Monday, June 8, 2026

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...
HomeMoviesအမြန်လမ်းမကြီးအားအသုံးပြုနေသည့် ယာဥ်များလိုက်နာရမည့်အချက်များကို ထပ်မံသတိပေး

အမြန်လမ်းမကြီးအားအသုံးပြုနေသည့် ယာဥ်များလိုက်နာရမည့်အချက်များကို ထပ်မံသတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာလျက်ရှိသည့် ယာဥ်များလိုက်နာရမည့်အချက်များကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဇွန် ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့သော ယာဥ်(၆)စီးဆင့်တိုက်မှုအပြီး၌ ထပ်မံသတိပေးခဲ့သည်။

အမြန်လမ်းအသုံးပြုသည့် အဝေးပြေးခရီးသည်တင်ယာဥ်များအားလုံးအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်သာ​မောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး ကပ်မ​လိုက်ရန်၊ ယာဥ်အားလုံးအနည်းဆုံး ပေ(၃၀၀)အကွာထား၍မောင်းနှင်ရန် သတိပေးခဲ့သည်။

ယာဉ်မောင်းများအနေဖြင့် မည်သည့်အကြောင်းဖြင့်ရပ်ရပ် မြေသားလမ်းတာပေါင်အတွင်းသို့ အပြည့်အဝရောက်ရှိရပ်တန့်ရန်၊ ညအခါ လမ်း​ဘေး​မြေသား​ပေါ်ရပ်နားစဥ် Parking Light ရပ်နားမီး၊ လမ်းမ​ပေါ်/ယာဥ်​ကြော​ပေါ် အ​ရေး​ပေါ်ရပ်တန့်စဥ် Hazard Light အဝါ​ရောင်စုံမှိတ်တုပ်အချက်ပြမီး၊ ကုန်တင်ယာဥ်များ Side Lamp ဆိုင်းလင့်ကား​ဘေးမီးဖွင့်ထားရန်လည်း သတိ ပေးခဲ့သည်။

ပုံမှန်မောင်းနှင်ပါက လက်ညာဘက်ကပ်မောင်းရန်၊ ဘယ်ဖက်ယာဥ်ကြောကို ကျော်တက်ရန်အတွက်သာ အသုံးပြုရန်၊ မိုးရွာ/လမ်း​ရေစို​နေစဥ်အထူးသတိထား၍ မောင်းနှင်ရန် ၊ယာဉ်အမျိုးအစားအလိုက် သတ်မှတ် ထားအရှိန်နှုန်း​အောက်သာမောင်းနှင်ရန်နှင့် အိပ်မငိုက်စေရန်တို့ကိုလည်း သတိပေးခဲ့သည်။

ပုံစာ- ဇွန် ၆ ရက်ညပိုင်းက ရန်ကုန်-မ န္တလေးအမြန်လမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်(၆)စီးဆင့်တိုက်မှုဖြစ်စဥ်မှယာဥ်များ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမည်ဖြစ်သည်။ ငှားရမ်းလိုသောကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071