အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ ဥမင်လိုဏ်ခေါင်းပေါက်ကွဲမှုတွင် အလေ-ာင်း ခုနစ်လေ-ာင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားခဲ့သောကြောင့် ဖြစ်စဉ်အတွင်း ေ-သဆုံးသူဦးရေ သည် ၂၂ ဦး အထိ များပြားလာခဲ့သည်။
ယင်းဖြစ်ရပ်သည် ဆမ်မာဒန်းရွာရှိ တီးစတာမြစ်ပေါ်ရှိ အစိုးရပိုင် နိုင်ငံတော်ရေအားလျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်း(NHPC) ၏ စီမံကိန်းတွင် ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဥမင်လိုဏ်ခေါင်းတွင် ကျောက်တုံးများအတွင်း ပိတ်မိနေသော သို့မဟုတ် ထွက်လာသော မီးသိန်းဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာသည်ဟု သံသယရှိသော ပေါ-က်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးခိုးငွေများနှင့် အဆိပ်ဓာတ်ငွေ့များ ပြည့်နှက်နေကာ NHPC မှ အလုပ်သမားနှင့် အရာရှိ ၂၅ ဦး ပိတ်မိသွားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကျန်ရှိနေသော ပိတ်မိနေသူများကို ရှာဖွေရန် အထူးကျွမ်းကျင်အဖွဲ့များက အနီးကပ်ညှိနှိုင်းဆောင်ရွက်နေကြသည်ဟု ဆစ်ကင်းပြည်နယ်အစိုးရက ဖေ့စ်ဘုတ်ပို့စ်တွင် ပြောကြားခဲ့သည်။
ပိတ်မိနေသူများ၏ အသက်ရှင်လွတ်မြောက်နိုင်ခြေမှာမူ အလွန်နည်းပါးကြောင်း အာဏာပိုင်များက သတိပေးသည်။
မတော်တဆမှုအတွင်း ေ-သဆုံးရသူများ၏ မိသားစုဝင်များကို အိန္ဒိယရူပီး ၅ သိန်း ပေးအပ်သွားမည်ဖြစ်ကြောင်း NHPC က ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
