Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternationalအာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ...

အာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ ပူးပေါင်းလေ့လာမည်

ကမ္ဘာပတ်လမ်းကြောင်း ပိတ်ဆို့မှုဆိုင်ရာ ပြဿနာကြီးမားလာမှုကို ဖြေရှင်းရန် စမ်းသပ်နည်းလမ်းတစ်ခုအဖြစ် ပတ်လမ်းအတွင်းရှိ အပျက်အစီးအပိုင်းအစများကို လေဆာတပ်ဆင်ထားသော ဂြိုဟ်တုများသုံး၍ ဖယ်ရှားခြင်းကို ပူးတွဲလေ့လာရန် သဘောတူညီခဲ့သည်ဟု ဂျပန်နှင့် အိန္ဒိယ အာကာသကုမ္ပဏီသစ်များက ပြောကြားလိုက်သည်။

တိုကျိုအခြေစိုက် Orbital Lasers နှင့် အိန္ဒိယစက်ရုပ်ကုမ္ပဏီ InspeCity တို့က ၎င်းတို့အနေဖြင့် ဂြိုဟ်တုပျက်များက ပတ်လမ်းကြောင်းကိုပိတ်ခြင်းနှင့် အာကာသယာဉ်၏သက်တမ်းကို တိုးမြှင့်ခြင်းကဲ့သို့ အာကာသတွင်းဝန်ဆောင်မှုများအတွက် စီးပွားရေးအခွင့်အလမ်းများကို လေ့လာသွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ယခုနှစ်တွင် ဂျပန်ဂြိုဟ်တုကုမ္ပကြီး Sky Perfect JSAT မှ ခွဲထုတ်လိုက်သည့် Orbital Lasers သည် လေဆာစွမ်းအင်ကို အသုံးပြုကာ အပျက်အစီးပိုင်းအစများ၏ မျက်နှာပြင်ရှိ သေးငယ်သောအစိတ်အပိုင်းများကို အငွေ့ပျံစေခြင်းဖြင့် အာကာသအမှိုက်များ၏ လှည့်ပတ်မှုကို ရပ်တန့်စေမည့် စနစ်တစ်ခုတည်ဆောက်နေသည်။

Orbital Lasers သည် အာကာသတွင်း သရုပ်ပြစနစ်တစ်ခုကို ၂၀၂၇ ခုနှစ်နောက်ပိုင်းတွင် အော်ပရေတာများသို့ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဦးဆောင်သူ Aditya Baraskar က ပြောဆိုခဲ့သည်။ ကုမ္ပဏီများသည် အိန္ဒိယနှင့် ဂျပန်ရှိ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာနိုင်ပါက InspeCity ဂြိုဟ်တုများတွင် အဆိုပါစနစ်ကို တပ်ဆင်နိုင်မည်ဖြစ်သည်ဟု Baraskar က ဆက်လက်ပြောဆိုခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုကို စတင်ရန်အတွက် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ကုမ္ပဏီများက ပြောကြားခဲ့သည်။ InspeCity ကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၁ဒဿမ ၅ သန်းရရှိခဲ့ကာ ဇန်နဝါရီလကမှ ထူထောင်ခဲ့သော Orbital Lasers သည် ယန်းသန်း ၉၀၀ (ဒေါ်လာ ၅ ဒဿမ ၈ သန်း) ရရှိခဲ့သည်။

ဂြိုဟ်တုများနှင့် အာကာသအမှိုက်များ အလျင်အမြန် တိုးလာမှုကြောင့် ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းရှိ အရာဝတ္ထု့များကို ခြေရာခံ စီမံကိုင်တွယ်ရန် အရေးတကြီးလိုအပ်လာသည်ဟု ကုလသမဂ္ဂ၏ အာကာသယာဉ်သွားလာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က အောက်တိုလအနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။

Ref: ဂျပန်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ နေ့ညမပြတ် ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး ထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီပတ်လုံး ဆောင်ရွက်နေကြကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ တမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် သဲကြောမှ...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071