Tuesday, July 28, 2026

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့်မြန်မာနိုင်ငံ၏...

“မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်း ခိုင်မာပြီး...

AI ကို လုပ်ငန်းရှင်တွေ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချနိုင်အောင်...

"လုပ်ငန်းရှင်တွေအနေနဲ့ AI နည်းပညာက တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာ သူတို့လုပ်ငန်းမှာ ဘယ်လိုမျိုး အဓိက အသုံးချရမလဲ၊ အသုံးချတဲ့အပေါ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Team...

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ...

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား...

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ...

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsအမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များ...

အမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များ ရရှိပါက ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဟု အီရန်ဆို

အမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များရရှိပါက တီဟီရန်သည် ဝါရှင်တန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗာ့စ် အာရာချီက CBS News သို့ ပြောကြားခဲ့သည်။

“ဆွေးနွေးပွဲတွေ မြန်မြန်ဆန်ဆန် ပြန်စဖြစ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ဖို့ဆိုရင် အမေရိကန်ဟာ ဆွေးနွေးပွဲကာလအတွင်းမှာ စစ်ရေးအရ တို-က်ခို-က်မှုတွေ ပြန်မလုပ်ဘူးဆိုတာကို အရင်ဆုံး သေချာအောင် လုပ်ရပါမယ်။ ဒီအချက်အလက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ပိုလိုပါသေးတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက တီဟီရန်နှင့် ဝါရှင်တန်တို့ ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများ ပြုလုပ်မည်လားဟူသော မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အာရာချီ၏ ပြောကြားချက်အရ အစ္စရေးနှင့် ၁၂ ရက်ကြာ လက်နက်ကိုင်ပဋိပက္ခအတွင်း အီရန်သည် “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီး သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့အပေါ် ရန်လိုတို-က်ခို-က်မှုတွေ ရှိလာခဲ့ရင်လည်း ဆက်ပြီး ကာကွယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မလားဟု မေးမြန်းရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက “သံတမန်ရေးရာ တံခါးတွေဟာ ဘယ်တော့မှ ပိတ်သွားမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်က အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့သည် နောက်တစ်ပတ်တွင် နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့တွင် NBC News ရုပ်သံလိုင်းက အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ဇကော့ဖ်သည် လာမည့်ရက်များအတွင်း အီရန်ကိုယ်စားလှယ်များနှင့် ဖြစ်နိုင်ခြေရှိသော နျူကလီးယားအစီအစဉ် သဘောတူညီချက်နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ဆွေးနွေးပွဲများတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးသည့်အတွက် အီရန်တွင်ယူရေနီယမ်သန့်စင်ခြင်းများရပ်ဆိုင်းရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။ အီရန်အာဏာပိုင်များကမူ ယူရေနီယမ်သန့်စင်ခြင်းအပါအဝင် ငြိမ်းချမ်းသော နျူကလီးယားအစီအစဉ်ကို မည်သည့်အခါတွင်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ဧပြီလမှ မေလအထိ အီရန်နှင့် အမေရိကန်အရာရှိများသည် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ငါးကြိမ်တိုင်တိုင် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အစ္စရေး၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုနှင့် အမေရိကန်၏ အီရန်နျူကလီးယားစက်ရုံများအပေါ် တို-က်ခို-က်မှုများကြောင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်သည် ရပ်တန့်သွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့်မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော် သမ္မတ ဖိတ်ခေါ်

“မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်း ခိုင်မာပြီး ပွင့်လင်းမြင်သာတဲ့ စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့၊ လုပ်ထုံးလုပ်နည်းတွေကို လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲဖို့နဲ့ သင့်တော်တဲ့ မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့လည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုပါတယ်။ မိမိတို့အစိုးရအနေနဲ့ သမားရိုးကျ စိုက်ပျိုးတဲ့စနစ်ကနေ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းနိုင်မယ့်...

AI ကို လုပ်ငန်းရှင်တွေ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချနိုင်အောင် နည်းလမ်းမျှဝေခဲ့တဲ့ Yangon’s Digital Marketing & AI Panel Discussion အခမ်းအနား

"လုပ်ငန်းရှင်တွေအနေနဲ့ AI နည်းပညာက တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာ သူတို့လုပ်ငန်းမှာ ဘယ်လိုမျိုး အဓိက အသုံးချရမလဲ၊ အသုံးချတဲ့အပေါ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Team နဲ့ AI နဲ့ တွဲပြီးသုံးရမလဲ၊ AI ဆိုတာက လူတွေကို အစားထိုးဖို့ မဟုတ်ဘဲနဲ့ Business Group Partner အနေနဲ့ အသုံးပြုဖို့အတွက် AI ကို သုံးသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကို Panel Discussion မှာ ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်" - ဒေါ်မှူးသပြေခွန်အောင် (Digital marketing by...

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်သော မြန်မာကုမ္ပဏီတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ မြန်မာ - ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071