Tuesday, July 28, 2026

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ...

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား...

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ...

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ASEAN HYUNDAI CUP 2026...

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈...

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန်...

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်...
HomeNewsLocal Newsအာဆီယံအစည်းအဝေးသို့ မြန်မာနှင့်ရုရှားတို့မှ နိုင်ငံ့ခေါင်းဆောင်များ...

အာဆီယံအစည်းအဝေးသို့ မြန်မာနှင့်ရုရှားတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ဟု မလေးရှားပြော

ယခုလအနှောင်းပိုင်းတွင် ကွာလာလမ်ပူရ်၌ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

ပူတင်ကိုယ်စား ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ်က အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးမတက်ရောက်ဖြစ်ကြောင်းကို သမ္မတပူတင်က အတည်ပြုထားသည်ဟု ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းပြည်ပ အယ်ဒီတာများနှင့် သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက ပြောကြားခဲ့သည်။

အစည်းအဝေးကို တက်ရောက်ရန် သူ အလေးအနက်ထားစဉ်းစားနေခဲ့သည်ဟု ယခင်က အန်ဝါကို ပူတင်က ပြောကြားခဲ့သဖြင့် သူ၏ ခရီးစဉ်ဖြစ်နိုင်ခြေအပေါ် ထင်ကြေးပေးမှုများသည် ယခုအတည်ပြုချက်ကြောင့် အဆုံးသတ်ခဲ့ပြီဖြစ်သည်။

အောက်တိုဘာလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ သုံးရက်ကြာကျင်းပမည့် ထိပ်သီးအစည်းအဝေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့အထင်ကရ ခေါင်းဆောင်များ၏ အကြီးမားဆုံး တွေ့ဆုံပွဲဖြစ်မည်ဟု မျှော်လင့်ရသည်။

ထို့အပြင် အစည်းအဝေးကို မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တက်ရောက်မည်မဟုတ်ကြောင်း အန်ဝါက အတည်ပြုပြောကြားခဲ့ပြီး အာဆီယံသည် မြန်မာ၏ နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ သဘောတူညီချက်ငါးရပ်ကို ခိုင်မာစွာလိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: မလေးမေးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်သော မြန်မာကုမ္ပဏီတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ မြန်မာ - ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံရဲ့...

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ ဆွတ်ခူး

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကာ စုပေါင်းတံခွန်စိုက်ဆုဖလားအပြင် ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် အမျိုးသမီး...

ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ New Clark City Athletics Stadium ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ ပွဲစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် အန်ဒါဆင်က အဝေးကွင်းပွဲဖြစ်၍ ခက်ခဲမည်ဆိုသည်ကို သိရှိထားပြီး ပထမပွဲစဉ်အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071