Saturday, May 16, 2026

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) အဖွဲ့...

ယခုနှစ်အတွင်း ချစ်ကြည်ရေးလှုပ်ရှားမှု တစ်ရပ်ကျင်းပပြုလုပ်ရေးဆွေးနွေး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် အဖွဲ့သည် ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ကူမင်းမြို့သို့‌...

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆...

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း...

ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ

ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေးကို ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း...

မြန်မာအမျိုးသမီး လိဂ်ရာသီသစ်အတွက် မြဝတီအသင်း ပြင်ဆင်မှုစတင်၊...

လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏...
HomeNewsLocal Newsအားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့...

အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေကြောင်း မိုးဇလထံမှ သိရသည်။

ထို့ကြောင့် ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေ ရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကာ ယင်းမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) အဖွဲ့ ယူနန်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်

ယခုနှစ်အတွင်း ချစ်ကြည်ရေးလှုပ်ရှားမှု တစ်ရပ်ကျင်းပပြုလုပ်ရေးဆွေးနွေး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် အဖွဲ့သည် ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ကူမင်းမြို့သို့‌ မေလ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြောင်း သိရသည်။ ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ဥက္ကဌ Ms, Wang Yu နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ‌ရှေ့လုပ်ငန်းစဉ်များ၊ ပြည်သူချင်း ချစ်ကြည်ရေး၊ပူးပေါင်းဆောင်ရွက်ရေး၊ ယခုနှစ်အတွင်း ထူးခြားသော ယူနန်ပြည်နယ်အသင်းနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ချစ်ကြည်ရေးလှုပ်ရှားမှုတစ်ရပ် ကျင်းပပြုလုပ်ရေး ဆွေးနွေးခဲ့ကြောင်း...

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ စစ်မှန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် အမျိုးသားအားတိုးဆေးအချို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲအမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်...

ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ

ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေးကို ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းရန် စိစစ်ပြုစုခြင်း၊ ပုဂ္ဂလိက ငါးပုစွန်အစာတောင့်စက်ရုံများက မှတ်ပုံတင်ရေးနှင့် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ ပံ့ပိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးအစာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071