Friday, May 15, 2026

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို...

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ...

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ...

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ...

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ...

မအူပင်-တွံတေးလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်...

မအူပင်-တွံတေး-ရန်ကုန်လမ်းအား ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း ဧပြီလ ၂၄ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့သော...
HomeNewsLocal Newsအမြန်လမ်းတွင် ညအချိန် ဖြတ်သန်းသွားလာခွင့်...

အမြန်လမ်းတွင် ညအချိန် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်များ ခရီးသွားများအတွက် အခက်အခဲဖြစ်နေဆဲ

ရန်ကုန် – မန္တလေး အမြန်လမ်း‌မပေါ်တွင် လမ်းအသုံးပြုသည့်ယာဉ်များအား ညအချိန်ဖြတ်သန်းသွားလာခွင့် ကန့်သတ်မှုများ လုပ်ဆောင်ထားသည်မှာ ကိုဗစ်ပြီးနောက်သက်တမ်းထပ်မံတိုးထားသည့်အတွက် ခရီးသွားပြည်သူများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ်ရှိ တိုးဂိတ် (၂) ခုအား ည (၁၀) နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ညပိုင်းခရီးသွားများအနေဖြင့် လမ်းမပေါ်ရှိ အနီးစပ်ဆုံး ယာဉ်ရပ်နားစခန်းများတွင် ညအိပ်ရပ်နားနေရခြင်း ဖြစ်သည်။

” နီးစပ်ရာနေရာတွေမှာ နားရတာပေါ့။ ညရေးညတာဆိုတော့ အဆင်တော့ မပြေဘူးပေါ့။ ညမထွက်ရအမိန့်တွေဘာတွေကလည်း ရှိနေတော့ အချိန်ကျော်သွားရင် ပေးမဖြတ်တော့ဘူးလေ။ ဒါတွေ ဖြေလျော့ပေးလိုက်ရင်တော့ ကောင်းတာပေါ့” ဟု အမြန်လမ်းအသုံးပြုသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ မတိုင်မီ ကန့်ချက်ချက်များတွင် ည (၁၂) နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သော်လည်း နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ည(၁၀) နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းဖြစ်ပြီး သတ်မှတ်အချိန် ကျော်လွန်သွားပါက ယာဉ်ရပ်နားစခန်းများဖြစ်သည့် ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နှင့်၂၈၅ မိုင်တို့တွင်သာ ညအိပ် ရပ်နားရမည်ဟု နစကက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” ပုဒ်မ (၁၄၄) က ည (၁၂) နာရီဆို စပြီပေါ့နော်။ ဒါပေမဲ့ အမြန်လမ်းအသုံးပြုတဲ့သူ အများစုက ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးယာဉ်တွေပေါ့။ ဖြေလျှော့ပေးလိုက်ရင်တော့ အဆင်ပြေတာပေါ့။ သွားလိုတဲ့ နေရာအပိုင်းထဲရောက်မှ အခြေအနေကြည့်ပြီးတော့ အစီအစဉ်ဆွဲနိုင်ရင်‌တော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ဒီလမ်းပေါ်မှာပဲ ၊ ကားပေါ်အိပ်ချင်အိပ် ၊ မအိပ်ချင်လဲ အောက်ဆင်းပြီး အိပ်ပေါ့။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ ” ဟု ခရီးသည်တင် ယာဉ်မောင်းတစ်ဦးကလည်း ပြောသည်။

ယင်းသို့ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည့် တိုးဂိတ် (၂) ခုရှိပြီး မန္တလေး – စကားအင်း တိုးဂိတ်နှင့် မိတ္ထီလာ – သီးကုန်းတိုးဂိတ်နှစ်ခုဖြစ်‌ကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုးဂိတ် (၂) ခုတွင် ည (၁၀) နာရီမှ နံနက် (၄) နာ ရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုဘဲ နီးစပ်ရာ တိုးဂိတ်များတွင် ညအိပ်အနားယူရန် နစက က ပြီးခဲ့သည့် ၂၀ ၂၂ ခုနှစ် နိုဝင်ဘာလဆန်းက ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့လမ်းဆုံထီးရိပ်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗလိုင်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာရှိ ပေါင်းပင်များ၊ အမှိုက်နှင့် ချုံနွယ်များရှင်းလင်းခြင်း၊ ဒေသခံများ၏ နေအိမ်မျက်နှာစာသပ်ရပ်သန့်ရှင်းရေးအတွက်ရှင်းလင်းခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်တွင်စတင်မည်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၄ ရက်ကလည်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၏ အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲအောင် စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ခန္တီးမြို့နယ်မှဝင်ရောက်ဖြေဆိုခဲ့သည့် KG မှ Grade-11 ထိ ကျောင်းသား/သူ (၁၀,၉၈၃) ဦး အနက် ကျောင်းသား/သူ (၁၀,၉၇၃) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ (၂၇) ရက်၌ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားကွင်း (အားကစားဇုံ) အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအမျိုးအစားများအရ Show Jumping (တန်းခုန်ပြိုင်ပွဲ) အမျိုးအစား (၃) မျိုး ပါဝင်မည်ဖြစ်ကာ အသက် (၁၈) နှစ်အောက်လူငယ်များအတွက်(၂၀) မှ (၄၀) စင်တီမီတာ တန်းခုန်ပြိုင်ပွဲ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071