Sunday, September 20, 2026

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃)...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ...

အာရှအားကစားပြိုင်ပွဲ ပထမဆုံး ရွှေတံဆိပ်ကို အိမ်ရှင်ဂျပန်က...

       အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးသော ရွှေတံဆိပ်ဆုကို တနင်္ဂနွေနေ့တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရယူနိုင်ခဲ့သည်။ ဤအားကစားပွဲတော်ကြီး၏ အဖွင့်နေ့တွင် တရုတ်နိုင်ငံမှ အသက်...
HomeNewsLocal Newsအသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအ စိုးရအဖွဲ့၏...

အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအ စိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နစက ဥက္ကဋ္ဌတက်ရောက်

ကာလုံခေါ်ကာ အရေးပေါ်ကာလ(၆)လထပ်မံသက်တမ်းတိုးပြီးနောက် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတစ်ခုတိုးတက်ရေးအား GDP ဖြင့်တိုင်းတာကြ၍ အချက်အလက်များ မှန်မှန်ကန်ကန်ရရှိရန်လိုကာ နိုင်ငံ GDP တိုးတက်ရေးအတွက် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိသည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများတွင် GDP နည်းပါးသည့် နိုင်ငံတစ်ခုဖြစ်ကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြား နိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်အားနည်းနေသဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးတက်စေရေးကို အားပေးဆောင်ရွက်မှသာ နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ပြီး ပြည်သူတစ်ဦးချင်းဝင်ငွေများလည်းတိုးတက်မည်ဖြစ်၍ နိုင်ငံ့ GDP တိုး တက်အောင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း များဖော်ဆောင်ပေးရမည်ဟု မှာကြားသည်။

” မြန်မာနိုင်ငံမှာ နိုင်ငံစီးပွားရေးတိုးတက်ဖို့အလတွက် အခြေခံကောင်းတွေရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တိုးတက်အောင်မြင်အောင်ဆောင်ရွက်ဖို့လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်တွေ ပြည့်မီစေဖို့နဲ့ ဆီထွက်သီးနှံတွေအထွက်နှုန်းတိုးတက်စေဖို့ အမြဲတိုက်တွန်းမှာကြားနေတာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးဆောင်ရွက်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျှော့ချနိုင်မည်ဖြစ်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် သတိချပ်၍ဆောင်ရွက်ကြရမည်ဖြစ်ကာ ဝန်ကြီးဌာနများ၊ တိုင်းနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွဲဝေချထားပေးသည့် ဘက်ဂျက်များကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း မှန်မှန်ကန်ကန်အကျိုးရှိရှိအသုံးချရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet Pile ရို-က်ပြီး ကာရံသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းမှ ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက Steel Sheet Pile များ ရိုက်သွင်း ကာရံလျက် ရှိသည်။ အဆိုပါရေကျော်စီးဝင်နေသည့် ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်တွင်ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသည်။ ၄င်း၏ မြစ်ကြမ်းပြင်သည် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ အသင်းဝင်များအနေဖြင့် ဖိတ်စာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မပျက်မကွက်တက်ရောက်ကြရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့က အသိပေးထားသည်။ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) သည် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071