Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsအလုပ်အကိုင်ရှားပါးမှုနှင့်မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့်...

အလုပ်အကိုင်ရှားပါးမှုနှင့်မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၄၈ ဦးထပ်မံဖမ်းဆီးခံရ

အလုပ်အကိုင်ရှားပါးမှုနှင့်မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၄၈ ဦးထပ်မံဖမ်းဆီးခံရ

မြန်မာနိုင်ငံဖြစ်ပွားပေါ်နေသည့် နိုင်ငံရေးဖြစ်စဥ်များနှင့်ကိုဗစ်(၁၉)ရောဂါအခြေအနေတို့ကြောင့် အလုပ်အကိုင်များရှားပါးကာ အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများအားဖြေရှင်းရန် မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်လမ်းကြောင်းများမှတဆင့် သွားရောက်လျက်ရှိသည်။

ထိုသို့ သွားရောက်ရာတွင် ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိရန် ပွဲစားများအားတစ်ဦးလျက် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၅၀၀၀ အထိပေး၍ တရားမဝင်သွားရောက်ရခြင်းဖြစ်ပြီး ထိုင်းတပ်မတော်မှဖမ်းဆီးမိပါက အဆိုပါ ပွဲစားများမှာတာဝန်ယူဖြေရှင်းပေးမှုများမပြုလုပ်ဘဲ တိမ်းရှောင်သွားကြသည်။

အဆိုပါ တရားမဝင်နယ်စပ်လမ်းကြောင်းများမှဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ထိုင်းတပ်မတော်မှဖမ်းဆီးလျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်(ယနေ့)နံနက် ၃ နာရီခန့်တွင်လည်း ၄၈ ဦးအားထပ်မံဖမ်းဆီးရမိခဲ့သည်။

မဲဆောင်ခရိုင်အနီးရှိ ဖို့ဖတ်မြို့အနီးတောထဲမှဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလမ်းပြခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ကသုံးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

“နေ့စဥ်ရပ်ဆက်နီးပါးကိုဖမ်းမိနေတာ သတင်းတွေကြားနေရတာကိုပဲလာကြတာကိုအံသြမိတယ် ပွဲစားတွေအကြောင်းလည်း သိနေကြတာပဲလေ ကျွန်တော်တို့နိုင်ငံသားတွေကိုအခုလိုပုံစံမျိုးနဲ့မလာစေချင်ဘူး အခုသူတို့ပွဲစားတွေကိုပေးရတဲ့ ထိုင်းဘတ် ၁၈၀၀၀ ကနေ ၂၅၀၀၀ လောက်အထိက အလကားဖြစ်သွားပြီ”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ယနေ့ ထပ်မံဖမ်းဆီးရမိသူများအား ထိုင်းတပ်မ တော်မှတာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိအားစစ်ဆေးကာ ထိုင်းနိုင်ငံဥပဒေအရအရေး ယူဆောင်ရွက်ရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲ ပြောင်းပေးခဲ့သည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်လမ်း ကြောင်းမှတဆင့်ဝင်ရောက်ခဲ့ကြသည့် မြန်မာနိုင် ငံသား ၄၀၀၀ ကျော်အား ထိုင်းတပ်မတော်က ဇန်နဝါရီလမကုန်ခင်အထိဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

Zaw Gyi

အလုပ္အကိုင္ရွားပါးမႈႏွင့္မိသားစုစားဝတ္ေနေရးအတြက္ ထိုင္းႏိုင္ငံမွာအလုပ္လုပ္ရန္တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသည့္ ျမန္မာႏိုင္ငံသား ၄၈ ဦးထပ္မံဖမ္းဆီးခံရ

ျမန္မာႏိုင္ငံျဖစ္ပြားေပၚေနသည့္ ႏိုင္ငံေရးျဖစ္စဥ္မ်ားႏွင့္ကိုဗစ္(၁၉)ေရာဂါအေျခအေနတို႔ေၾကာင့္ အလုပ္အကိုင္မ်ားရွားပါးကာ အေျခခံလူတန္းစားမ်ားအေနျဖင့္ စားဝတ္ေနေရးအခက္အခဲမ်ားအားေျဖရွင္းရန္ ျမန္မာႏိုင္ငံသားအမ်ားစုသည္ ထိုင္းႏိုင္ငံသို႔ အလုပ္လုပ္ကိုင္ရန္ တရားမဝင္နယ္စပ္လမ္းေၾကာင္းမ်ားမွတဆင့္ သြားေရာက္လ်က္ရွိသည္။

ထိုသို႔ သြားေရာက္ရာတြင္ ထိုင္းႏိုင္ငံအတြင္းသို႔ေရာက္ရွိရန္ ပြဲစားမ်ားအားတစ္ဦးလ်က္ ထိုင္းဘတ္ေငြ ၁၈၀၀၀ မွ ၂၅၀၀၀ အထိေပး၍ တရားမဝင္သြားေရာက္ရျခင္းျဖစ္ၿပီး ထိုင္းတပ္မေတာ္မွဖမ္းဆီးမိပါက အဆိုပါ ပြဲစားမ်ားမွာတာဝန္ယူေျဖရွင္းေပးမႈမ်ားမျပဳလုပ္ဘဲ တိမ္းေရွာင္သြားၾကသည္။

အဆိုပါ တရားမဝင္နယ္စပ္လမ္းေၾကာင္းမ်ားမွဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းတပ္မေတာ္မွဖမ္းဆီးလ်က္ရွိရာ ဇန္နဝါရီ ၃၀ ရက္(ယေန႔)နံနက္ ၃ နာရီခန္႔တြင္လည္း ၄၈ ဦးအားထပ္မံဖမ္းဆီးရမိခဲ့သည္။

မဲေဆာင္ခ႐ိုင္အနီးရွိ ဖို႔ဖတ္ၿမိဳ႕အနီးေတာထဲမွဖမ္း ဆီးရမိခဲ့ျခင္းျဖစ္ကာ ၎တို႔အားလမ္းျပေခၚေဆာင္လာသည့္ ထိုင္းႏိုင္ငံသား ၃ ဦးကိုလည္း ကသုံးစီးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

“ေန႔စဥ္ရပ္ဆက္နီးပါးကိုဖမ္းမိေနတာ သတင္းေတြၾကားေနရတာကိုပဲလာၾကတာကိုအံၾသမိတယ္ ပြဲစားေတြအေၾကာင္းလည္း သိေနၾကတာပဲေလ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြကိုအခုလိုပုံစံမ်ိဳးနဲ႔မလာေစခ်င္ဘူး အခုသူတို႔ပြဲစားေတြကိုေပးရတဲ့ ထိုင္းဘတ္ ၁၈၀၀၀ ကေန ၂၅၀၀၀ ေလာက္အထိက အလကားျဖစ္သြားၿပီ”ဟုထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားအေရးေဆာင္႐ြက္ေပးေနသူတစ္ဦးကေျပာသည္။

ယေန႔ ထပ္မံဖမ္းဆီးရမိသူမ်ားအား ထိုင္းတပ္မ ေတာ္မွတာဝန္ရွိသူမ်ားက ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိအားစစ္ေဆးကာ ထိုင္းႏိုင္ငံဥပေဒအရအေရး ယူေဆာင္႐ြက္ရန္ သက္ဆိုင္ရာရဲစခန္းသို႔ လႊဲ ေျပာင္းေပးခဲ့သည္။

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္နယ္စပ္လမ္း ေၾကာင္းမွတဆင့္ဝင္ေရာက္ခဲ့ၾကသည့္ ျမန္မာႏိုင္ ငံသား ၄၀၀၀ ေက်ာ္အား ထိုင္းတပ္မေတာ္က ဇန္နဝါရီလမကုန္ခင္အထိဖမ္းဆီးမိခဲ့သည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071