Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsLocal Newsအိမ်ဖြူတော်နှင့် မလှမ်းမကမ်းနေရာတွင် ပစ်ခတ်မှုဖြစ်ပွား၊...

အိမ်ဖြူတော်နှင့် မလှမ်းမကမ်းနေရာတွင် ပစ်ခတ်မှုဖြစ်ပွား၊ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး သေ-နတ်-ပစ်ခံရ

ဝါရှင်တန်ဒီစီသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် အနောက်ဗာဂျီးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင်(National Guard) နှစ်ဦးသည် အိမ်ဖြူတော်နှင့် မလှမ်းမကမ်းနေရာတွင် ဗုဒ္ဓဟူးနေ့က သေ-နတ်-ပစ်ခတ်ခြင်းခံခဲ့ရသည်။

ပစ်ခတ်မှုသည် အိမ်ဖြူတော်၏ အနောက်မြောက်ဘက် နှစ်ဘ‌လောက်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အနောက်ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အဆိုပါ တပ်ဖွဲ့ဝင်များ သေဆုံးသွားကြောင်း ကနဦးတွင် ပြောကြားခဲ့သော်လည်း၊ ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ “ကွဲလွဲနေသော သတင်းများ ရရှိနေသည်” ဟုဆိုကာ နောက်ပိုင်းတွင် သူ၏ ပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုနှင့် တပ်ဖွဲ့ဝင်များ၏ အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းများကို အုပ်ချုပ်ရေးမှူးရုံးက ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါ။

ဖမ်းဆီးခံထားရသူ သေနတ်သမား မှာလည်း သေနတ်ဒဏ်ရာ ရရှိထားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိဟု ယုံကြည်ရကြောင်း အမည်မဖော်လိုသူ ဥပဒေစိုးမိုးရေး အရာရှိတစ်ဦးက ပြောသည်။

“စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ကျွန်တော်တို့ဟာ ဖက်ဒရယ်အရာရှိတွေနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု အုပ်ချုပ်ရေးမှူး ပက်ထရစ် မောရစ်ဆီက ပြောကြားသည်။

ဥပဒေစိုးမိုးရေး အရာရှိများသည် အခင်းဖြစ်ပွားရာနေရာမှ လုံခြုံရေးကင်မရာ ဗီဒီယိုများကို ပြန်လည်စစ်ဆေးနေပြီး သံသယရှိသူသည် စစ်သားများထံ ချဉ်းကပ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆကြောင်း၊ အမည်မဖော်လိုသည့် အခြား ဥပဒေစိုးမိုးရေး အရာရှိတစ်ဦးက ပြောသည်။

အရာရှိတစ်ဦး၏ ပြောကြားချက်အရ စစ်သားတစ်ဦးက သေနတ်သမားနှင့် အပြန်အလှန် ပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးသူများသည် သေနတ်သမား၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရန် ကြိုးပမ်းနေကြောင်း၊ သံသယရှိသူသည် တပ်ဖွဲ့ဝင်များကို တိကျသော အကြောင်းပြချက် တစ်ခုခုဖြင့် ပစ်မှတ်ထားခြင်း ဟုတ်မဟုတ်ကိုလည်း စုံစမ်းနေကြောင်း အရာရှိက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီး ချက်ချင်းဆိုသလို လူမှုကွန်ရက်တွင် မျှဝေခဲ့သော ဗီဒီယိုများတွင် ရှေးဦးသူနာပြုစုသူများက စစ်သားတစ်ဦးကို နှလုံးအသက်ရှုစက် (CPR) ပေးရန် ကြိုးပမ်းနေသည်ကိုလည်းကောင်း၊ နောက်တစ်ဦးကို လူသွားစင်္ကြံပေါ်တွင် ကုသပေးနေသည်ကိုလည်းကောင်း တွေ့မြင်ရသည်။ အခြားရဲအရာရှိများကလည်း အနီးတွင် လူတစ်ဦးကို ချုပ်နှောင်ထားသည်ကို တွေ့ရသည်။

ထိုသုံးဦးစလုံးကို အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့သားများက ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဝါရှင်တန်ဒီစီ မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုများ၏ ပြည်သူ့သတင်းပြန်ကြားရေးအရာရှိ ဗီတို မက်ဂျီယိုလို က ပြောကြားခဲ့သည်။

အနောက်ဗာဂျီးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် ဩဂုတ်လကတည်းကပင်လျှင် ဝါရှင်တန်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခဲ့သည်။ ၎င်းတို့အနက် ၁၆၀ ခန့်သည် ယခုနှစ်ကုန်အထိ တာဝန်သက်တမ်း တိုးမြှင့်ရန် ဆန္ဒပြုခဲ့ကြပြီး ကျန်သူများမှာမူ လွန်ခဲ့သော တစ်ပတ်ကျော်က အနောက်ဗာဂျီးနီးယားသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

အစောင့်တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့် “တိရစ္ဆာန်” သည် “အလွန်မြင့်မားသော အဖိုးအခကို ပေးရလိမ့်မည်” ဟု ကျေးဇူးတော်နေ့ အတွက် ဖလော်ရီဒါတွင် ရောက်ရှိနေသည့် သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆိုရှယ်မီဒီယာမှတစ်ဆင့် ထုတ်ပြန်ချက်တွင် သတိပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ ခမ်းနားတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့၊ စစ်တပ်နဲ့ ဥပဒေစိုးမိုးရေးအဖွဲ့အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။ သူတို့ဟာ စစ်မှန်တဲ့ ခမ်းနားတဲ့သူတွေပါ။ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတတစ်ဦးအနေနဲ့ရော၊ သမ္မတရုံးနဲ့ ဆက်စပ်သူတိုင်းဟာ ခင်ဗျားတို့ဘက်က ရှိနေပါတယ်” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ကလည်း “ယုံကြည်သူတိုင်း” သည် အစောင့်တပ်ဖွဲ့ဝင်နှစ်ဦးအတွက် ဆုတောင်းပေးကြရန် တိုက်တွန်းခဲ့သည်။ သေနတ်သမား၏ ရည်ရွယ်ချက်အပါအဝင် မသိသေးသည့် အချက်များစွာ ကျန်ရှိနေသေးကြောင်းကိုလည်း သူက သတိပေးခဲ့သည်။

“ကျွန်တော်ထင်ပါတယ်၊ စစ်သည်တွေဟာ တက်ကြွစွာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်စေ၊ အရန်အင်အား‌တွေပဲဖြစ်စေ၊ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေဖြစ်စေ၊ ကျွန်တော်တို့ရဲ့ စစ်သည်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဓားနဲ့ ဒိုင်းတွေပါပဲ” ဟု ဗန့်စ်က တပ်ဖွဲ့ဝင်များထံ ကျေးဇူးတော်နေ့ သတင်းစကား ပေးပို့ရင်း ပြောကြားခဲ့သည်။

လွန်ခဲ့သောတစ်ပတ်က ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါတပ်ဖြန့်ချထားမှုကို ရပ်စဲရန် အမိန့်ချမှတ်ခဲ့သော်လည်း အမိန့်ကို ပြန်လည်ဆိုင်းငံ့ထားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071