Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsအာရှသား သန်းပေါင်းများစွာက မြွေနှစ်ကို...

အာရှသား သန်းပေါင်းများစွာက မြွေနှစ်ကို ကြိုဆို

အာရှတိုက်တစ်ဝန်းရှိ သန်းနှင့်ချီသော လူများသည် ဇန်နဝါရီလ၂၉ ရက်တွင် နဂါးနှစ်ကို နှုတ်ဆက်ကာ မြွေနှစ်ကို ကြိုဆိုကြရင်း ၎င်းတို့၏ မိသားစုများနှင့်အတူ တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့ကြသည်။

တရုတ်လူမျိုးများသည် ၂၀၂၅ ခုနှစ်အတွက် ၈ ရက်ဆက်တိုက် ရုံးပိတ်အားလပ်ရက်များတွင် အစားအသောက်များ မျှဝေခြင်း၊ ရိုးရာဖျော်ဖြေပွဲများကို သွားရောက်ခြင်းနှင့် မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် နှစ်ကူးပွဲကို ဆင်နွှဲနေကြသည်။

အားလပ်ရက်များကို ၎င်းတို့ ချစ်ခင်ရသူများနှင့် ဖြတ်သန်းရန် လူသန်းနှင့်ချီ၍ နေရပ်ပြန်ကြသည့်အတွက် နိုင်ငံတစ်ဝန်းရှိ ရထားဘူတာရုံများ၊ လေဆိပ်များတွင် ရက်သတ္တပတ်များစွာ ခရီးသွားများဖြင့် ပြည့်ကျပ်နေပြီး နှစ်ကူးချိန် ရွှေ့ပြောင်းဝင်ရောက်မှုသည် စံချိန်တင်အရေအတွက် ဖြစ်ဖွယ်ရှိသည်။

တောင်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့နှင့် အရှေ့တောင်အာရှဒေသများစွာတွင် လမ်းများ၊ ဈေးဝယ်စင်တာများ၊ ရုံးခန်းများနှင့် နေအိမ်များတွင် ကံမကောင်းသော အညံ့အဆိုးများမှ ကာကွယ်သည်ဟု ယုံကြည်သော ပွဲတော်အစဉ်အလာ အနီရောင်နဖူးစည်းစာတမ်းများကို ချိတ်ဆွဲထားကြသည်။

ထိုင်ဝမ်တွင် ဇန်နဝါရီလ ၂၉ ရက်မနက်ပိုင်း၌ ကျွန်းတစ်ခွင့်ရှိ ဘုရားကျောင်းများတွင် အသက်အရွယ် အသီးသီး ရှိကြသော လူများသည် သစ်သီးများ၊ သကြားလုံးများ၊ မုန့်ကြွပ်များနှင့် အခွံမာသီးများ ကို ကပ်လှူကြကာ အစစအရာရာ ပြေလည်စေရေး ဝတ်ပြုဆုတောင်းကြသည်။

“ဘုရားကျောင်းကိုသွားပြီး ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ရစေဖို့ ဆုတောင်းကြတာက ကျွန်မတို့ ဓလေ့ပါ” ဟု တိုင်ပေမြို့ရှိ Longshan ဘုံကျောင်းသို့ မိခင်နှင့်အတူ သွားရောက်ခဲ့သော အသက် ၃၆ နှစ်အရွယ် မစ္စ Chen Ching-yuan က ပြောသည်။

“ဘာကိုမှ တိတိကျကျဆုတောင်းနေစရာ မလိုပါဘူး၊ အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘေးဥပဒ် ကင်းပြီး ကျန်းမာတဲ့နှစ်ဖြစ်ပါစေလို့ ခြုံပြီး ဆုတောင်းသလို အားလုံးလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု သူက အေအက်ဖ်ပီကို ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071