Sunday, June 22, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့်...

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...
HomeArticlesအိမ်မက်ထဲဝယ် လုယယ် လာတယ်

အိမ်မက်ထဲဝယ် လုယယ် လာတယ်

 

ကဗျာ တစ်ပုဒ်ကိုစွဲလန်းရာ က ကဗျာရေးသူ ကဗျာဆရာမကိုယ်တိုင် ကျွန်တော့် စားပွဲရှေ့ ရောက်လာတယ်။ ကျွန်တော် အိပ်မက်ထဲမို့ ကျွန်တော် ‘နေရာ ကောင်း’ ယူတာတော့ မဟုတ်ပါဘူး။ အိပ်မက်ထဲမှာ ကျွန်တော်က ‘ကပ်စတန် လူကြီးမင်း’ ကဗျာဆရာမ လုယယ် ကပ်စတန် လူကြီးမင်းဖြစ်တဲ့ ကျွန်တော့် ကို  အခုလိုအရှည်ကြီးတွေ လာရှင်းပြ နေပါတယ်။ တစ်ပုဒ်ကိုစွဲလန်းရာ က ကဗျာရေးသူ ကဗျာဆရာမကိုယ်တိုင် ကျွန်တော့် စားပွဲရှေ့ ရောက်လာတယ်။

“မင်္ဂလာပါ ကပ်စတန်လူကြီး မင်း” ကျွန်မဆယ့်ငါးနာရီပျံသန်းခဲ့ရ ပါတယ်။ နောက်ဆုံးတော့ လူကြီး မင်းတို့နိုင်ငံရဲ့ တံခါးပေါက်ရှေ့မှာ ရောက်ရှိလို့နေပါပြီ။ အသားဝါ မျက်လုံးနက်နဲ့ အင်္ဂလိပ်စကားမျိုးကို ပြောနေတယ်။ ဟိုး .. မြစ်ဝါမြစ် ဘေးက ထိုက်စန်တောင်ခြေမှာ သင် ယူခဲ့တဲ့ အင်္ဂလိပ်စကားမျိုးပါ။ ခင် ဗျားအမေးနဲ့အမြန်းကို ပြန်လည်ဖြေ ကြားနေရဲ့။ ဒါ နိုင်ငံကူးလက်မှတ် ပါ။ ဒါက ဖိတ်ခေါ်စာ။ အပေါ်က ဗီဇာ။ ကျွန်မဒီကိုလာတဲ့ ရည်ရွယ် ချက်က ရုပ်ပုံစာလုံးတွေကို ပေါင်း ဖက်စာလုံးဖြစ်အောင်၊ ပေါင်းဖက်စာ လုံးတွေကို ပုံရုပ်စာလုံးဖြစ်အောင် လုပ်ဆောင်ပေးဖို့ပါ။  ဟုတ်ကဲ့ ကာစတန်ကြီးမင်းရှင့် ပါလာတဲ့ ပစ္စည်းတွေကို ကျွန်မစာ ရင်းတင်ပါ့မယ်။  လက်ဖက်ခြောက်နှစ်ဘူး၊ တရုတ်ပြည် ‘ကျန်းနန်’ ကထွက်တာ။ လုံးကြင်လို့ခေါ်တယ်။

နွေဦးမှာ စိမ်း စိမ်းနုနု အညွှန့်အဖူးလေးတွေကို ရွေးပြီး၊ ခူးပြီးနှပ်ထားတဲ့ လက်ဖက် သားပါပဲ။ ဒီမှာအရက် တစ်ပုလင်း စည်ပင် သာယာတဲ့ ပြည်ထောင်ကြီး တစ်ခုနဲ့ အတူ၊ နှစ်ထောင်ချီ ကြိုင် သင်းနေတဲ့ အမွှေးရနံ့တစ်ခုပါ့။ သူ့ နာမည်လေးက ‘ မောင်ထိုင်’ ကပ်စတန် လူကြီးမင်းရှင့်။  နောက်ထပ်ရှင်းပြစရာလေး တွေ ရှိပါသေးတယ်။ အရေးအသား ရှုပ်ခက်တဲ့တရုတ်စာလုံးတွေနဲ့ ကြိုး သီဖောက်ချုပ်ထားတဲ့ စာအုပ်တစ် အုပ်။ လက်ဝဲဘက်ကနေ လက်ယာ ဘက်ကို လှန်ရတယ်။ စာမျက်နှာ တိုင်းဟာလည်း လက်ယာဘက်က လက်ဝဲဘက်အတိုင်း၊ အထက်က အောက်အတိုင်းကြည့်ရမယ်။ ဖတ်ရ မယ်။ အဲဒီစာအုပ်စာမူနဲ့ စာရေးသူက အမျိုးသမီးက’လီ’ အမည်က ‘ပိုင်’ တဲ့။ ဒါနဲ့ ကပ်စတန်လူကြီးမင်း  ဟုတ်တာပေါ့။ ကျွန်မကိုပါ ပေါင်းပြီး စာရင်းတင်ရဦးမယ်။ သူက တည်ကြည်တဲ့သူ။ စွဲမြဲတဲ့သူ။ နူးညံ့ ပျော့ပျောင်းတဲ့သူ။

ထိလွယ်ရှလွယ် နဲ့ ရင်ခုန်ခံစားလွယ်သူ။ မိမိကိုယ် တစ်ပိုင်လုံး ကဗျာထဲ ဖို့နှစ်မြှပ်ပစ်မယ့် လူ။  ဒီမယ် ကပ်စတန်လူကြီးမင်း ဟုတ်ပါတယ်။ ကျွန်မဘဝမှာ ဒီတစ်ခေါက်ပဲ ဒီလောက်ဝေးဝေးလံ လံ ထွက်ဖူးတာ။ ခရီးမိုင်ပေါင်းများ စွာက ဖုန်တွေလူးပေကပ်ငြိလို့ပေါ့။ ပစိဖိတ်မိုးကောင်းကင်က တိမ်တွေ လည်း ထွေးပွေ့လို့ပေါ့။  ကပ်စတန် လူကြီးမင်းရယ်။  ဒီမယ်ကပ်စတန်လူကြီးမင်း ဒီမယ်ကပ်စတန်လူကြီးမင်း ဒီမယ်ကပ်စတန်လူကြီးမင်း ဒီမယ်ကပ်စတန်လူကြီးမင်း ဒီမယ် … ဒီမယ်…ဒီမယ် နောက်ဆုံးတော့ ကျွန်တော် အိပ်မက်အပြင်ကို ‘ခုန်’ထွက်လိုက်ရ တယ်။ နားမခံနိုင်တော့လို့။ တရုတ် ပြည်နဲ့ ခေတ်သစ်အကောင်းဆုံး  အမျိုးသမီးက ကဗျာဆရာမ ၁ဝ တွင်ပါဝင်တဲ့ ကဗျာဆရာမ လုယယ်။ ကျွန်တော်က အိပ်မက်ထဲတောင် ‘ဖျား’ပါတယ်လို့ အော်လိုက်ပါတယ် ခင်ဗျား။

ကိုငြိမ်း(မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071