Saturday, May 16, 2026

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆...

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း...

ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ

ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေးကို ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း...

မြန်မာအမျိုးသမီး လိဂ်ရာသီသစ်အတွက် မြဝတီအသင်း ပြင်ဆင်မှုစတင်၊...

လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏...

မုတ်သုံရာသီမတိုင်မီ ပုသိမ်ကြီးရှိ ပဋိပက္ခဒ-ဏ်ခံ မိသားစု...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပဋိပက္ခဒ-ဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရပြီးနောက် ပြန်လည်အခြေချနေ ထိုင်နေသည့် အိမ်ထောင်စု (၆၈၅) စုအတွက် လာမည့် မုတ်သုံရာသီအမီ ပြင်ဆင်နိုင်ရန် ရည်ရွယ်၍...
HomeNewsLocal Newsအိမ်ထောင်စု (၆၀၀၀) နီးပါးကို...

အိမ်ထောင်စု (၆၀၀၀) နီးပါးကို လျှပ်စစ်ဓာတ်အားပေးနိုင်မည့် နန့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ နန့်ပငချောင်းပေါ်တွင် ရေထိန်းတမံတည်ဆောက်၍ ရေသို လှောင်ပြီး ရရှိရေအားအမြင့်ကို အသုံးချလျက် (၆)မဂ္ဂါဝပ် ထွက်ရှိမည့် အသေးစား ရေအားလျှပ်စစ်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းမှ ထွက်ရှိလာမည့် လျပ်စစ်ဓာတ်အားကို ဟုမ္မလင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၂၆)ရွာရှိ အိမ်ထောင်စု (၅၉၇၀)ခန့်ကို ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅) မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိကာ Concrete Gravity Dam တမံ အမျိုးအစားဖြစ်ကာ တပ်ဆင်စက်အင်အားမှာ (၆) မဂ္ဂါဝပ်မှ နှစ်စဉ် လျှပ်စစ်ဓာတ်အား (၃၄.၆၈) သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Photo – Welcome to Homalin

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ စစ်မှန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် အမျိုးသားအားတိုးဆေးအချို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲအမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်...

ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ

ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေးကို ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းရန် စိစစ်ပြုစုခြင်း၊ ပုဂ္ဂလိက ငါးပုစွန်အစာတောင့်စက်ရုံများက မှတ်ပုံတင်ရေးနှင့် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ ပံ့ပိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးအစာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက...

မြန်မာအမျိုးသမီး လိဂ်ရာသီသစ်အတွက် မြဝတီအသင်း ပြင်ဆင်မှုစတင်၊ ကစားသမားဟောင်းများကို စာချုပ်သစ် ချုပ်ဆို

လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ အဓိက ကစားသမားဟောင်းများကို စာချုပ်အသစ်ပြန်လည်ချုပ်ဆိုကာ ပြင်ဆင်စုဖွဲ့မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၂၅- ၂၀၂၆ ရာသီတွင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသကာ ကြိုးစားပေးခဲ့သည့် ကစားသမားများကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် ယခုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ကစားသမားကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် လာမည့်ရာသီသစ်တွင် အသင်းရှေ့ဆက်ရမည့် ခရီးလမ်းအောင်မြင်မှုများအတွက် အင်အားတစ်ရပ် ဖြစ်လာလိမ့်မည်ဟုလည်း မြဝတီအသင်းက ပြောကြားထားသည်။ လက်ရှိတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071