Friday, September 18, 2026

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ်...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု...

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...
HomeActivitiesအာရှကလေးများ ရုပ်ရှင်ပွဲတော်မှာ ဂျပန်နိုင်ငံခြားရေး...

အာရှကလေးများ ရုပ်ရှင်ပွဲတော်မှာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကပေးအပ်သော ဆုကိုရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ မြန်မာလူငယ်အဖွဲ့

ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာရှ ကလေးများ ရုပ်ရှင်ပွဲတော်ကို ၂ဝ၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက ဆယ်ကျော်သက် လူငယ်လေး တွေအဖွဲ့ သုံးဖွဲ့ဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးရဲ့ ရွေးချယ်စေလွှတ်မှုနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပေးအပ်တဲ့ ဆုတစ်ခုကို ရယူနိုင်ခဲ့ပါ တယ်။ ဇာတ်ကားပေါင်း ၅ဝ ကျော်ထဲကမှ ရွေးချယ်ပေးအပ်ခြင်း ခံရတာဖြစ်ပါ တယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သွား ခဲ့သူကတော့ အကယ်ဒမီ ချမ်းသာ ကြည်စိုးပဲဖြစ်ပါတယ်။
ဆုရယူနိုင်ခဲ့တဲ့သူ လူငယ် လေး နှစ်ယောက်ဖြစ်တဲ့ ဟိန်း ကျော်စိုးမိုးနဲ့ ဆက်ပိုင်ထက်တို့ ကတော့ အမိမြန်မာနိုင်ငံ အတွက် ဆုတစ်ခု ရယူနိုင် ပေးခဲ့တဲ့အတွက် အင်မတန်မှ ပျော်ရွှင်မိခဲ့တယ်လို့ ဆိုပါ တယ်။ သူတို့နှစ်ဦးက ၃ မိနစ်စာ ဇာတ်လမ်းတိုလေးကို အချိန်တိုအတွင်း ဖန်တီးရိုက် ကူးခဲ့ပြီး အရွေးခံခဲ့ရတာကြောင့် ဂျပန်နိုင်ငံကို သွားရောက်ခွင့် ရခဲ့ပြီး ဆု တစ်ခုကိုပါ ရအောင်ယူနိုင်ခဲ့တဲ့အတွက် ကြည်နူး မိတယ်လို့ဆိုတယ်။


“ပြိုင်ပွဲကာလအတွင်းမှာ သူတို့ နိုင်ငံက အနုပညာကျောင်း တွေကို သွားရောက်လည်ပတ်ခွင့်ရ ခဲ့သေးတယ်။ အတွေ့အကြုံတွေက တော့ အများကြီးပဲ။ နိုင်ငံပေါင်းစုံဆို တော့ ဇာတ်ကားတွေက အရမ်း ကောင်းနေကြတယ်။ ဆုကို မမှန်းရဲ ခဲ့ကြဘူး။ မြန်မာဆိုတဲ့အသံကြား တော့ အံ့သြပြီး လန့်နေခဲ့ကြသေး တယ်။ ပြီးတော့ မှဆုတတ်ယူကြ တာ။ မယုံရဲဘူး ကျွန်တော်တို့ နှစ်ယောက်လုံး ရင်ခုန်နေခဲ့ကြ တယ်။ မြန်မာပြည် ပြန်လာခါ နီးမှာလည်း နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေအတွက် မြန်မာ အထိမ်းအမှတ်တရ လက်ဆောင် လေးတွေကိုပေးခဲ့တယ်။ ပြီးတော့ ပုဂံအကြောင်း တွေကို ကြွားခဲ့တယ်။ အဲ့မှာ မိုးပျံ မီးပုံးတွေလည်း စီးလို့ရတယ်လို့ မားကတ်တင်း ဆင်းခဲ့တယ်။ အရမ်းလှတယ်လို့ပြောခဲ့တယ်” လို့ ဟိန်းကျော် စိုးမိုးက ပြောပြပေးခဲ့ပါတယ်။
လူငယ်အဖွဲ့သုံးဖွဲ့ စုစုပေါင်းလူငယ် ၈ ဦး ကို ဦးဆောင်ပြီး ခေါင်းဆောင်အဖြစ်သွားခဲ့တဲ့ အကယ်ဒမီ ချမ်းသာကြည်စိုးက ပြိုင်ပွဲရက်အ တွင်း အတွေ့အကြုံတွေကို ပြောပြတာကတော့…

“သွားခဲ့တဲ့ ခရီးမှာ ကလေးများရုပ်ရှင်ပွဲတော် ကိုတော့ ခေါင်းစဉ်တပ်ထားတာပေါ့။ သို့သော် ဂျပန်နိုင်ငံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ပွဲတော်ကို ကျင်းပပြီးတော့ ဒေသတွင်းမှာ တိုးတက်အောင် လုပ်ပေးချင်တာရယ်။ အာဆီ ယံ ပလပ်သရီးလို့ ပြောရမယ်။ ကိုရီးယားနဲ့ တရုတ်ပါတယ်။ ဒီလိုပွဲတော်ကို ပြုလုပ်ပြီးတော့ ကလေးငယ်တွေရဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်ပေးတယ်။ သူတို့ စီစဉ်တာက ရုပ်ရှင်အပိုင်းနဲ့ လူမှုရေးစီး ပွားအပိုင်းဆိုပြီးတော့ ပြောလို့ရ တယ်။ လူမှုရေးအပိုင်းမှာ ကလေးတွေရဲ့ ကိုယ် ပိုင်အမြင်ကိုတွေကို ပြောင်းလဲနိုင်တယ်။ ဂျပန်နိုင်ငံရဲ့ စည်းစနစ်တွေ အချိန် တိကျမှုတွေနဲ့ သူတို့နိုင်ငံဘာလို့ တိုး တက်နေလဲ ဆိုတာတွေကို မျက်ဝါးထင် ထင် လေ့လာခွင့်ရခဲ့သလိုပဲ။ အရမ်း ကောင်းမွန်တဲ့ အတွေ့အကြုံတွေပါ။ ပြိုင်ပွဲ ကဏ္ဍမှာဆိုရင် ကျွန်တော်က ဆု တောင်မရတော့ဘူးလို့ တွက်ထား တာ။ တခြားနိုင်ငံက သူတွေရဲ့ ဇာတ် ကား တွေဟာလည်း အင်မတန်ကို ကောင်း တယ်။ ဆုရသွားတော့အ ရမ်းရင် ခုန်ခဲ့ရတယ်။ ဘာပဲပြောပြော မြန်မာပြည်ပြန်ရင်တော့ မျက်နှာပန်း လှပြီ ဆိုပြီးတော့ပေါ့လေ”လို့ ပြော ပြပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်စဉ်ကျင်းပ နေတဲ့ အာရှကလေးများ ရုပ်ရှင်ပွဲ တော်ကို မြန်မာနိုင်ငံကနေပြီး နှစ်စဉ် ဝင်ပြိုင်လျက်ရှိနေပြီး နှစ်စဉ်တိုင်းမှာ လည်း ဆုတစ်ခုမဟုတ်တစ်ခုကို ရယူ နိုင်ခဲ့ပါတယ်။ နှစ်စဉ်အလိုက်မှာလည်း အသက်အရွယ်ခေါ်ယူမှုတွေ ပြောင်းလဲ နေပြီး နောက်နှစ်တွေမှာလည်း ပါဝင် ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေပြီး လူငယ်တွေကို ဖိတ်ခေါ်ကာ နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင် စေမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ထက်လူ၊
ဓာတ်ပုံ-အောင်နိုင်စိုး

Ads Space Available


Continue reading

iPhone 18 စီးရီးသစ် ဝယ်ယူရန် စင်ကာပူ Apple Store ရှေ့ ညလုံးပေါက် တန်းစီစောင့်ဆိုင်း

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ Apple Store ရှေ့၌ ဝယ်ယူသူ ရာနှင့်ချီ လာရောက်တန်းစီခဲ့ကြပြီး အချို့မှာ ဖုန်းသစ်ကို အစောဆုံးရရှိနိုင်ရန် ညလုံးပေါက် စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ် ITE College East ကျောင်းသား ဟတ်တာရန်းသည် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီကတည်းက ဆိုင်ရှေ့၌...

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါစီမံကိန်းသည် ဆီရမ်ရိပြည်နယ်၏ ခရီးသွားလာရေး အရည်အသွေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ မြှင့်တင်ရန်၊ ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ဖန်တီးပေးရန်နှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း...

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို အပူချိန် ဖြည်းဖြည်းချင်းနဲ့ ခန့်မှန်းလို့ရရုံ မြင့်တက်လာမယ့် ဝေးဝေးက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ ပိုပြီး အရေးတကြီးရင်ဆိုင်ရမယ့် အမှန်တရားတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာသီဥတုဘေးအန္တရာယ်ဟာ တိတ်တဆိတ် စတင်နေပြီ ဆိုတာပါပဲ။ ဒီသတိပေးချက်ကို အဓိကပြ‌နေတာကတော့ မြေကမ္ဘာရဲ့ ရာသီဥတုကို ထိန်းညှိပေးပြီး အပူ၊ ကာဗွန်နဲ့ ရေတွေကို တစ်ကမ္ဘာလုံးဆီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071