လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women’s League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ အဓိက ကစားသမားဟောင်းများကို စာချုပ်အသစ်ပြန်လည်ချုပ်ဆိုကာ ပြင်ဆင်စုဖွဲ့မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၂၅- ၂၀၂၆ ရာသီတွင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသကာ ကြိုးစားပေးခဲ့သည့် ကစားသမားများကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် ယခုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ ကစားသမားကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် လာမည့်ရာသီသစ်တွင် အသင်းရှေ့ဆက်ရမည့် ခရီးလမ်းအောင်မြင်မှုများအတွက် အင်အားတစ်ရပ် ဖြစ်လာလိမ့်မည်ဟုလည်း မြဝတီအသင်းက ပြောကြားထားသည်။
လက်ရှိတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် ရာသီသစ်တွင် အကောင်းဆုံးရလဒ်များ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
