အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Othman Hashim သည် ယခုသီတင်းပတ်တွင် နေပြည်တော်သို့ လာရောက်မည်ဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်ဟု သံတမန်သတင်းရင်းမြစ်တစ်ခုအရ သိရသည်။
Hashim သည် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၈ ရက် နေ့အထိ သူ၏ သုံးရက်ကြာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးသွားမည်ဖြစ်သကဲ့သို့ အခြားသက်ဆိုင်သူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း မကြာသေးမီသီတင်းပတ်များတွင် မြန်မာ အစိုးရ ပြောကြားထားခဲ့သည်။
ဝါရင့်သံတမန်တစ်ဦးဖြစ်သော Hashim ကို ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဆီယံအထူးသံအဖြစ် ထောက်ခံအတည်ပြုခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာ အတွင်းဝန်ချုပ်ဟောင်းဖြစ်သော သူ့ကို မြန်မာနိုင်ငံတွင် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်ကို အထောင်အထည်ဖော်ရာတွင် ကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။
မလေးရှားနိုင်ငံသည် ၎င်း၏ အာဆီယံဥက္ကဌသက်တမ်းတွင် တိုးတက်မှုအနည်းငယ်မျှသာရှိနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ ရပ်စဲရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးတို့ကို အဓိက ထား၍ ဆွေးနွေးကြမည် ဟု ဆိုသည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်
