Thursday, June 19, 2025

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ...

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို...

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်)...

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင်...

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊...

ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ဇွန်လ ၂၂ ရက်‌နေ့နောက်ပိုင်းတွင် တို-က်ရို-က်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeEntertainmentပြည်တွင်းသတင်း Eventအာဆီယံ နှစ်ငါးဆယ်ပြည့် အကပြိုင်ပွဲတွင်...

အာဆီယံ နှစ်ငါးဆယ်ပြည့် အကပြိုင်ပွဲတွင် ဓီရာမိုရ် အပါအဝင် အနုပညာတချို့ ဒိုင်အဖြစ် ပါဝင်မည်

Pyi-twin

အာဆီယံ ထူထောင်ခြင်းနှစ် ၅ဝပြည့်၊ မြန်မာနိုင်ငံ အနေနဲ့  အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တာ နှစ်၂ဝပြည့်မြောက်အဖြစ် အကပြိုင်ပွဲ တစ်ခုကို မကြာခင်ကျင်း ပပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲမှာ အာဆီယံနိုင်ငံဆယ်နိုင်ငံရဲ့ ရိုးရာ အကတွေကို အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာ တက္ကသိုလ်များမှ ကျောင်းသူကျောင်း သားများ က ယှဉ်ပြိုင် ကပြကြမှာဖြစ် ပါတယ်။

ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဂီတပညာ ရှင်တစ်ဦးဖြစ်သူ ဓီရာမိုရ် အပါအဝင် အနုပညာရှင်တချို့က ဒိုင်အဖြစ်ပါ ဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဓီရာမိုရ် ရေးစပ်ထားတဲ့ အာဆီယံ Theme Song ကိုလည်း တင်ဆက်မှာဖြစ် ပါတယ်။ အဆိုပါပွဲကို စိတ်ပါဝင် စားသူ မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုလို့ ရပါတယ်လို့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ ချုပ် ဒေါ်ခင် ကြည်ပြာ ကပြောပါတယ်။

“ကျွန်မတို့ က သက်ဆိုင်ရာနိုင်ငံ တွေဆီက သူတို့ရဲ့အကရယ် ဂီတ ရယ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေတစ်ဆင့် နမူနာ အခွေလေးတွေ တောင်းလိုက်ပါတယ်။ ပြီးတော့ ကလေးတွေ ကိုလေ့ကျင့်ပေးပါ တယ်။ တစ်မျိုးကို သုံးယောက်စီ ယှဉ်ပြိုင်ပြီး အယောက်သုံးဆယ်ထဲ က ဆယ်ယောက် ပြန်ရွေးမှာ ဖြစ် ပါတယ်။ အဲဒီ ၁ဝ ယောက်က သြဂုတ်လ ၁၄ ရက်နေ့ မှာလုပ်မယ့် အာဆီယံနှစ် ၅ဝ ပြည့်အထိမ်းအမှတ် ပွဲမှာ ဆုပေးမယ်။ သူတို့က ပါမောက္ခ မောင်မောင်ဇော်ထက် (ဓီရာမိုရ်)ရေးစပ်ထားတဲ့ အာဆီယံ Theme Song ကို တင်ဆက်ကြမှာ ဖြစ်ပါ တယ်” လို့ သူမကပြောပါတယ်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ ဦးမောင်မောင်ဇော်ထက် (ဓီရာမိုရ်) က “ကျွန်တော်ကတော့ တေးဂီတ အပိုင်းပေါ့ Theme Song ဖန်တီးတာရယ် ဂုဏ်ပြုသီချင်း ဖန်တီးတာရယ် အကပြိုင်ဖို့  အတွက် နိုင်ငံအသီးသီးက ပို့ တဲ့သီချင်း ၃ပုဒ် ဆီထဲက တစ်ပုဒ်စီပြန်ရွေးတာရယ် အဲဒီတာဝန် ယူထားပါတယ်။ သူတို့ နိုင်ငံရဲ့ မူရင်းသီချင်းတွေဖြစ်တဲ့ အတွက် သီချင်းတွေကိုတော့ ပြန်ပြီး ပြုပြင်ထားတာမျိုး မလုပ်ပါဘူး ။ ပြုပြင်လိုက်ရင် ပုံစံပြောင်းသွားတာ တို့ တူရိယာ မရှိတာတို့ ဖြစ်သွားနိုင်ပါ တယ်” လို့ ပြောပါတယ်။ အကပြိုင်ပွဲကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္က သိုလ်(ရန်ကုန်)နှင့် (မန္တ လေး)မှ ၁ဝ ဦးစီ၊အနုပညာအထက် တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့ မှ ၅ ဦးစီ ၊စုစုပေါင်း ၃ဝ ဦးပါဝင် ယှဉ်ပြိုင် ကပြသွားကြမယ်လို့ သိရပါတယ်။ပြိုင်ပွဲကို သြဂုတ်လ ၇ ရက်နေ့ မှာ ရန်ကုန်မြို့ ရှိ၊ အမျိုးသား ကဇာတ်ရုံ မှာ နေ့လယ် ၁နာရီက စတင် ယှဉ် ပြိုင်ကပြကြမှာပါ။

YL,PHA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071