အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လေကြောင်းလိုင်းများ သည် ခရီးစဉ်များကို ပျံသန်းမှု တွင် အနှောက်အယှက်များ ရှိနေသော်လည်း ထိုင်းနှင့် အရှေ့တောင်အာရှ တွင် စီးပွားရေး လုပ်ငန်းသုံးဂျက်လေယာဉ် ကို အသုံးပြုမှု များပြားလာကာ နိုင်ငံတကာတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန် ချမ်းသာသော ပုဂ္ဂိုလ်များထံ ၎င်းတို့၏ နောက်ဆုံးပေါ် ခရီးဝေးပျံသန်းေသာလေယာဉ်မိုဒယ်များကို စျေးကွက် တင်ရောင်း ချ လျက်ရှိသည်။
ကမ္ဘာ့စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်စျေးကွက်သည် တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာနေသည်။ စျေးကွက်သုတေသနအတိုင်ပင်ခံကုမ္ပဏီ Astute Analytica ၏ အဆိုအရ 2024 ခုနှစ်တွင် တန်ဖိုး US$ 20.8 billion နှင့် 2033 ခုနှစ်တွင် $29.8 billion အထိရောက်ရှိရန် ခန့်မှန်းထားသည်။
“စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ အတော်များများဟာ အချိန်ကုန်သက်သာပြီး သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးတဲ့အတွက် ပုဂ္ဂလိက ဂျက်လေ ယာဉ်တွေ လိုအပ်တာကို အခုမြင်တွေ့နေရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ပုဂ္ဂလိကဂျက်လေယာဉ် အော်ပရေတာနှင့် စီမံခန့်ခွဲမှုကုမ္ပဏီ MJets အမှုဆောင်အရာရှိချုပ် Natthapatr Sibunruang က ပြောကြားခဲ့သည်။
“ပုဂ္ဂလိကဂျက်လေယာဉ်တွေက သူတို့ကို လုပ်ငန်းတွေနဲ့ အဆက် မပြတ်ရှိနေစေပြီး အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ အော်ပရေတာတွေနဲ့ လုပ်ငန်းအရ ဆက်ဆံရတဲ့အခါ သူတို့ရဲ့လုပ်ငန်းကို ရှေ့ဆက် လုပ်ဆောင်လို့ရစေ ပါတယ်။”
ထိုင်းနိုင်ငံတွင် နိုင်ငံရေးသမားများနှင့် စွန့်ဦးတီထွင်သူများ သည် ကိုယ်ပိုင်ဂျက်လေယာဉ်များ ကို ပိုမိုပိုင်ဆိုင်လာကြသည်။ Astute Analytica ၏ အဆိုအရ ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် လုပ်ငန်းရှင်များတွင် ကိုယ်ပိုင်ဂျက်လေယာဉ် ၄၅ စီးခန့်ရှိသည်။
Ref ဘန်ေကာက်ပို့စ်
