Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsအခြေခံ လူတန်းစားတွေနဲ့အတူ စိုက်ပျိုး၊မွေးမြူရေး...

အခြေခံ လူတန်းစားတွေနဲ့အတူ စိုက်ပျိုး၊မွေးမြူရေး လုပ်ဖို့ ရည်ရွယ်ထားတဲ့……. ဝေဠုကျော်

Wai-Lu-Kyaw

ခုနောက်ပိုင်း သရုပ်ဆောင် ဝေဠုကျော်ကတော့ သရုပ်ဆောင်လုပ်တာတွေ နည်းသွားပြီး ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများနဲ့ အခက်အခဲ တစ်စုံတစ်ရာကြောင့် ပြည်ပ ကို ရောက်နေကြတဲ့ နိုင်ငံသားများ အခြေချနိုင်ဖို့ သူတို့နဲ့အတူ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတစ်ခု လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

” စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီးတော့ စက်မှုနိုင်ငံဖြစ်အောင် ပူးပေါင်း လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်ခြေရာမဲ့ ကျူးကျော်တွေဆိုရင် သူတို့ရဲ့ ဘဝပန်းတိုင်တွေ ပျောက်နေကြတယ်။ ကျွန်တော်ဆိုလည်း ပန်းတိုင်ပျောက်နေ တယ်။ ကျွန်တော်တို့တွေ နောင် ၅ နှစ်ဆို ဘာဖြစ်ရမယ်။ နောင် ၁ဝနှစ်ဆို ဘာဖြစ် ရမယ်ဆိုတာ မရှိဘူး။ ဒီနေ့စားဖို့၊ မနက်ဖြန်စားဖို့၊ နောက်လစားဖို့ ဆိုတာလောက် ပဲရှိတယ်။ အိမ်ဝယ်နိုင်ကားဝယ်နိုင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့သူတွေ အများ ကြီးပါ။ အဲဒီလိုလူတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုး၊ မွေးမြူရေး လုပ်ချင်တာပါ။ အရမ်းပင်ပန်းမယ်။ နဖူးကချွေး ခြေမကျမယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်မှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံ လူတန်းစားတွေ နောက်ပြီး တစ်ဖက်နိုင်ငံကို ရောက်နေကြတဲ့ အခြေခံလူတန်းစားတွေပြန်လာရင် အခြေခိုင်ဖို့၊ အလုပ်အကိုင်နဲ့ ရပ်တည်နိုင်ဖို့ ရည်ရွယ်တာပါ။ အဲဒီ လုပ်ငန်းအတွက်လည်း ကုန်ကျစရိတ်တွေ အများကြီး စုထားတာရှိ ပါတယ်။ နိုင်ငံခြားနဲ့ တန်းတူအဆင့်မီလုပ်ဆောင်မှာပါ။ ဖြစ် အောင်လုပ်ပါမယ်။ အမြန်ဆုံး ဖြစ်အောင်ကြိုးစားနေပါတယ်။ ဆင်းရဲဒုက္ခဆိုတာ မျိုးစုံရှိတယ်။ ရေကြီးတယ်၊ မုန်တိုင်းတိုက် အဲဒါက ဒုက္ခတွေပေါ့။ ဒါပေမဲ့ ဆင်းရဲတာက ကိုယ်တိုင်ပါဝင်လုပ် ဆောင်ရင်ရပါတယ်” လို့ ပြောခဲ့ပါတယ်။

အနုပညာသမားတစ်ယောက်အနေနဲ့ ပရဟိတလုပ်ငန်း တွေ အခုလို လုပ်ဆောင်နေတဲ့အပေါ် သူ့ရဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး………..

” ကျွန်တော်တို့ အနုပညာသမားတွေဆိုတာက ပြည်သူ တွေ၊ ပရိသတ်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ပရိသတ်တွေ ရှိခဲ့လို့ ကျွန်တော်တို့ ဒီဘဝ ဒီအခြေအနေ ထိ ရပ်တည်နိုင်တာပါ။ အဲဒါကြောင့် ကျွန်တော်က ပရိသတ်တွေ၊ ပြည်သူတွေအတွက် ပြန်ပြီးပေးဆပ် တာပါ။ ရှေ့ကဆရာတွေဆိုလည်း ပြည်သူတွေ အတွက် ပရဟိတတွေ လုပ်ကြတယ်။ အဲဒီဆရာတွေ ကို ကျွန်တော်တို့က အတုယူပြီး ပေးဆပ်တာပါ” လို့ ပြောပါတယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071