Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternationalအမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်းသို့ရောက် လာခြင်းသည် မကြာခဏဆိုသလို တင်းမာနေခဲ့သော ဆက်ဆံရေး ကို မြှင့်တင်ခြင်းပင် ဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက မှတ်ချက်ပြု ပြောကြားခဲ့သည်။

The USS Savannah သည် ငါးရက်ကြာခရီးအတွက် ထိုင်းပင်လယ်ကွေ့ရှိ Sihanoukville ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ ကမ်းနီးတိုက်ခိုက်ရေးရေယာဉ် Littoral Combat Ship အမျိုးအစားဖြစ်သော The Savannah ၌ အမှုထမ်း ၁၀၃ ဦး လိုက်ပါသည်။

“ရှစ်နှစ်ကြာအပြီးမှာ အမေရိကန်ပြည်ထောင်စုက ဒီနေရာကို ပြန်လည်ရောက်ရှိလာတာဟာ အရမ်းကောင်းမွန်တဲ့ ပြန်လာမှုပါ” ဟု သင်္ဘော၏ ကွပ်ကဲရေးအရာရှိ Daniel A. Sledz က သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ သူ့နှင့် သူ့သင်္ဘောသားများကို ကမ္ဘောဒီးယားအရာရှိတစ်ဦးက ပန်းစည်းကမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အမေရိကသည် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးတင်းမာနေခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး နိုင်ငံရေးဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကမ္ဘောဒီးယားအစိုးရကို ဝေဖန်ပြစ်တင်မှုများလုပ်ခဲ့သည်။ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနီးကပ်လာသည့်အပေါ် အထူးစိုးရိမ်မှုရှိနေပြီး Savannah သင်္ဘောဆိုက်ကပ်သည့်နေရာနှင့် မနီးမဝေးဖြစ်သော ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယားရေတပ်စခန်းတစ်ခုသို့ တရုတ်က သီးသန့်ဝင်ထွက်ခွင့်ရသွားနိုင်သည့်အပေါ် ဝါရှင်တန်က စိုးရိမ်မကင်းဖြစ်နေသည်။

အမေရိက၏ ဆိပ်ကမ်းဆိုက်ကပ်ခွင့် တောင်းဆိုချက်အရ စစ်သင်္ဘောအလည်အပတ်ခရီး စီစဉ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်သွားနိုင်မည်ဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောဆိုခဲ့သည်။

Ref: စီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ နေ့ညမပြတ် ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး ထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီပတ်လုံး ဆောင်ရွက်နေကြကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ တမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် သဲကြောမှ...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071