် ဒေါသထွက် တာပေါ့။ သူငယ်ချင်းတွေက ပြော တယ်။ ပြန်မပြောရဘူး။ မင်းဒီလို လုပ်ရင် ဒီလိုဖြစ်မယ်။ အဲဒီလိုမျိုး ဖြည်းဖြည်းချင်းပြင်ရင်း ပြင်ရင်းနဲ့ ကိုယ်လည်း အနုပညာလမ်းကြောင်းထဲရောက်နေပြီဆိုတော့ အရေထူ သွားပြီ။ ကိုယ်လုပ်ချင်တာလုပ်မယ်။ သူတို့လည်း ပြောချင်တာပြောမယ်။ ကောင်းတာပြောရင် လက်ခံမယ်။ဆိုး တာပြောရင် ကျော်သွားလိုက်မယ်။ ဒါပါပဲ။

ရွှေအိမ်စည်

ကိုယ့်ကို ဝေဖန်တိုက်ခိုက်ကြတဲ့ အတွက် ပိုပြီးတေှာ့အမသညါ ဖြစ် လာတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ကိစ္စ တစ်ခုကို ဘယ်လိုမျိုး Handle လုပ် ရမယ်ဆိုတာကို သိလာတယ်။ အိမ် စည်ကတော့ အိမ်စည်ပုံစံအတိုင်းပဲ နေမယ်။ ကြိုက်သလို ဝေဖန်တိုက် ခိုက်ကြပါ။

နေခြည်ဦး

အခုလိုမျိုး ကိုယ့်ကိုဝေဖန် တိုက်ခိုက်ကြတဲ့အခါ ကိုယ်က ပေါက် ပေါက်ရောက်ရောက်ဖြစ်တာပါ။ ကိုယ့်အကြောင်းကို အမြဲပြောနေဖို့ ဆိုတာ မလွယ်ဘူးလေ။ ကောင်းတာ ပဲဖြစ်ဖြစ်၊ ကဲ့ရဲ့တာပဲဖြစ်ဖြစ်၊ ဝေဖန် တာပဲဖြစ်ဖြစ်၊ တိုက်ခိုက်တာပဲဖြစ် ဖြစ် ကိုယ့်အကြောင်းကို အမြဲတမ်း ပြောနေတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်။

ရွှေပိုးအိမ်

အခုလည်း ကြုံနေရတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်က Perfect မဖြစ် ဘူးလေ။ ကိုယ့်ကို စေတနာနဲ့ ပြော တာရှိတယ်။ သက်သက်ကြီးတိုက် ခိုက်တာရှိတယ်။ သူတို့တွေ ဝေဖန် တိုက်ခိုက်ကြတဲ့အခါ ပြန်ပြီးတော့ ခွန်အားယူတတ်ဖို့ပဲ လိုတာပေါ့။ အဲဒီလို ဝလာတယ်ပြောတဲ့အတွက် ဝိတ်ချချင်စိတ် ပေါက်လာတယ်။ အဲ ဒီလို ပြောကြတဲ့အတွက်လည်း ကျေး ဇူးအများကြီးတင်ပါတယ်။

ဧငြိမ်းဖြူ

အဓိကက Body Shaming လုပ်ခံရတာပေါ့။ ညီမကတော့ အဲဒါ နဲ့ပတ်သက်ပြီး ဘာမှမခံစားရဘူး။ ဘာဖြစ်လို့လဲဆိုရင် ညီမခန္ဓာကိုယ်ကို ညီမကြိုက်နေလို့ပဲ။ တချို့တွေဆိုရင် ရှိတယ်လေ။ တအားပိန်ချင်လို့ ဝိတ် ချနေတဲ့သူတွေရှိတာတောင် ညီမက အရမ်းဝချင်လို့ စားသောက်နေရတဲ့ သူဆိုတော့ ဒါလည်း ကုသိုလ်ကံ ကောင်းခြင်းထဲက တစ်မျိုးလို့ ပြော လို့ရမှာပေါ့။ ညီမလည်း ဝချင်တာပေါ့။ ဝချင်လို့လည်း Gym တွေဆော့တယ်။ ဒါ ပေမဲ့ လက်ရှိခန္ဓာကိုယ်ကို ညီမကြိုက်လားဆိုတော့ ကြိုက်တယ်။ ညီမလိုပဲ Body Shaming လုပ်ခံရ တဲ့သူတွေကိုလည်း စိတ်ဓာတ်မကျပါ နဲ့လို့။ ဝတဲ့သူကချစ်ဖို့ ကောင်းတာ လည်းရှိသလို ပိန်မှချစ်ဖို့ကောင်းတဲ့သူတွေလည်းရှိပါတယ်။ အဓိကက ညီမကတော့ ခန္ဓာကိုယ်လှတာတွေ၊ မလှတာတွေထက် ညီမက တခြားသူ တွေလို မပြောတတ်ဘူး။ ညီမကိုယ့် ကိုယ်ကိုယ်လည်း အားမငယ်ဘူး။ အဓိကကတော့ စိတ်ထားလှဖို့ ပါပဲ။

Ads Space Available


Continue reading

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက် အဖွဲ့ဝင်သက်တမ်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရန် ကမ္ဘောဒီးယား ပြင်ဆင်

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ UNESCO ဆိုင်ရာ ကမ္ဘောဒီးယားအမျိုးသားကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဖျောင်း ဆာကိုနာသည် ပါရီမြို့တွင် UNESCO ညွှန်ကြားရေးမှူးချုပ် ခါလက် အယ်လ်-အီနာနီနှင့် တွေ့ဆုံ၍ အထိမ်းအမှတ်အခမ်းအနားဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏ အဓိကဝန်ထုပ်ဝန်ပိုး ဖြစ်နေ

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဖူလုံရေးရုံး (NHSO) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ထိုင်းနိုင်ငံ၏ Universal Coverage Scheme (UCS) သို့မဟုတ် “ရွှေကတ်” ကျန်းမာရေးအာမခံစနစ် အကျိုးခံစားခွင့်ရှိသူများသည် အဆိုပါဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို စုစုပေါင်း အကြိမ်ရေ သန်း ၁၉၂ ကျော် အသုံးပြုခဲ့ကြောင်း NHSO...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ ဘေးတွဲယာဉ်များနှင့် ယာဉ်မောင်းများအား တရားဝင်လိုင်စင်ထုတ်ပေး၍ စနစ်တကျ ပြေးဆွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး ဝင်းတင့်က ဒေသန္တရလုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071