Saturday, December 13, 2025

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...
HomeCelebrities' Newsအိချောပို ရဲ့ အားနည်းချက်ကဘာဖြစ်မလဲ

အိချောပို ရဲ့ အားနည်းချက်ကဘာဖြစ်မလဲ

အိချောပိုက ဒါရိုက်တာညီညီထွန်းလွင်ရိုက်ကူး ပုံဖော်ထားတဲ့ ‘ထဘီကျွတ်၍ လွှတ်လိုက်သည်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဇေရဲထက်ရဲ့ ချစ်သူ မသဲအူဆိုတဲ့ ကောင်မလေး နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အိချောပိုအနေ နဲ့  ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ပါဝင်ရိုက်ကူးထား တာဖြစ်ပြီးဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း အမှတ်တရများစွာရှိ ကြောင်းကို အိချောပိုက အခုလို ဆိုပါတယ်။ အိချောပိုက ဒါရိုက်တာညီညီထွန်းလွင်ရိုက်ကူး ပုံဖော်ထားတဲ့ ‘ထဘီကျွတ်၍ လွှတ်လိုက်သည်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဇေရဲထက်ရဲ့ ချစ်သူ မသဲအူဆိုတဲ့ ကောင်မလေး နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အိချောပိုအနေ နဲ့  ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ပါဝင်ရိုက်ကူးထား တာဖြစ်ပြီးဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း အမှတ်တရများစွာရှိ ကြောင်းကို အိချောပိုက အခုလို ဆိုပါတယ်။

“ဒီဇာတ်ကားက ကျောင်းသားဇာတ် လမ်းလေး။ လူငယ်တွေရဲ့ ချစ်ခြင်း မေတ္တာကို အခြေခံထားတဲ့ ဇာတ် ကားလေး ဖြစ်တယ်။။ အိချောကတော့ ဆရာညီညီထွန်းလွင်ခိုင်းတဲ့ အတိုင်းတောာ့ အကောင်းဆုံး ကြိုးစား ထားပါတယ်။ လိုအပ်ချက်လေးတွေ ရှိရင်တော့ ဖြည့်ပြီ ကြည့်ပေး ကြပါ။  အမှတ်တရကတော့ အများကြီးပါပဲ။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်ကရိုက်ကူးထားတာ။ ကိုယ့်အတွက်လည်း ဒီလိုလုပ် ခွင့်ရတဲ့ ဇာတ်ကားမျိုးလေးကို ပထမဦးဆုံး ရိုက်ကူးရတဲ့ ဇာတ်လမ်းမျိုးလေးဆိုတော့ပိုလည်းတာဝန်ကြီးတယ်။ ပိုလည်း ပိုကြိုးစား ထားပါတယ်”  လို့ ပြောပြပါတယ်။ ဒီဇာတ်ကားကို စက်တင် ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် ချစ်တဲ့ ပရိသတ်များ လာရောက်အားပေး ကြည့်ရှုပေး ကြဖို့ကိုလည်း အိချောပိုက ဖိတ်ခေါ်ထားပါသေးတယ်။ အခုလတ်တလောမှာဆိုရင် အိချောပိုအနေနဲ့ သူ့ရဲ့ ထင်ရှားစွာ လှပနေတဲ့  ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေလူတချို့ရဲ့ ဝေဖန်ပြော ဆိုနေခြင်းများကိုခံနေရပါတယ်။

 ဒီအကြောင်းနဲ့ပတ်သက်ပြီး အိချောပိုက  “အိချော ဒီကိစ္စနဲ့ ပတ်သက်ပြီး ရင်တော့ ဘာမှထွေထွေထူးထူး တော့ မရှင်းချင်ပါဘူး။ ဘာလို့လည်း ဆိုတော့ ပရိသတ်တွေက အိချောကို ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့ သူရှိတယ်။ အိချောအပြစ်လည်း မတင်ပါဘူး။ ဘာမှလည်းမဖြစ် ပါဘူး။ ဒီလိုမျိုး ပြောလာတော့ ကိုယ့် ဘက်က စိတ်မကောင်းဖြစ်ရုံကလွဲ ပြီး ဘာမှပြောပိုင်ခွင့်မရှိဘူးလေ။ အနည်းအကျဉ်းတော့ စိတ်တော့ခံစားရတယ်။ ဒါပေမဲ့လည်း ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေရှိတယ်။ အိချောကိုချစ်တဲ့ အမာခံပရိသတ်တွေရှိနေတယ်။  အဲဒါလေးတွေနဲ့ ပဲ အိချော စိတ်ဖြေနေရတာပေါ့။ ပြီးတော့ ဒါက လည်း တချို့ကသက်သက်ကြီးကို ပြောနေသလိုဖြစ်နေ တော့ သူတို့မကြိုက်လို့ ပြောတယ် လို့ပဲ သဘောထား လိုက်ပါ တယ်။ အိချောကတော့ အိချောအလုပ်ကိုပဲ အကောင်းဆုံးကြိုးစားပြီး လုပ်သွား မှာပါ”လို့ပြောပြပါတယ်။

အိချောပိုက သူ့ကိုချစ်တဲ့သူ၊ မုန်းတဲ့သူတွေ ရှိနေပေမယ့်လည်း သူကတော့ ဘယ်သူ့ကိုမှ မမုန်းဘဲ အားလုံးအပေါ် စေတနာထားပြီး အားလုံးကို ကောင်းကောင်းမွန်မွန်ပဲ ပေါင်းသင်းဆက်ဆံချင်ပါတယ်လို့ ပြောလာပါတယ်။ “အိချောကတော့ ဘယ်သူ့ကိုမှ မမုန်းဘူး။ ဘာစိတ်မှလည်း မထားတက်ဘူး။ ကိုယ့်ကိုတော့ ဒီလိုဖြစ် နေပြီဆိုပြီးတော့လည်း အိချောတစ် ခါမှ အဲဒီလို ကြိုမမြင်ခဲ့ဘူး။ ကိုယ့်သဘောအတိုင်းပဲ အကောင်းပဲမြင်တတ်တယ်။ ကိုယ့်ကိုယ်သူတို့ ဘယ်လို စိတ်ထဲထားလည်း ကိုယ်မသိဘူး။ အဲဒါကတော့ အိချောရဲ့ အားနည်းချက်ထင်တာပဲ။ အိချောကို မခေါ်ဘဲ ခပ်တည်တည်နေနေရင်းလည်း ကိုယ်က သွားနှုတ်ဆက်လိုက်တာတို့၊ ကိုယ့်ကို မခေါ်ချင်လို့ လှည့်နေရင်တောင် ကိုယ်ကအတင်းသွား နှုတ်ဆက်လိုက်တာတို့ အဲဒီလိုမျိုးတွေတောင် လုပ်ခဲ့ပါတယ်။ အိချောက မုန်းတဲ့သူတွေ မဖြစ်ချင်ဘူး။ အမြဲတမ်းပဲ စေတနာထားပြီး ကောင်းကောင်းမွန်မွန်ပဲ ပေါင်းသင်းဆက်ဆံချင် ပါတယ်” လို့ အိချောပိုက ပြောပြခဲ့ပါတယ်။ အခုလတ်တလော မှာတော့ အိချောပိုက ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ ‘အံဝင်ခွင်ကျ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ သူရိယ၊ အောင်မင်းခန့်၊ ဂျိုကာ၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071