Thursday, July 23, 2026

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ...

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊...

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift...

ထိုင်း၊ဇူလိုင်-၂၃ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍...

ရိုးရာဖို-က်တာ နက္ခတ်မင်း ONE Championship...

ရန်ကုန်၊ ဇူလိုင် ၂၃ မြန်မာရိုးရာလက်ဝှေ့ဖို-က်တာ နက္ခတ်မင်းသည် ONE Championship တွင် ပွဲဦးထွက်အဖြစ် အတွေ့အကြုံရင့် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE...

အိန္ဒိယတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပေါက်ကွဲ၊ ၂၂...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ ဥမင်လိုဏ်ခေါင်းပေါက်ကွဲမှုတွင် အလေ-ာင်း ခုနစ်လေ-ာင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၂၂ ရက်နေ့တွင်...
HomeNewsLocal Newsဆော်ဒီနှင့်ယူအက်စ်တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရရှိ

ဆော်ဒီနှင့်ယူအက်စ်တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရရှိ

အမေရိကနှင့် ဆော်ဒီအာရေဗျတို့သည် အရပ်ဘက်နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး သဘောတူညီချက်အရ ဆော်ဒီဘုရင့်နိုင်ငံသည် အမေရိကန်နည်းပညာကို အသုံးပြု၍ နျူကလီးယားဓာတ်ပေါင်းဖိုများကို တည်ဆောက်နိုင်မည်ဖြစ်ကာ ယူရေနီယံကိုလည်းသန့်စင်နိုင်မည်ဖြစ်သည်။
        
ဆော်ဒီနှင့် အရပ်ဘက်နျူကလီးယားသဘောတူညီချက်ရရှိရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပထမသက်တမ်းအစိုးရနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရနှစ်ရပ်စလုံးတွင် နှစ်များစွာ လုပ်ဆောင်ခဲ့သည်။
      
ဘိုင်ဒင်၏ အစီအစဉ်နှင့် မတူသော လက်ရှိသဘောတူညီချက်တွင် ကုလသမဂ္ဂ၏ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများကို လုပ်ဆောင်ခွင့်ပြုသည့် နောက်ဆက်တွဲ သဘောတူညီချက် မပါဝင်ပေ။
      
သဘောတူညီချက်အရ ဆော်ဒီအာရေဗျကို ယူရေနီယံသန့်စင်ခြင်းနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်နှစ်ခုလုံးသည် နျူကလီးယားလက်နက်ပြုလုပ်ရန် အလားအလာရှိသော လမ်းကြောင်းများဖြစ်သည်။
      
ယူအေအီးသည် ၂၀၀၉ ခုနှစ်တွင် အမေရိကနှင့် အလားတူသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့စဉ်က ယင်းလုပ်ငန်းစဉ်နှစ်ရပ်ကို စွန့်လွှတ်ရန် သဘောတူခဲ့သည်။
        
အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ်ရိုက်နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင်ဆယ်လ်မန်တို့သည် နှစ်နိုင်ငံ ကာကွယ်စောင့်ရှောက်ရေး သဘောတူညီမှုနှင့်အတူ ၁၂၃ သဘောတူညီချက်ဟု လူသိများသော သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
        
သဘောတူညီချက်သည် ကမ္ဘာ့အခိုင်မာဆုံး နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်အဏုမြူစွမ်းအင်အက်ဥပဒေပါ သဘောတူညီချက်များကို လိုက်နာကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
        
အမေရိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပါက နျူကလီးယားပြန့်ပွားမှုစံနှုန်းများ ကွဲလွဲသော တရုတ် သို့မဟုတ် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရနိုင်ကြောင်း ဆော်ဒီအာရေဗျက ကြာမြင့်စွာကတည်းက ပြောကြားထားသည်။
        
သဘောတူညီချက်သည် ယခုအခါ ကွန်ဂရက်သို့ ရောက်ရှိနေပြီဟု စွမ်းအင်ဌာနက ပြောကြားခဲ့သည်။ ကွန်ဂရက်လွှတ်တော်သည် အစည်းအဝေး ရက် ၉၀ အတွင်း သဘောတူညီချက်ကို ကန့်ကွက်ရန် မဲခွဲဆုံးဖြတ်ခြင်းမရှိပါက သဘောတူညီချက်သည် အသက်ဝင်မည်ဖြစ်သည်။ သို့ရာတွင် သမ္မတ၏ ဗီတိုအာဏာကို ကျော်လွှားရန်မူ ကန့်ကွက်မဲသည် သုံးပုံနှစ်ပုံ အများစုရရှိရန် လိုအပ်မည်ဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ စာသင်ကျောင်း(၁)ကျောင်းကိုလည်း ခေတ္တပိတ်ခဲ့ရ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်တွင်တည် ထားသည့် ဉာဏ်တော်အမြင့်(၃၀)ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း(၃)ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရတက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်၊ အကျယ်(၅)ပေခန့် စေတီ(၉)ဆူအ နက်(၈)ဆူပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအားကာရံထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ(၁၃၈) ပေခန့်လည်းပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်းရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း...

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift ယာဉ်တို-က်မိ၍ မြန်မာအလုပ်သမားတစ်ဦး ပြင်းထန်ဒ-ဏ်ရာရ

ထိုင်း၊ဇူလိုင်-၂၃ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားသံမှူးနှင့်အဖွဲ့က ဆေးရုံသို့ သွားရောက်ကာ ကုသပေးနေသည့် ဆရာဝန်များနှင့် တွေ့ဆုံ၍ လူနာ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး ဒ-ဏ်ရာရရှိထားသည့် မြန်မာအလုပ်သမားနှင့်လည်း တွေ့ဆုံအားပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထို့ပြင် အဆိုပါ အလုပ်သမားအတွက် ရရှိသင့်သည့် လျော်ကြေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်...

ရိုးရာဖို-က်တာ နက္ခတ်မင်း ONE Championship ပွဲဦးထွက်တွင် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ထိုးသ-တ်မည်

ရန်ကုန်၊ ဇူလိုင် ၂၃ မြန်မာရိုးရာလက်ဝှေ့ဖို-က်တာ နက္ခတ်မင်းသည် ONE Championship တွင် ပွဲဦးထွက်အဖြစ် အတွေ့အကြုံရင့် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့နှစ်ဦး၏ ပွဲစဉ်ကို မနက်ဖြန် ဇူလိုင် (၂၄) ရက်တွင် ကျင်းပမည့် ONE Friday Fights-163 ပြိုင်ပွဲ၏ ပတွဲခေါင်ဆိုင်းအဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။ နက္ခတ်မင်းသည် ယခင်က ပွန်ပက်နှင့် ထိုးသ-တ်ရန် စီစဉ်ထားသည့် ဖိုက်တာ ဒက်ချို ဒ-ဏ်ရာကြောင့် နုတ်ထွက်သွားခဲ့သဖြင့် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071