Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesအတၱတေစၧ

အတၱတေစၧ

အဝေး ကလာနေတဲ့ ဘတ်စ်ကားကို မြင်လိုက်ကတည်းက လူကျပ်ပြီဆိုတာ သိလိုက်တယ်။ အပေါက် ဝမှာ လူတွေတွယ်ပြီး စီးလာတာ ငှက်ပျောခိုင်ကြီးလိုပဲ။ အပြုံလိုက် ကြီး။ ဘေးမှာ တွယ်စီးလာကြတာ မြင်ရတာနဲ့တင် စိတ်ထဲ မွန်းကျပ် စရာ။ နာရီကို ကြည့်လိုက်တော့ သင်တန်းချိန်က နီးနေပြီ။ ဒီလမ်း မှာက ကားတစ်စီးနဲ့တစ်စီးလာတာ အလှမ်းဝေးတော့ နောက်ကားစောင့် ဖို့ကလည်း အချိန်မပေး နိုင်တော့ ဘူး။ ဒါကြောင့် အနားရောက်လာတဲ့ ကားပေါ်ကို အမြန်လုတက်လိုက်ရ တယ်။

အပေါက်ဝမှာတွယ်စီးနေတဲ့ သူတွေကြားထဲ မနည်းတိုးဝင် တက် လိုက်ရတယ်။ အပေါက်ဝမှာ တွယ်စီး ရတာက လေကောင်းလေသန့်ရပေ မယ့် အန္တရာယ်ကအများသား။ မြို့ထဲ ပြေးနေတဲ့ လိုင်းကားတွေက တစ်စီး နဲ့တစ်စီး လွတ်ရုံလေးသာ ကပ်ရှောင် ကြတာ။ မတော်တဆ ပွတ်တိုက်သွား မှဖြင့်အခက်။ ဒါကြောင့် ကား အတွင်းထဲရောက်အောင် မနည်း တိုးဝင်လိုက်ရတယ်။

ကားအတွင်းထဲကိုရောက်တော့ အနံ့ပေါင်းစုံက နှာခေါင်းထဲကို စုပြုံ တိုးဝင်လာတယ်။ အသက်ရှူရတာ မဝချင်တော့။ ခြေထောက်ကို တက် နင်းမိလို့နာတာက ဝေဒနာတစ်မျိုး၊ လူတွေတိုးလို့ စိတ်မွန်းကျပ်တာက တစ်မျိုးနဲ့ စိတ်ဆင်းရဲစရာကောင်း လိုက်တာ။ ဒီကြားထဲ ကောင်မလေး တွေကို မတိုးမိအောင်လည်း ဂရုစိုက် နေရသေးတယ်။ ကိုရွှေစပယ်ယာ ကလည်း ပါးစပ်ဟောင်ဖွာဟောင်ဖွာ နဲ့ အထဲမှာ ခြေထောက်ချမရအောင် ကျပ်နေတာကိုတောင် ကား နောက် ပိုင်းခုံထိရောက်အောင် ဇွတ်အတင်းတိုးခိုင်းနေပြန်သေးတယ်။

“နောက်ကိုတိုးကြပါ။ အနောက် မှာ ဝါသနာပါရင် ကလို့တောင်ရ တယ်။ လမ်းပေါက်ကြီးကို ပိတ်ပြီး မရပ်ကြပါနဲ့”
အဲဒီလိုအသံများ ကြားလို့က တော့ တွေ့ရာနေရာကို အမြန်ကိုင် ထားရတယ်။ စပယ်ယာရဲ့စကား တောင်မဆုံးသေးဘူး၊ ဒရိုင်ဘာက ‘ဒုန်း’ ခနဲ ဘရိတ်အုပ်တော့တာပဲ။ကားပေါ်ကလူတွေဆို ဝါးပင်ကို လေတိုက်လိုက်သလို တစ်ယောက် အပေါ်တစ်ယောက် ထပ်လဲကုန် တယ်။ ဒီအချိန် ကားကချောင်သလို ဖြစ်သွားတော့ နောက်ထပ်လူတွေ ထပ်တင်ပြန်ရော။

ဒါကြောင့်ကားပေါ်မှာ လူ တစ်ရာကျော်လောက် အထိတင် တော့ ခရီးသည်တွေခမျာ ရှေ့ နောက်မလှည့်သာဘဲ စိတ်ညစ်မှုမျိုး စုံခံစားရင်း လိုက်လာကြရတယ်။ကား ပေါ်မှာ ခရီးသည်အချို့ရဲ့ မကျေ မနပ်တီးတိုး ရေရွတ်သံတွေနဲ့ ကား စပယ်ယာရဲ့ အော်ဟစ်သံတွေကြား မှာ ကားကြီးက တအိအိနဲ့သွား လိုက်၊ မှတ်တိုင်ရောက်ရင် လူအတင် အချလုပ်လိုက်နဲ့ တဖြည်းဖြည်း ခြေထောက်နှစ်ချောင်း ထောက်ဖို့ တောင် ခက်ခဲလာတယ်။ ဒါကြောင့် ဆင်းရမယ့်မှတ်တိုင်ကိုသာ အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းနေမိ တယ်။

မှတ်တိုင်တွေက တက်လာတဲ့ ခရီးသည်တွေက ကားနဲ့မမျှတော့ ဘူး။ လိုင်းကားတွေက တစ်စီးနဲ့ တစ်စီး လာချိန်ကြာတော့ အရင်ဦး ဆုံးရောက်လာတဲ့ကားကိုပဲ စုပြုံပြီး တက်လာကြတာ အခုဆို ကားမှတ် တိုင်ကသုံးခုပဲ ရှိသေးတယ်။ ကျုပ် နောက်ဆုံးထိုင်ခုံအနီးကိုတောင် ရောက်နေပြီ။ ခြေထောက်က ညောင်းလာလို့လားမသိ။ ပခုံးမှာ လွယ်ထားတဲ့ လက်တော့ကွန်ပျူ တာက ပိုပြီးလေးလာသလို ဖြစ်လာ တယ်။ ပါးစပ်ထဲမှာ ငန်ကျိကျိဖြစ် လာတော့ နဖူးပေါ်က ကျလာတဲ့ ချွေးတွေကို အင်္ကျီလက်နဲ့ အမြန် သုတ်လိုက်ရတယ်။ ဒီအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို တောင်း ပါဆိုရင် ထိုင်စရာနေရာတစ်ခုသာ တောင်းမိမှာပါပဲ။ ဒါကြောင့် ဆင်း သွားမယ့်သူကို ရှာဖွေနေမိတယ်။
ဟော…တွေ့ပါပြီ။ လေးခုံ ကျော်လောက်မှာ ထိုင်နေတဲ့ ဦးလေး ကြီးတစ်ယောက် ထမလိုဟန်ပြင်နေ တယ်။ သူ့အနား အမြန်တိုးကပ်သွား လိုက်တယ်။ ထင်တဲ့အတိုင်းပဲ ရှေ့ မှတ်တိုင်မှာသူဆင်းဖို့ ထတယ်။ ကျုပ်ဣေâန္ဒမဆောင်နိုင်တော့ဘူး။ သူ့ထသွားတဲ့ခုံမှာ အမြန်ဝင်ထိုင် လိုက်တယ်။

အိုး…..အရသာရှိလိုက် တာ။ လူအတိုးခံရတဲ့ ဒဏ်၊ မတ်တတ် ရပ်ရတဲ့ ဒုက္ခတွေ အခုမှပဲဝဋ်ကျွတ် တော့တယ်။ ပြတင်းပေါက်က တိုးဝင် လာတဲ့လေတွေကို တစ်ဝကြီး ရှူ ရှိုက်ပစ်လိုက်တယ်။ လူတွေက အစ ကထက် ပိုများလာတယ်ထင်တယ်။ ကျုပ်ထိုင်တဲ့ ထိုင်ခုံလေးရဲ့ ခြေ ထောက်ချရာနေရာမှာတောင် လာ ရပ်နေကြပြီ။ ကျုပ် ခြေထောက် တောင် အပေါ်ကိုသိမ်းပြီးမထားလိုက် ရတယ်။ ဘာပဲဖြစ်ဖြစ်အခုလို ခပ်ကျုံ့ ကျုံ့လေးနေရတာက လူတိုးခံရတာ ထက် အများကြီးသက်သာပါတယ်။

“အဲ…အီး…”
ကလေးငိုသံကြားလို့ ကြည့် လိုက်တော့ ကျုပ်ရှေ့မှာ ဘယ်တုန်းကရောက်လာပြီးရပ်နေမှန်းမသိတဲ့ အမျိုးသမီးတစ်ဦး။ လက်တစ်ဖက်က ကလေးကိုချီ မထားပြီးကျန် လက် တစ်ဖက်က အထက်ကလက်ဆွဲတန်း ကို မမီမကန်းနဲ့ ကိုင်ထားရှာတယ်။ သူ့ခမျာ ခါးပေါ်က ကလေးကိုထိန်း ရတာကတစ်မျိုး၊ လဲကျမသွားအောင် ထိန်းရတာကတစ်မျိုးနဲ့ အတော်ကို ဒုက္ခရောက်နေရှာတယ်။ ခါတိုင်း အချိန်ဆို သူ့အတွက်နေရာထပေးဖို့ ဝန်မလေးပေမယ့် အခုလို ကား ကလည်း ကျပ်၊ အလွန်လည်း ပင်ပန်း နေတဲ့အချိန်မျိုးမှာ နေရာက ထပြီး မပေးချင်တော့။

ကားဘရိတ်အုပ်လိုက်တိုင်း နံ ဘေးကို ယိုင်လဲသွားပြီးခါးပေါ်က ကလေးကလည်း တအဲအဲ ငိုနေ တယ်။ မြင်ရတာ စိတ်ထဲမကောင်း။ ထပေးဖို့စဉ်းစားမိတိုင်း ကားပေါ် တက်လာစက ခံစားခဲ့ရတဲ့ ဒုက္ခတွေ ကိုပြန်တွေးမိတော့ ဆုံးဖြတ်ချက်က နောက်ဆုတ်သွားရပြန်တယ်။
“အစ်မ ဒီမှာလာထိုင်ပါ”

အသံကြားရာကြည့်လိုက်တော့ ဘေးမှာထိုင်တဲ့ အမျိုးသမီးက သူ့ နေရာမှာ ကလေးအမေကို ခေါ်ထိုင် ခိုင်းတယ်။ သူကိုယ်တိုင်ကတော့ ကျုပ်ရှေ့မှာလာပြီးရပ်တယ်။ သူ လည်း ကျုပ်လိုပဲမြို့ထဲသွားမယ့် သူ ဆိုတာ သူ့အဖော်နဲ့ပြောနေတာကြား လိုက်ရတယ်။
သူက စာနာစိတ်နဲ့ ကလေး အမေကို တမင်နေရာပေးလိုက်တာပဲ။

သူလိုမိန်းကလေးကတောင် အခုလို လူတွေကျပ်နေတဲ့အချိန်မျိုးမှာ သတ္တိ ရှိရှိနဲ့ နေရာဖယ်ပေးရဲသေးတယ်။ ကျုပ်ကတော့ ဒုက္ခကိုကြောက်ရွံ့ ပြီး မသိဟန်ဆောင်နေခဲ့တယ်။ ကျုပ် ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကို ပြန်တွေးမိတော့ ကျုပ်ရှက်လိုက် တာ။ ရှေ့မှာ ရပ်နေတဲ့ သူ့မျက်နှာကို ကျုပ်ထပ်မကြည့်ရဲတော့ဘူး။ မျက် လုံးကိုသာ စုံမှိတ်ထားရင်း ကျုပ်ရင် ထဲ ဆို့နင့်လာတယ်။ မှိတ်ထားတဲ့ မျက်လုံးထဲမှာ သူကလှောင်ပြုံးပြုံးပြီး ကြည့်နေတယ်။ တစ်ကိုယ်ကောင်း ဆန်ပြီး ထိုင်နေလို့ရတဲ့ ချမ်းသာခြင်း ကို ကျုပ်မလိုချင်တော့ဘူး။ ထိုင်ခုံ ပေါ် ထိုင်နေပေမယ့် ကျုပ်စိတ်တွေ တအား ပင်ပန်းလွန်းလှပါပြီ။ အရင် လို မတ်တတ်ရပ်ရတဲ့ ဘဝကိုပဲ ပြန်ရ ချင်တော့တယ်။

ဆုံးဖြတ်ချက်ချကာ ထိုင်ရာက ထလိုက်ပြီး သူ့ကိုနေရာပေးလိုက် တယ်။ သူထိုင်သွားတာကို မြင်တော့ စောစောကလောက် စိတ်ထဲပင်ပန်း မှု မဖြစ်တော့သလို ခံစားလိုက်ရ တယ်။ အတ္တတွေ နည်းသွားလို့ထင် ပါရဲ့။ ဒါပေမဲ့ စိတ်ကတော့ ခြောက် ခြားနေဆဲပါပဲ။ မြို့ထဲရောက်ဖို့က အတော်လိုသေးတယ်။ အတ္တတစ်ခုက ဖြစ်တည်လာတဲ့ ရှက်ရွံ့စိတ်တွေက ပေးဆပ်ပြီးတဲ့ထိတိုင် ရှင်သန်သက် ဝင်နေဆဲပါ။ အပြီးသတ်ရှင်းလင်း ပစ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ ဘူးဆိုတာ သိလိုက်ရတော့ စပယ်ယာ ရဲ့ “ရှေ့မှာမှတ်တိုင်ပါသေးလား” ဆို တဲ့အမေးကို ချက်ချင်းပဲ အဖြေပေး လိုက်မိတယ်။ ကားပေါ်က အမြန် ဆင်းလိုက်တော့ ရင်ထဲမှာ လွတ်လပ် ခြင်းတွေ ဖြစ်လာခဲ့တယ်။

ဒီလိုလမ်းခုလတ်မှာ ဆင်းလိုက် ရလို့ သင်တန်းချိန်နောက်ကျရင် လည်း နောက်ကျပါစေတော့။ နောက်ကားတစ်စင်းပေါ်မှာ လူတွေ ကျပ်ပြီး ကျုပ်ခြေထောက်တွေ ညောင်းချင်လည်း ညောင်းနေပါစေ။ ကျုပ်ထိုင်ရမယ့် နေရာတစ်နေရာစာ လေးမှာ လူတစ်ဦးတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာလေးနဲ့ ထိုင်ခွင့်ရစေ မှာပါ။ ကျုပ်ရပ်နေရတဲ့အတွက် လူ တစ်ဦးစာ ထိုင်ခုံနေရာလေး ရသွား တယ်ဆိုရင် ညောင်းနေတဲ့ ခြေ ထောက်ကလေးကိုတောင် ကျုပ်မေ့ နေမိတော့မှာပါ။ ပြီးတော့ ကျုပ် ရင်ထဲမှာ အမြဲခြောက်လှန့်ခံနေရတဲ့ အတ္တတစ္ဆေလေးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်ထင်ပါတယ်။

မိုးတာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071