Wednesday, May 6, 2026

မြန်မာ-အိန္ဒိယ ရေတပ်ဆက်ဆံရေးကို ထင်ဟပ်စေသည့် ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့...

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည်...
HomeInternationalအမေရိကန်ပြည်ထောင်စုသို့လာလိုသည့် နိုင်ငံခြားသားများအား "ရွှေကတ်"...

အမေရိကန်ပြည်ထောင်စုသို့လာလိုသည့် နိုင်ငံခြားသားများအား “ရွှေကတ်” ရောင်းချပြီး EB-5 ဗီဇာကို အစားထိုးမည်ဖြစ်ကြောင်း ထရမ့်ဆို

အမေရိကန်ပြည်ထောင်စုသို့လာလိုသည့် နိင်ငံခြားသားများအား ဒေါ်လာ ၅ သန်းတန် “ရွှေကတ်(Gold Card)”များရောင်းချသွားမည်ဖြစ်ပြီး ယင်းကတ်ဝယ်ယူသူများအား အမေရိကန်တွင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ်ကြောင်း သမ္မတထရမ့်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ရွှေကတ်ကို ရောင်းမယ်” လို့ ထရမ့်က သူ့ရုံးခန်းကနေ ပြောပါတယ်။ “ခင်ဗျားမှာ Green Card ရှိတယ်။ ဒါဟာ Gold Card ပါပဲ။ အခု ကျွန်တော်တို့ဟာ အဲဒီကတ်ကို ဒေါ်လာ ၅ သန်းလောက် ဈေးနှုန်းသတ်မှတ်လိုက်ပြီး ခင်ဗျားကို Green Card အခွင့်အရေးတွေ ပေးမယ်၊ ပြီးတော့ နိုင်ငံသားဖြစ်ခွင့်အတွက်လဲ လမ်းကြောင်းတစ်ခုဖြစ်လာမယ်။ အဲဒီတော့ ချမ်းသာတဲ့သူတွေဟာ ဒီကတ်ကို ဝယ်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံကို ဝင်လာကြမယ်။”

ထရမ့်က ရွှေကတ်များရောင်းချမှုကို လာမည့် ရက်သတ္တနှစ်ပတ်အတွင်း စတင်မည်ဖြစ်ပြီး ထိုကဲ့သို့သော ကတ်များစွာကို ရောင်းချနိုင်ကြောင်း အကြံပြုခဲ့သည်။

ရုရှားနိုင်ငံမှ ချမ်းသာကြွယ်ဝသူများထံ ရွှေကတ်များရောင်းချရန် စဉ်းစား/မစဉ်းစားမေးမြန်းသောအခါ ထရမ့်က “ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။ ကျွန်တော် ရုရှားသူဌေးတချို့ကို သိပါတယ်၊ သူတို့ဟာ သိပ်ကောင်းတဲ့သူတွေပါ” ဟု ပြန်ဖြေခဲ့သည်။

ထရမ့်နှင့်အတူ ရပ်တည်နေသော ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က ရွှေကတ်သည် အစိုးရ၏ EB-5 လူဝင်မှုကြီးကြပ်ရေးရင်းနှီးမြှုပ်နှံသူဗီဇာကို အစားထိုးမည်ဖြစ်ကြောင်း၊ ၎င်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အမေရိကန်အလုပ်အကိုင်များဖန်တီးပေးသည့် အမေရိကန်စီမံကိန်းများတွင် ငွေကြေးထည့်ဝင်ပြီး အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်ရန် ဗီဇာလျှောက်ထားနိုင်စေမည်ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်မှ ဆုံးဖြတ်ချက်ချကာ ဖန်တီးခဲ့သော EB-5 ဗီဇာသည် အမေရိကန်လုပ်သားများအတွက် အလုပ်အကိုင်များဖန်တီးရန်အတွက် အနည်းဆုံး ဒေါ်လာ ၁,၀၅၀,၀၀၀ သို့မဟုတ် စီးပွားရေးအခက်အခဲရှိသော နေရာများတွင် ဒေါ်လာ ၈၀၀,၀၀၀ ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြားသားများအား Green Card ပေးနိုင်စေရန် စီစဉ်ထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယ ရေတပ်ဆက်ဆံရေးကို ထင်ဟပ်စေသည့် ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့ မေ ၆ ရက်က မြန်မာနိုင် ငံမှသီးခြားစီပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။ အိန္ဒိယရေတပ်ဦးစီးချုပ်သည် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိ ယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည်လည်း...

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် လူရည်ချွန် မောင်၊ မယ် စုစုပေါင်း ၄၂၀ ကျော်အား ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာရှေ့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် လူရည်ချွန်စခန်း ၂ ခုဖြစ်သော ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ကို ဖွင့်လှစ်ထားရှိပြီး အခြေခံပညာအဆင့် လူရည်ချွန် ကျောင်းသား၊...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071