Friday, September 18, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsအာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့် ကိစ္စရပ်များအား မြန်မာနိုင်ငံမှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ပြောကြားသည်။

ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ဖေဖော် ဝါရီ (၁၃) ရက်က ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASE AN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားတို့တွင် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး ဦးသန့်စင်က ပါဝင်တက်ရောက်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Jae-shin၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံနှင့် အရှေ့တောင်အာရှဆိုင်ရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Lee Dong-gy တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေး၌ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အ ကြား တည်ရှိသည့် မိတ်ဖက်ဆက်ဆံ ရေးကို ၂၀၂၄ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ မြှင့်တင်ပြီး နောက်ပိုင်း AKC အနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် လု ပ်ငန်းစဉ်များ၊ အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့ အကြား ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အစီအစဉ်များနှင့် ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အ ထောက်အကူဖြစ်စေမည့် အာဆီယံပြခန်းပြောင်းရွှေ့ဖွင့်လှစ်မည့် ကိစ္စရပ်တို့ကို တက်ရောက်လာသည့် ကိုယ်စား လှယ်များက ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးက အစည်းအဝေး၌ ၂၀၂၅ ခုနှစ်အတွ က် AKC ကောင်စီဉက္ကဋ္ဌ တာဝန်ယူမည့် မလေးရှားနိုင်ငံ ကို ယ်စားလှယ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကိုရီးယားအစိုးရမှ AKC အား ဆက်လက်ပံ့ပိုးပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ AKC မှ ၂၀၂၄ ခုနှစ်အတွင်း အကောင်အထ ည်ဖော်ခဲ့သည့် ကိစ္စရပ်များကို ခြုံငုံသုံးသပ်ပြောကြားခဲ့ပြီး အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် မြှင့်တင်ပြီးသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကောင်အထည်ဖော်မည့် ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပြုထားသည့် လုပ်ငန်း အစီအစဉ်နှင့် ဘက်ဂျက်အပေါ် ထောက်ခံကြောင်း မြန်မာသံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးပြီးနောက် ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Kang Insun တက်ရောက်၍ အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား အားလုံးပါဝင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့မှု အခြေအနေများနှင့် နှစ်ဖက်အကြား ပူးပေါ င်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071