အလှမယ် ဂျူးစံသာရဲ့ “ရည်းစားမရှိလည်း ပြဿနာမရှိ” ဆိုတဲ့ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂ဝရက်နေ့က Ochid Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီစီးရီးအခွေမှာ သီချင်း ၁၁ ပုဒ်ပါဝင်ပြီး တေး ရေး စိုးမိုးသန်း၊ ကိုကျော်နေလ၊ သိန်းထိုက်၊ ဝိုင်လေး တို့အပြင် တခြားတေးရေး ဆရာတွေရေးထားတဲ့ သီချင်းများလည်း ပါဝင်ပါတယ်။
ဒီစီးရီး ခွေထုတ်ဖြစ်ရခြင်း အကြောင်းကိုတော့ အလှမယ် ဂျူးစံသာ က “ဒီအခွေထွက်ရှိဖို့ ၁နှစ်လောက်တော့ စီစဉ်ဖြစ်တယ်။ ဒီအခွေမှာ အကောင်းဆုံး ကြိုးစားထားတယ်။ ညီမရဲ့ ပထမဦးဆုံး အခွေဖြစ်တဲ့အတွက် လိုအပ်တာတွေတော့ ရှိတယ်။ ညီမ Miss ပြိုင်ပွဲတွေ ဝင်ရောက် မယှဉ်ပြိုင်တော့ဘူး။ အဆိုတော်ဘဝ တစ်ခုနဲ့ပဲ ရပ်တည်ဖို့ ကြိုးစားနေပါ တယ်။ ဒီတေးစီးရီးရဲ့ ခေါင်းစဉ် လေးပေးဖြစ်တာကလည်း ဒီ သီချင်းလေးကို တအားကြိုက်နှစ် သက်လို့ ပေးဖြစ်ပါတယ်” လို့ ပြော ပါတယ်။
အလှမယ် ဂျူးစံသာရဲ့ “ရည်းစားမရှိလည်း ပြဿနာမရှိ” ဆိုတဲ့ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂ဝရက်နေ့က Ochid Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီစီးရီးအခွေမှာ သီချင်း ၁၁ ပုဒ်ပါဝင်ပြီး တေး ရေး စိုးမိုးသန်း၊ ကိုကျော်နေလ၊ သိန်းထိုက်၊ ဝိုင်လေး တို့အပြင် တခြားတေးရေး ဆရာတွေရေးထားတဲ့ သီချင်းများလည်း ပါဝင်ပါတယ်။
ဂျူးစံသာရဲ့ “ရည်းစားမရှိ လည်း ပြဿနာမရှိ” ဆိုတဲ့ Audio/ CD အခွေ လေးကို အောက်တိုဘာလ ၂၈ ရက် နေ့က ဖြန့်ချိခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေ အနေနဲ့ ဏသစ သီချင်းချိုချိုလေးတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။
ချယ်ရီ