
အဆိုတော် နီနီခင်ဇော်လို့ ဆိုလိုက်တာနဲ့ သိကြတဲ့အတိုင်း သူမဟာ အသံပါရမီပါတယ်။ သူ့သီချင်းတွေဟာ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ်၊ ပေါက်တဲ့သီချင်းတွေ၊ တစ်နည်းအားဖြင့် ပရိသတ် နှစ်ခြိုက်ကြတဲ့ သီချင်းတွေဖြစ်လို့နေပါတယ်။ နီနီခင်ဇော် နောက်ဆုံး ထွက်ရှိထားတဲ့ ‘U’ တေးစီးရီးကိုပဲကြည့်လေ။ ပေါက်သီချင်းတွေ တော်တော်ပါဝင် တာ တွေ့ရတယ်။
ဒါဟာ သူမကိုရေးပေးတဲ့တေးရေးဆရာတွေကြောင့်လည်း ဆက်စပ်သက်ဆိုင်မှာဖြစ်သလို သီချင်းတစ်ပုဒ်ကို ဘယ်လိုဆိုရမလဲဆိုတဲ့ သူမရဲ့ Talent နဲ့လည်း အများကြီး သက်ဆိုင်မယ်ထင်ပါတယ်။ သီချင်းတစ်ပုဒ်ပေါက်ဖို့ဆိုရင် ဘာတွေလို အပ်မယ်ထင်လဲ နီနီလို့ မေးလိုက်တော့ …
”အဲဒါသာသိရင် သီချင်းတိုင်း ပေါက်မှာပေါ့နော်(ရယ်လျက်)။ သီချင်းတစ်ပုဒ်ကို ပေါက်ဖို့ဆိုတာက သူ့မှာ အကြောင်းအချက်ရယ်လို့ မရှိဘူး။ ကံနဲ့လည်းအများကြီးဆိုင်တာပေါ့ နော်။ ဖန်တီးတဲ့အခါမှာ ကိုယ်ဖန်တီးတဲ့အရာက ပရိသတ်အကြိုက်နဲ့သွားတွေ့တာပေါ့နော်။ များသောအားဖြင့်ကတော့ အသည်းကွဲသီချင်းလေးတွေဆို နီနီ့ပရိသတ်က ရင်ထဲထိတယ်လို့ထင်ပါတယ်။ နီနီ့ ‘U’ အခွေလေးထဲမှာဆိုရင် ‘အလကားပဲ’ သီချင်းဆိုရင် ပရိသတ်တော်တော်လေးသိတယ်။ နောက်ပြီးတော့ နီနီ ကိုယ်တိုင်ရေးထားတဲ့ ‘Stand by me’ ဆိုတဲ့ သီချင်းလေးဆိုရင်လည်း နီနီလက်ဆော့ပြီး ရေးထားတာလေးပေါ့နော်။ အဲဒီလိုမျိုးလေးတွေကို ပရိသတ်ကြိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ နီနီခင်ဇော်က ပြောပါ တယ်။
နီနီတစ်ယောက်လည်းThe Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်လုပ်လိုက်၊ ရှိုးပွဲတွေဆိုလိုက်၊ အခွေအမ်တီဗီအတွက် ပြင်ဆင်လိုက်နဲ့ ဆိုတော့ တော်တော်လေးကိုအလုပ်များနေပါတယ်။Super Red ချစ်သူတွေအတွက်ကိုရော Cosmetics အသစ်ထပ်ထုတ်ဖြစ်သေးလားလို့ဆိုတော့…
”နီနီတို့ Super Red ကနေပြီး တော့ Eye Lashes အသစ် ၂ မျိုး ထပ်ထွက်ပါဦးမယ်။ Launch တော့ နီနီမလုပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်ကတည်းက ရှိသားပြီးသားဆိုတော့လေ။ ကြော်ငြာအနေနဲ့ပဲ တက်ဖြစ်ပါမယ်” လို့ နီနီခင်ဇော်က ပြောပြခဲ့ပါတယ်။
မျိုးမောင်
