Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeInternationalအိန္ဒိယတွင် လင်းပိုင်အား မတော်တဆ...

အိန္ဒိယတွင် လင်းပိုင်အား မတော်တဆ ဖမ်းမိပြီးနောက် စားပစ်လိုက်သော တံငါးသည်များကို ရဲများ လိုက်ဖမ်းနေ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်ရှိ ရဲတပ်ဖွဲ့သည် ယမုံနာမြစ်မှ လင်းပိုင်တစ်ကောင်အား မတော်တဆဖမ်းမိသည်ဟုဆိုကာ စားပစ်လိုက်သော တံငါးသည် ငါးဦးကို အမှုဖွင့် အရေးယူထားကြောင်း ပီတီအိုင် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ လင်းပိုင်နှင့် ပတ်သက်သော ဗီဒီယိုသည် ဇူလိုင်လ ၂၃ ရက် တနင်္ဂနွေနေ့တွင် အင်တာနက်ပေါ်၌ နာမည်ကြီးသွားပြီးနောက် ရဲများက ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

ကောင်းရှန်မ်ဘီ ခရိုင်ရှိ ရဲတပ်ဖွဲ့က ၎င်းတို့သည် ပြစ်မှုကျူးလွန်သူ တံငါးသည် ငါးဦး အနက် မှ တစ်ဦးကို ဖမ်းမိထားပြီး အခြားသူများကိုလည်း ဖမ်းဆီးရန်အတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ ထိုတံငါးသည်များကို ယမုံနာမြစ်ရှိ ဂင်္ဂါမြစ်လင်းပိုင်များကို အမဲလိုက်ဖမ်းဆီးမှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

ဖမ်းခံထားရသူ၏ အမည်မှာ ရန်ဂျစ်ဖြစ်ပြီး ဆန်ဂျေး၊ ဒီဗန်၊ ဘာဘာဂျီနှင့် ဂင်ဒါလာ တို့ကမူ ထွက်ပြေးနေဆဲဖြစ်သည်ဟု သိရသည်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ အင်တာနက်အသုံးပြုသူများကပါ ဒေါသူပုန်ထနေပြီး ထိုတံငါးသည်များအား ပြင်းထန်သော ပြစ်ဒဏ်ပေးရန် တောင်းဆိုထားသည်။ လင်းပိုင်များသည် ချစ်စရာအကောင်းဆုံးနှင့် ဉာဏ်အကောင်းဆုံး သတ္တဝါများထဲမှ တစ်ခုဖြစ်ပြီး လူသားတစ်ဦးကဲ့သို့ စိတ်ခံစားချက် အားလုံးနီးပါးကို ချပြတတ်သည့်အပြင် မျိုးသုဥ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော သတ္တဝါမျိုးစိတ်လည်း ဖြစ်သည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071