Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMyanmar Theatrical Traditionအမှုဆောင် သက်တမ်းပြည့်ပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကို...

အမှုဆောင် သက်တမ်းပြည့်ပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကို မပြုလုပ်ဘဲအချိန်ဆွဲထားတယ်လို့ ဝေဖန်မှုတွေအပေါ် သဘင်(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ် ရှင်းလင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်ညီလာခံကြီးကို မတ်လ ၁၆ ရက်နေ့နဲ့ မတ်လ ၁၇ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာတော့ သဘင်ညီလာခံကြီးကို ပြုလုပ်မှာဖြစ်ပြီး ၁၇ ရက်နေ့မှာတော့ သဘင်အမှုဆောင်သစ်ရွေးချယ်မှု ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သဘင်ညီလာခံ မှာတော့ တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးရဲ့ ဆွေးနွေးတင်ပြချက်များ၊ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီနဲ့ သဘင်ပညာရပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေးကော်မတီရဲ့ စာတမ်းများကို ဖတ်ကြားတင်ပြသွားမှာဖြစ်ကြောင်းသိရပါတယ်။

“ညီလာခံမှာဥပဒေတင်သွင်း မယ်။ စည်းမျဉ်းစည်းကမ်းတွေဆွေးနွေးကြမယ်။ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြမယ်။ ညီလာခံမှာပဲ ယူနီဖောင်းတွေအလံတွေ ထပ်ပြီး အတည်ပြုကြမယ်။ နောက်နှစ် တွေမှာ ဆက်သွားမယ့် သဘင်အနာဂတ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးတိုင်ပင်ကြမယ်။ ရွေးကောက်ပွဲကတော့ ရှင်းရှင်း လင်းလင်းပါပဲ။ တိုင်းနဲ့ပြည်နယ်မြို့နယ်များက ကိုယ်စားလှယ်တွေ တက်လာမယ်။ ကော်မတီတွေ တက်လာမယ်။ ကျွန်တော်တို့ အမှုဆောင်သက်တမ်းကတော့ ၂ဝ၁၇ ခုနှစ် ၁ဝ လပိုင်းက ၂ နှစ်ပြည့်တာပါ။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ စည်းမျဉ်းကရှိတယ်။ ညီလာခံကျမှအတည်ပြုရမှာပါ။ သက်တမ်းပြည့်ပြီး ဘယ်နှစ်လအတွင်းမှာ လုပ်ရမယ်လို့ဆိုတာ အတည်မပြုရသေးဘူး။ ဥပဒေကြမ်းထွက်ပြီ။

အတည်ပြုဖို့လိုလာပြီ။ ကျွန်တော်အပါအဝင် အမှုဆောင်အဖွဲ့ကို သက်တမ်းပြည့်ပြီးတာတောင် အချိန်ဆွဲထားတယ်လို့ထင်ကြတယ်။ သက်တမ်းမပြည့်ခင် တစ်လနဲ့ ၅ ရက် လောက် အလိုကတည်းက ညီလာခံ ကျင်းပတော့မယ်ဆိုပြီးတော့ အစည်းအဝေးခေါ်ပါတယ်။ ပွဲရာသီဖြစ်တဲ့အတွက် တအား ခက်ခဲလို့ မလုပ်ပါနဲ့ဦး၊ နယုန်လကုန်လောက်လုပ်ပါလို့ပြောကြတယ်။ နယုန်လ ကုန်တော့မဖြစ်ဘူး။ တအားကြာသွားရင်ကျွန်တော်တို့ကိုတစ်မျိုးထင်လိမ့်မယ်။ လုပ်ရင်လည်းလူမစုံဘူး။ ဘယ်လိုလုပ်ကြမလဲ။ တိုင်းနဲ့ပြည်နယ်ကတက်လာကြတဲ့လူတွေက ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုကြတယ်။ အစည်းအဝေးမှတ်တမ်းရှိပါတယ်။ ဒါပေမဲ့ မရဘူး။ ဖြစ်အောင် လုပ်တော့မယ်။ကျွန်တော်မဖြစ်ဖြစ် အောင်ကိုလုပ်ပါ့မယ်” လို့ ညီလာခံနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် အကြောင်းကို သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်ကရှင်းပြပါတယ်။

Ads Space Available


Continue reading

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲများ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို ယနေ့တွင် တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား/သူ စုစုပေါင်း (၁,၄၆၇) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာန (၂၂) ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီးသင်တန်းသားများမှာ ၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။ စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ (၆)...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ ယှဉ်ပြိုင်မည်

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ ရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရ လဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားသွားရတော့မှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ကွာတားဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်ချက် နည်းပါးနေပြီ ဖြစ်ပေမဲ့၊ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် "အကောင်းဆုံး အုပ်စုတတိယ" နေရာကို ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဗီယက်နမ်နဲ့ မြန်မာဟာ ဒေသတွင်းမှာ အ မြဲတမ်း ပြိုင်ဘက်တွေဖြစ်တာကြောင့်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌ အခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန်ပြင်ဆင်နေ

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊ ကျောင်းဝင်းများအတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ " စစ်ရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ကော့ကရိတ်မြို့ပေါ်က စာသင်ကျောင်း(၁၀)ကျောင်းလောက်ဘဲဖွင့်နိုင်တယ်။ ကျေးရွာတွေက ကလေးတွေဆိုရင် သူတို့စစ်ရှောင်နေရတဲ့နေရာဒေသတွေမှာ ပြည်နယ်အစိုးရကစစ်ဘေးရှောင်ကျောင်းသားတွေ ကျောင်းတက်နိုင်အောင်သက်ဆိုင်ရာပညာရေးဌာနနဲ့ချိတ်ဆက်ထားပေးတယ်။ အဲ့ဒီမှာတက်ကြရတယ်"ဟု ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်က ပြော သည်။ ထို့ပြင် ကော့ကရိတ်မြို့နယ်တွင် ပြန်လည်ဝင်ရောက်နေထိုင်သူများပြားလာခြင်း၊ ဆရာ၊ ဆရာမများအား အခြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071