ယနေ့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့ကြသည့် အာရှဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းက အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် သန်းပိုင်နှင့် ဒုတိယပိုင်းတွင် ခွန်ကျော်ဇင်ဟိန်းက သွင်းယူပေးခဲ့သည်။
မြန်မာအသင်းအနေဖြင့် အာရှဖလားခြေစစ်ပွဲတွင် အာဖဂန်နစ္စတန်အသင်းကို နှစ်ကျော့ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ကျော့စလုံး အနိုင်ရရှိခဲ့သည်။
