Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeInternationalအယ်လ်တန်ဂျွန်နှင့် ဂျီ-ဒရက်ဂွန် Singapore...

အယ်လ်တန်ဂျွန်နှင့် ဂျီ-ဒရက်ဂွန် Singapore Grand Prix 2025 တွင် ဖျော်ဖြေမည်

စင်္ကာပူ၊ ဖေဖော်ဝါရီ ၂၀

တောင်ကိုရီးယားပေါ့ပ်စတား ဂျီ-ဒရက်ဂွန် နှင့် ဗြိတိန်ဂီတအိုင်ကွန် အယ်လ်တန်ဂျွန်တို့သည် Formula One (F1) Singapore Airlines Singapore Grand Prix ၂၀၂၅ တွင် တေးဂီတပွဲ၏ခေါင်းဆောင် သီဆိုသူများအဖြစ်ဖြင့် စင်ကာပူသို့ ပြန်လည်ရောက်ရှိဖျော်ဖြေမည်ဖြစ်သည်။

ဂျီ-ဒရက်ဂွန် သည် ပွဲ၏ပထမနေ့ဖြစ်သော အောက်တိုဘာ ၃ ရက်နေ့ညတွင် ဇုံ ၄ ရှိ ပန်ဒန်း စတိတ် တွင် ဖျော်ဖြေမည်ဖြစ်ပြီး ဂျွန် သည် ပြိုင်ပွဲပိတ်ပွဲ အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုံးတတိယညတွင် တူညီသည့်၎င်းစင်မြင့်ပေါ်တွင် ဖျော်ဖြေမည်ဖြစ်သည်။

“K-pop ဘုရင်” ဟု မကြာခဏ ခေါ်ခံရလေ့ရှိသည့် G-Dragon သည် မကြာသေးမီက သူ၏ ကြီးမားသော အောင်မြင်မှုကိုတစ်ကျော့ပြန် ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် K-pop ယောက်ျားလေးအဖွဲ့ BigBang ၏ ခေါင်းဆောင် ရက်ပ်ပါ အဆိုတော်သည် ခုနစ်နှစ်ကြာ နားနေခဲ့ပြီးနောက် တစ်ကိုယ်တော်သီချင်းအသစ်များထုတ်လွှင့်ခဲ့သည်။ ထို့ပြင် နိုဝင်ဘာလတွင် ကျင်းပသည့် Mama Awards တွင် ဖျော်ဖြေခဲ့ပြီး ယင်းရှိုးပွဲသည်ကိုးနှစ်ကာလအတွင်း ၎င်း၏ ပထမဆုံး တရားဝင် ဖျော်ဖြေတင်ဆက်မှုဖြစ်သည်။

၎င်း၏အယ်လ်ဘမ်အသစ် Ubermensch သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပြီး Ubermensch ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မတ်လနှောင်းပိုင်းတွင် စတင်မည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သော G-Dragon သည် BigBang အဖွဲ့ နှင့်အတူသာမက တစ်ကိုယ်တော် အနေနဲ့ပါ စင်္ကာပူတွင် အကြိမ်ပေါင်းများစွာ ဖျော်ဖြေခဲ့ဖူးပြီးဖြစ်သည်။ သူ့ရဲ့ တစ်ကိုယ်တော် နောက်ဆုံးရှိုးပွဲကို ၂၀၁၇ ခုနှစ်မှာ Singapore Indoor Stadium မှာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကျော်ကြားဆုံးအဆိုတော်များထဲမှတစ်ဦးဖြစ်သော အယ်လ်တန်ဂျွန် သည် ၎င်း၏ကြီးကျယ်လှသော ကမ္ဘာ့လှည့်ဖျော်ဖြေပွဲ Farewell Yellow Brick Road သည် ၂၀၂၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ ထိုပွဲအပြီးတွင်လည်း ဖျော်ဖြေပွဲများဆက်လက် လုပ်ဆောင်နေသည်။

ဆယ်စုနှစ်ခြောက်ခုကျော်ကြာ တေးဂီတသက်တမ်းအနုပညာလမ်းတစ်လျှောက်တွင် အယ်လ်တန်ဂျွန် သည် အောင်မြင်မှုများစွာရရှိခဲ့ပြီး Tiny Dancer (1972)၊ Sacrifice (1989)၊ Can You Feel The Love Tonight (1994) တို့ကဲ့သို့သောသီချင်းများဖြင့် လူသိများကျော်ကြားသည်။ နောက်ဆုံးတစ်ပုဒ်မှာ မကြာသေးမီက ၂၀၂၁ ခုနှစ်တွင် အင်္ဂလိပ်-အယ်လ်ဘေးနီးယား ပေါ့ပ်စတား ဒူရာ လစ်ပါ နှင့် စုံတွဲသီဆိုထားသော Cold Heart (Pnau remix) သီချင်း ဖြစ်ပြီး ထိုသီချင်းသည်လည်းလူသိများကျော်ကြားခဲ့သည်။

အသက် (၇၇) နှစ်ရှိပြီဖြစ်သော ဂျွန် သည် စင်ကာပူတွင် ဖျော်ဖြေပွဲများစွာကိုလည်း ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် The Star Theatre တွင် နောက်ဆုံးဖျော်ဖြေခဲ့သည်။

F1 ဂီတဖျော်ဖြေပွဲများသည် အစဉ်အလာအားဖြင့် Marina Bay Street Circuit ၏နေရာအသီးသီးတွင် ကျင်းပလေ့ရှိပြီး၊ စင်ကာပူတွင် ကျင်းပသည့် အကြီးမားဆုံး ဖျော်ဖြေပွဲများထဲမှ တစ်ခုဖြစ်သည်။ ယခင်နှစ်များက ပန်ဒန်း စင်မြင့်တွင် လူပေါင်း ၆၀,၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

စင်္ကာပူ GP ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ အဒမ် ဖစ်တ် က ပွဲနဲ့ပတ်သက်သည့် တေးဂီတဆိုင်ရာ လှုပ်ရှားမှုများနှင့် ပါဝင်သော အနုပညာရှင်များကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် အသစ်စက်စက် Marina Bay အထူးတန်းများ ပါဝင်မည်ဖြစ်သည်။ စင်္ကာပူ GP မှ လက်မှတ်ဝယ်လိုအားမှာ အထူးမြင့်မားနေပြီး လက်မှတ်အမျိုးအစားအချို့လည်း ရောင်းကုန်ပြီဟု ဆိုထားသည်။

သောကြာ ဇုံ ၄ အတွက် တစ်ရက်စာလမ်းလျှောက်လက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၄၈ မှစတင်ပြီး ဖြန့်ဖြုးရောင်းချပြီး ဖြစ်သည်။

Ref: သည်စတိန်းစ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071